Wednesday, June 10, 2009

ထူးချွန်ဆုပေးအပ်ပွဲ အခန်းအနားကျင်းပခြင်း

ဖူ့တာမိက်ဘလော့မှ ကူးယူဖော်ပြထားသည်။
အနာဂါတ်မျိုးဆက်သစ်တို့၏ ပညာရေးကို မြှင့်တင်သောအားဖြင့် မင်ဏီဆိုးတား ပြည်နယ် စိန့်ပေါမြို့တွင် ကျောင်းပေါင်းစုံမှ အထူးချွန်ဆုံးကျောင်းသားကျောင်းသူများအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်သည့် အခန်းနား တရပ်ကို June 6, 2009 နေ့၌ ကျင်းပပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုအခန်းနားအား Vietnamese Social Services of Minnesota မှဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ၎င်းတို့၏ ရုံးဆိုက်ရာဖြစ်သော အမှတ်1159 University Avenue တွင်ကျင်းပခြင်းဖြစ်ရာ Roseville Area Middle School တွင် နိုင်ငံအသီးသီးမှ ဒုက္ခသည်အဖြစ်ရောက်ရှိအခြေချနေထိုင်ကာ ပညာသင်ကြား လျှက်ရှိသည့် ကျောင်းသားကျောင်းသူများအနက် ကရင်ကျောင်းသူ နန်းဝါးဝါး အပါအ၀င် ကျောင်းသားငါးဦး ဂုဏ်ပြုလက်မှတ်ရရှိကြောင်း သတင်းရရှိပါသည်။
နန်းဝါးဝါးသည် အမေရိကန်ပြည်ထောင်စုသို့ လွန်ခဲ့သည့် ၂၀၀၈ခုနှစ်တွင် မိသား စုများနှင့်အတူ စတင်ရောက်ရှိအခြေချနေထိုင်သည့်အားလျှော်စွာ သက်ဆိုင်ရာ နိုင်ငံ၏ ဘာသာစကားကို ရေးဘတ်ပြောဆိုရာတွင် အားနည်းသော်လည်းသင်ခန်း စာများကို ကြိုးစားသင်ယူလေ့ကျက်ယုံမျှမက၊ အတန်းသူအတန်းသားများနှင့် ဆက်ဆံ ပြောဆိုရာတွင်၎င်း၊ဆရာဆရာမတို့နှင့်ပြောဆိုဆက်ဆံရာတွင်၎င်း ပြေပြစ်ယဉ်ကျေးသောကြောင့် အဆိုပါဆုလက်မှတ်အားချီးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Roseville Area Middle School တွင် ELL English Learning Language Class တက်ရောက်သင်ကြားသူများမှာ ကရင် ၆ဦး၊ ဗီယက်နမ် ၁ဦး၊ ဗမာ ၁ဦး နှင့် မက္ကစီကို ၂ဦးတို့ဖြစ်ပြီး ကရင်၎ဦးနှင့် ဗီယက်နမ် ၁ဦးတို့သာ ဤဆုကိုလက်ခံရရှိခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
သတင်းပေးပို့သူ ဖူ့ယောင်ဟဲ့
သတင်းဓါတ်ပုံ စအိုင်ခန့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment