Friday, March 11, 2011

နအဖစစ်တပ်က ဝေါ်လေရှိ မွန်နှင့် ကရင်အမျိုးသမီးနှစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့

ဒီကေဘီအေ တပ်မဟာ ၅နှင့် နအဖတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲအရှိန်တွေ မြ၀တီတောင်ဘက်ခြမ်း ဝေါ်လေဘက်မှာ ပြင်းထန်လာတဲ့အချိန် နအဖစစ်တပ်မှ ဒေသခံ အမျိုးသမီးနှစ်ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါတယ်။ ဘယ်နေ့ ဘယ်ရက်မှာ မုဒိမ်းကျင့် သတ်ဖြတ်ခံရတာကို မသိရပေမယ့်လည်း ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ အလောင်းကိုတော့ ဒီဇင်ဘာလ ၂၄ရက်နေ့မှာ ပြန်လည် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မုဒိမ်းကျင့် ရက်ရက်စက်စက် အသတ်ခံရသူ 
၁၆နှစ်အရွယ် နော်ရမူထူး(ဓါတ်ပုံ-ဆုံဆည်းရာ)
သတ်ဖြတ်ခံရတဲ့ အမျိုးသမီး ၂ဦးကတော့ ဝေါ်လေရွာ အမှတ် ၂ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၆နှစ်အရွယ် နော်ရမူထူးနဲ့ အူကေထရွာမှာ နေထိုင်တဲ့ ဆယ်ကျော်သက် အခြား မွန်အမျိုးသမီးတဦး တို့ဖြစ်ပါတယ်။ အုပ်စုလိုက် မုဒိမ်းကျင့်အပြီး ၂ဦးစလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ကာ မွန်အမျိုးသမီးကိုတော့ လည်ပင်းဖြတ်ပြီး သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။
မုဒိမ်းကျင့် ရက်ရက်စက်စက် အသတ်ခံရသူ 
၁၆နှစ်အရွယ် နော်ရမူထူး(ဓါတ်ပုံ-ဆုံဆည်းရာ)
 အဲဒီ မုဒိမ်းကျင့် သတ်ဖြတ်သွား သူတွေကတော့ နအဖ စကခ ၈ လက်အောက်ခံ တပ်ရင်း ၄၀၁၊ စစ်ကြောင်း ၁မှူး ဒုဗိုလ်မှူးကြီး ကျော်လွင်ဌေး စစ်ကြောင်းမှ တပ်ကြပ်ကြီး ကြည်ဝင်းနဲ့ အဖွဲ့ဝင်အချို့က မုဒိမ်းကျင့် သတ်ဖြတ်ကြတာ ဖြစ်ပါတယ်။

မွန်အမျိုးသမီးကို ခေါင်းဖြတ်သွားသူဟာ တပ်ကြပ်ကြီး ကြည်ဝင်းကိုယ်တိုင် ဖြတ်သွားတာ ဖြစ်တယ်လို့လည်း အဆိုပါတပ်မှ ထွက်ပြေးလာတဲ့ တပ်ပြေးတဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အခင်းဖြစ်ပွားရာ နေရာကတော့ ဝေါ်လေရွာအနီးက စာသင်ကျောင်းနားမှာ ဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ 

တိုင်းရင်းသားဒေသတွေမှာ ထင်ရာစိုင်းနေတဲ့ နအဖမုဒိမ်း တပ်ဖွဲ့ဝင်များ
သတင်းသဘာဝအရ ဓါတ်ပုံကို မဖော်ပြသင့်ကြောင်း သတိပြုမိပေမယ့် နအဖ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် ရိုင်းစိုင်းယုတ်မာ သတ်ဖြတ်မှုတွေကို မှတ်တမ်းအနေနဲ့ ပြန်လည်ဖော်တာဖြစ်ပါတယ်။
အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment