Sunday, May 10, 2009

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က လက်နက် မချနိုင်ဟု ဆို

အပစ်ရပ်အဖွဲ့ကြီးတခု ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လက်နက်ချမည်မဟုတ် ဟု နယူးယောက်တိုင်းမ်စ် သတင်းစာကို ပြောလိုက်သည်။

KIA ကချင် စစ်သားများ (ဓာတ်ပုံ - Thomas Fuller)
မြန်မာဗိုလ်ချုပ်ကြီးများက ရှေ့နှစ်ရွေးကောက်ပွဲ မတိုင်မီ ငြိမ်းချမ်းရေး ယူထားသည့် သူပုန်အဖွဲ့များကို လက်နက်ဖြုတ်ရန် သို့မဟုတ် ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းရန် ညှိနှိုင်းနေချိန်တွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည် အနာဂတ်အတွက် သင့်လျော်တဲ့ လမ်းပြမြေပုံ မရှိသေးဘူး” ဟု ဗိုလ်ချုပ် Gam Shawng Gunhtang က ပြောသည်။ သူသည် ကချင်လက်နက်ကိုင်အဖွဲ့၏ စစ်ဦးစီးချုပ် ဖြစ်သည်။

“ကျုပ်တို့ တိုင်းရင်းသားတွေက ဖယ်ဒရယ် ပြည်ထောင်စုအတွက် ကြိုးစားနေကြတာ။ သူတို့က ဒီအကြောင်း နားထောင်ချင်ကြတာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ် Gam Shawng Gunhtang က ပြောသည်။

လက်နက်ဖြုတ်သိမ်းရန် တောင်းဆိုချက်ကို “လက်မခံနိုင်” ဟု သူက ဆိုသည်။

KIA အရာရှိတဦးကလည်း စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို သဘောမတူဟု ပြောသည်။
“တိုက်ပွဲပြန်ဖြစ်ဖြစ် မဖြစ်ဖြစ် ငါတို့ကတော့ အသင့် ပြင်ထားရမှာပဲ။ ငါတို့ တပ် အင်အားကောင်းမယ်ဆိုရင်၊ ငါတို့ ငြိမ်းချမ်းရေးက ရေရှည် ခိုင်မြဲမှာပဲ” ဟု ဗိုလ်သင်တန်းကျောင်းအုပ် ဗိုလ်မှူး Zauja Nhkri က ပြောသည်။
မိုးမခ၀က်ဆိုက်ဘ်မှ ကူးယူသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment