Friday, June 12, 2009

နအဖ၏ တပ်မဟာ၇ထိုးစစ်ကို သြစီရောက်ကရင်များ ဆန့် ကျင်ကန့်ကွက်သွားမည်

နအဖနှင့် မဟာမိတ် ဒီကေဘီအေတို့၏ တပ်မဟာ ၇ထိုးစစ်ကို ကန့်ကွက်သည့်အနေဖြင့် သြစတြေးလျားနိုင် ငံရောက် ကရင်များက လာမည့် ဇူလိုင်လ ၁၉ရက်(သောကြာနေ့)တွင် ကန့်ကွက်ဆန္ဒပြသမှုတရပ် ပြုလုပ် သွားမည် ဖြစ်သည်။
အစီအစဉ်အရ သြစတြေးလျားနိုင်ငံ အစိုးရရုံးစိုက်ရာ ကမ်ဘာရာမြို့ရှိ မြန်မာစစ်အစိုးရ၏ သံရုံး၊ သြစတြေး လျားနိုင်ငံခြားရေးရုံးနှင့် ထိုင်းသံရုံးတို့တွင် သွားရောက် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်သည်။
နအဖ၏ ထိုးစစ်ကြောင့် ကရင်ပြည်သူအများအပြားထွက်ပြေးလာရသဖြင့် ထိုးစစ်ကို အမြန်ဆုံးရပ်စဲပစ်ရန် မြန်မာစစ်အစိုးရအား သံရုံးမှတဆင့် တောင်းဆိုသွားမည်ဖြစ်ပြီး သြစတြေးလျားအစိုးရမှလည်း မြန်မာစစ် ခေါင်းဆောင်များကို ဖိအားပေးနိုင်ရန်အတွက် သြစတြေးလျားနိုင်ငံခြားရေးဌာနရုံးရှေ့တွင် ထိုသို့ သွား ရောက်ဆန္ဒဖော်ထုတ်သွားမည် ဖြစ်သည်။
ထို့အပြင် စစ်ပွဲကြောင့် ဒုက္ခရောက်ပြီး ထွက်ပြေးလာရသည့် ကရင်ပြည်သူများကို ထိုင်းနိုင်ငံမှ စာနာစိတ်ဖြင့် အပြည့်အ၀ကူညီပေးရန် ထိုင်းသံရုံးမှတဆင့် ထိုင်းဘုရင်အား သွားရောက်မေတ္တာရပ်ခံသွားမည်ဖြစ်သည်။
ဆန္ဒဖော်ထုတ်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာများကိုလည်း ဆက် လက်စုံစမ်းတင်ပြသွားပါမည်။
အဲခေါင်သောင့်


ယခင်နှစ်များကလည်း နအဖ၏ ကရင်ပြည်သူအပေါ် ဖိနှိမ့်မှုများကို ယခုလို ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။


ဓါတ်ပုံ-တီးနိုး(သဝေါတာ)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment