Tuesday, February 25, 2014
၆၇နှစ်ပြည့် ရှမ်းပြည် အမျိုးသားနေ့သို့ KNUအတွင်းရေးမှူးချုပ်နှင့် ဒုစစ်ဦးစီးချုပ် တက်ရောက်ခဲ့(မှတ်တမ်းဓါတ်ပုံ)
Posted by
အဲခေါင်သောင့်
at
8:09 PM
0
comments
Tuesday, February 18, 2014
ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ် နှင့် နိုင်ငံရေး လုပ်သူ အပိုင်း(၁)
Posted by
အဲခေါင်သောင့်
at
9:41 PM
`ထီးမူးခီး`ရွာက ကျောက်ကြီး မြို့နယ်နှင့် ဖာပွန်မြို့ နယ် အကြား ရှိသည့် တောင်ပေါ်ရွာ လေး ဖြစ်သည်။ မြန်မာ လိုပြန် လျှင်မူ `ရေချောင်း ဖျား`ရွာဟု ဆိုရ မည်။ ရွာက အိမ်ခြေ ၃ဝ ထက်မပို…..။ ကရင် လူမျိုးများ သာ နေထိုင်ကြ သည့် တောင်ပေါ် ကရင်ရွာ လေးဖြစ်သည်။ လမ်းပန်းဆက် သွယ်ရေးက ခက်ခဲ၏။ တတောင် ဆင်း တတောင် တက်သွားရ သည့် ခြေလျင် ခရီးသာ ရှိသည်။
စီးပွားရေးက မြေယာ စီးပွားရေးသာ ရှိ၏။ တောင်ယာ ခုတ် ၍ စပါးစိုက်မည်၊ နှမ်းစိုက်မည်။ ကုန်သွယ်ကူး သန်းရောင်း ဝယ်မှု မရှိ…..။ငါးပိ၊ ဆေး၊ ဆား ဝယ်လို လျှင် …. မူသယ်-ဗျက်ကော မှ တဆင့် ကျောက်ကြီးမြို့ သို့ဆင်းပြီး တနှစ်စာဝယ် ထားကြရ ၏။ စာသင်ကျောင်း မရှိ၊ ဆေးပေးခန်း မရှိ။ ကိုးကွယ်မှုကား ရိုးရာ နတ်ကိုး ကွယ်မှုသာ ကိုးကွယ်ကြ ၏။
ထိုရွာလေး တွင် … သူ့ကို ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၂ဝရက်နေ့က မွေးဖွားခဲ့ သည်။ ဖခင်က`စောဂယ်`၊ မိခင်က မူ နော်ဒါးဆဲ`` ဖြစ်သည်။ သူ့တွင် သူ အပါအ ဝင် မွေးချင်း ညီနောင် ၁၂ ယောက် ရှိသည်။ သူကား ဆယ်ဦးမြောက်သားဖြစ်သည်။ သူ့ အထက် တွင် အမ ၇ ယောက်ရှိ သည်။ သူ့အောက် တွင်ကား ညီ တယောက် နှင့်ညီမငယ်တ ယောက် ရှိ၏။
ထိုဒေသရှိ အိမ်များကို အမိုးမိုး ရာတွင် ဖက်မသုံး။ `ကျသောင်းဝါး` များကို ခြမ်း၍ မှောက်ခုံ၊ပက်လက်
ယှက် ၍ ထပ် ပြီး မိုးကြ၏။ လေကွယ် ရအောင် တံခါး များ ဖောက်၍ အခန်းဖွဲ့ကြ ၏။
ရာသီက အေး၏။ အိမ် အလယ်တွင် မီးဖိုကြီးအား ဖိုထား ကြရ၏။ ညအိပ်လျှင်
မီးဖိုဘေးကပ်၍ အိပ်ကြရ သည်။ ထိုတောင်ပေါ် ရွာလေးတွင် ပင် သူ၏ ခလေးဘဝ ဖြတ် သန်း ကြီးပြင်း ခဲ့ရ၏။
(၁)
ထီးမူခီး တွင်က အတန်း ကျောင်း မရှိ၊ ပညာသင် ချင်လျှင် ဖာပွန်သို့ တက်၍ သင်ကြရသည်။သူလည်း မူလတန်း ပညာကို ဖာပွန်သို့ တက်၍ သင်ကြား ခဲ့ရ၏။ သူကျောင်း စနေသည့် နှစ်က ၁၉၃၆ ခုနှစ် ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် တွင် ကိုနု၊ ကိုအောင်ဆန်း တို့ ဦးဆောင်ပြီး ကိုလိုနီ ပညာရေး သပိတ်မှောက်ကြ သည့် နှစ်ဖြစ်သည်။ ကိုလိုနီပညာ ရေး ကိုပင် သူသည်ဆုံးခန်း တိုင်အောင် မသင်ကြားခဲ့ရ….။ ဒုတိယ ကမ္ဘာ စစ်ကြီးက ကျောင်း သင်္ခန်း၏ တံခါးများကိုပိတ် စေခဲ့ ၏။

၁၉၄၂ တွင်ပင် သူသည် ကျောင်း ပညာရေး နှင့် ဝေးခဲ့ရ၏။ ထိုစဉ်ကသူ့အသက်သည် ၁၅ နှစ်ခန့် ရှိခဲ့လေပြီ။ ကျောင်း ထွက် ပြီးနောက် သူသည် ထီးမူခီးသို့ မပြန်ဖြစ်။ ဖာပွန်တွင် ပင် ရှိနေ၏။ နေမျိုးနွယ် တပ်ကြီးက နယ်စပ်ကို ဖြတ်ကျော် ကာ မြန်မာပြည် ကို သိမ်း၏။ ဖာပွန်တွင် အုပ်ချုပ်ရေး အဖွဲ့သစ် ဖွဲ့၏။ ဘီအိုင်အေ အုပ်ချုပ်ရေး….။ ဖာပွန်မြို့ကာ ကွယ် ရေး အတွက်လက်နက်ကိုင် ပုလိပ် တပ်ဖွဲ့ ဖွဲ့သည်။ ထိုပုလိပ် တပ်ဖွဲ့သို့ သူ ဝင်လိုက်သည်။ပုလိပ်တပ် သား အဖြစ် ``ဖွဂေါ်``တွင် တာဝန်ကျ၏။
ဗြိတိသျှ တပ်သား အချို့က အိန္ဒိယသို့ဆုတ်ခွာရာ တွင် ပါမသွားဘဲ ဖာပွန်တောင် တန်းများ အတွင်း ခိုအောင်း ၍ ကျန်နေ ခဲ့ကြ သည်။ ထိုသူတို့ နှင့် သူသည် အဆက် အသွယ်ရှိ၏။ မကြာခဏ တွေ့၏။ ဖက်ဆစ်ဂျပန်တော်လှန်ရေး အတွက် ပြင်ဆင်ကြ၏။မကြာ ….. ဗြိတိသျှ စစ်တပ်မှ ဗိုလ်မှူးကြီး နီးမိုးနှင့် ဗိုလ်အဲရယ် တို့ နှစ်ဦး လေထီးနှင့်ဆင်း လာကြသည်။ သူတို့နှင့် အတူ အချက်ပြ ဆက်သွယ်ရေး စက်လည်း ပါလာသည်။နောက်ပိုင်း တွင်မူ မကြာ …မကြာ အိန္ဒိယ မှ လေထီး တပ် သားတို့ ဖာပွန်ဒေသ၌ ဆင်းကြ၏။
Force – 136 မှ တပ်သားများ ဖြစ်သည်။ ထိုလေ ထီးဆင်း တပ်သားများ တွင် မြန်မာ လူမျိုးများလည်းပါ၏။ ဖတ ပလ နှင့် Force – 136 အစီ အစဉ်နှင့် ဆင်းလာ ကြသော ဖက်ဆစ် တော်လှန်ရေး ရဲဘော် များ ဖြစ်သည်။
(၂)
၁၉၄၅ ခုနှစ် ။နွေဦး…။
ဖက်ဆစ်တော် လှန်ရေးက ရင့်မှည့်၍ နေလေပြီ။ Force – 136မှ တပ်မှူး`ကာနယ် ဖီးကော့``သည် အင်အား ၃ဝဝ ခန့် နှင့် ဖာပွန် ဒေသတွင် အခြေပြုပြီး ဂျပန်တော် လှန်ရေး အတွက် ပြင်ဆင် လျက်ရှိသည်။ ထိုနွေဦး တွင်ပင် သူနှင့်အ တူ `ဖွဂေါ်``တွင်တာဝန်ကျ သည့် ကရင်လူမျိုး ပုလိပ် တပ်သား အားလုံး သည် Force – 136 သို့ သွားရောက် ၍ပူး ပေါင်း လိုက်ကြသည်။ Force – 136 မှ သူတို့အား စစ်သင် တန်းပေး၏။ ယူနီဖောင်းများ ထုတ်ပေး၏။ လက်နက် များ က အသစ်များ အိန္ဒိယမှ လေယာဉ်နှင့် ချပေးသည့် လက်နက် ခဲယမ်းများ ဖြစ်သည်။ သင်တန်း ဆင်းပြီးနောက် သူ တို့ အား Force – 136 ၏ဦးဆောင်မှု အောက်ရှိ ကရင် ပြောက်ကျား တပ်အဖြစ် လှုပ်ရှားစေ ၏။ သူတို့၏ တပ်ဖွဲ့သည်အင်အား ၅ဝဝ ခန့် ရှိသည်။ ခေပူ၊ သောသီခို၊ မော်ခီး၊ တောင်ငူ၊ ဇရပ်ကြီး နယ်မြေအတွင်း Force – 136 နှင့်အတူ… သူတို့ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရ၏။

(၃)
ဖက်ဆစ် တော်လှန်ရေး ပြီးသည့် နောက် သူသည် UMP ဟု ခေါ်သည့် ပြည်ထောင်စု စစ်ရဲတပ်သို့ ဝင်ရောက်ခဲ့ သည်။ ထိုစဉ်က. မြန်မာ ပြည်ရှိ လက်နက်ကိုင် တပ်များတွင် … ကန္ဒီ ဆွေးနွေး ပွဲအရ ဖွဲ့စည်းခဲ့ သည့် တပ်မတော် တပ်ရင်း များ ရှိ၏။ ပြည်သူ့ ရဲဘော် တပ်ဖွဲ့များ သောင်းကျန်းမှု နှိမ်နှင်ရေး တပ်ဖွဲ့များနှင့် KNDO ၊ MNDO တပ်ဖွဲ့များ ရှိသည်။
ပြီးလျှင် ….. ရှမ်းပုလိပ် တပ်များနှင့် ပြည်ထောင် စု စစ်ရဲ တပ်တို့ ရှိကြ၏။ သခင် အောင်ဆန်းဦးဆောင်သည့် ဖဆပ လ သည် တမျိုး သားလုံး လွတ်မြောက် ရေး အတွက် နည်းလမ်း ပေါင်းစုံနှင့် လုပ် ကိုင်ဆောင် ရွက်လျက် ရှိသည်။ သခင်အောင် ဆန်းသည် လန်ဒန် သို့ သွားပြီး ဗြိတိသျှ နန်းရင်း ဝန် အက် တလီနှ င့်ေ ဆွးနွေး ၏။ အောင်ဆန်း-အက်တ လီ စာချုပ် ချုပ်ဆို၏။

အမျိုးသား လွတ်မြောက်ရေး လှုပ်ရှား မှုများက အရှိန် အဟုန်နှင့် မြင့်တက် နေသည်။ ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီလ ၅ ရက်တွင် ရန်ကုန်မြို့ ရှိ `ဗင်တန်` ခန်းမ၌ ကရင် အမျိုးသား ကွန် ကရက် ကျင်းပ၏။ ကရင်အမျိုးသား ကိုယ်စား လှယ် ၇ဝဝ ခန့် တက်ရောက်ကြ ၏။ ထို ကွန်ကရက် ၌ ကရင်ဗဟို အစည်း အရုံး KCO နှင့် ကရင် လူငယ်များ အစည်း အရုံး KYO ပေါင်း၍ ကရင့် အမျိုးသား အစည်း အရုံး KNU ဖွဲ့စည်း ခဲ့သည်။ ၁၉၄၇ ခုနှစ် အောက် တိုဘာလ ၃ ရက်နှင့် ၄ရက်နေ့များ တွင် KNU မှ မော်လမြိုင် မြို့၌ ညီလာခံ တရပ် ခေါ်ယူခဲ့၏။
မော်လမြိုင် ညီလာခံမှ၁၉၄၇
ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ ကြောင်း ထုတ်ပြန်ခဲ့ ၏။ ၁၉၄၇
ခုနှစ် ဖွဲ့ စည်း ပုံအခြေခံ ဥပဒေသည် ကရင် အမျိုးသား များအတွက် ကျေနပ်လုံ
လောက်သည့် ကရင်ပြည် နယ်နှင့်ကရင် အစိုးရ ဖွဲ့စည်းရေး မပါရှိဟု ဆိုကြသည်။၁၉၄၈ ခုနှစ် ဇန်န ဝါရီလ ၄ ရက်နေ့တွင် မြန်မာ နိုင်ငံ သည် ဗြိတိသျှ ကိုလိုနီ တံပိုးအောက်ကလွတ်မြောက်ကြောင်း လွတ်လပ်ရေး ကြေညာ ခဲ့၏။
ဖဆပလ ဦးဆောင်သည့် လွတ်လပ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းခဲ့၏။၁၉၄၈ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် ကရင် အမျိုးသား ခေါင်းဆောင် စော ဘဦးကြီးနှင့် သရာသာ ထိုက သထုံမြို့နယ် အင်းဝိုင်းရွာ လူထု အစည်း အဝေးတွင် ကရင်ပြည်နယ် သီးခြား ရရှိရေး တရားများ ဟောကြ၏။ KNDO ကလည်း ၃ ရက်နေ့ နေ့ စွဲ နှင့် ကရင်ပြည်နယ် သီးခြား ဖွဲ့စည်း ပေးရန် ထုတ်ပြန်ကြေ ညာချက် ထုတ်၏။ ဆန္ဒပြ တောင်းဆို မှုများက ကရင်အမျိုး သားများ နေထိုင် သည့် နေ ရာ ဒေသတိုင်း၌ ထုတ်ဖော် ပြသ၍ လှုပ်ရှားလာကြ၏။
`ကရင်ပြည်နယ် ချက်ချင်းပေး`
`ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ`
`လူမျိုးရေး အဓိကရုဏ်း အလိုမရှိ`
` ပြည်တွင်းစစ် အလိုမရှိ`
(၄)
၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့….။ အင်းစိန် စစ်မျက်နှာ မှ စ၍ လက်နက်ကိုင် ကရင့် တော်လှန်ရေး သည် တရား ဝင် စတင်ခဲ့၏။ထိုမတိုင် မီကမူ အချို့ဒေ သများ တွင် KNDO နှင့် ကရင် စစ်ရဲ တပ်ဖွဲ့များ၏ လက်နက် ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့သည်များ ရှိခဲ့၏။ KNU နှင့် KNDO တခုလုံး အနေနှင့် မဟုတ် …..။စောဘဦးကြီး၊ မန်းဘဇံ၊ သရာသာ ထို စ သည့် ကရင်ခေါင်းဆောင် များက ဖြစ်ပေါ်နေသည့်ကရင့် လက်နက်ကိုင် တော်လှန်ရေး များ ထိန်းသိမ်း နိုင်ရန် ဖဆပ လ နှင့် ညှိနှိုင်းဆောင် ရွက်နေကြ သေး၏။ မရ….။သမိုင်း က ငြိမ်းချမ်းရေး တေး မရေးဖွဲ့….။ လက်နက်၊ ပြာပုံ၊ ယမ်းငွေ့နှင့် သွေးပင်လယ် ရေးထိုး၏။
(၅)
တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး မင်းမောင် (နောင် KNU ဗိုလ်ချုပ်မင်းမောင်) ဦးစီးသည့်ကရင့်သေနတ် ကိုင် တပ်ရင်း (၁) သည် တောင်ငူကို သိမ်း၏။ ပြီးလျှင် သံတောင်၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပဲခူးရှိ KNDO တပ်များ နှင့် ပူးပေါင်း၍ အင်း စိန် စစ်မျက်နှာ သို့ ဆင်းလာ၏။ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး မြမောင် (နောင် KNU ဗိုလ် ချုပ်မြမောင်) ဦးစီးသည့် ကရင့် သေနတ်ကိုင် တပ်ရင်း (၂) သည်လည်း ပြည်ကို သိမ်းပိုက်ပြီး ရန်ကုန်- ပြည်လမ်း အတိုင်း အင်းစိန် စစ်မျက်နှာ သို့ ချီ လာ၏။ ဦးနု၏ ဖဆပလ အစိုးရ ကား ရန်ကုန် ၇ မိုင်ပတ်လည် တွင်သာ ရုံးစိုက်၍ အာဏာ စစ်ကို ဖြန့်ထား နိုင်တော့၏။
သူသည် ကရင့် လက်နက်ကိုင် တော်လှန်ရေး စတင် သည်နှင့် ပြည်ထောင်စု စစ်ရဲတပ် (UMP) မှထွက်၍ ကရင့်လက် နက် ကိုင် တော်လှန်ရေး သို့ ဝင်ခဲ့၏။ ကရင့်လက်နက် ကိုင်တပ်ဖွဲ့ `သံလွင်`တပ်ရင်းကို ဖွဲ့၏။ သံလွင် တပ်ရင်းတွင် သူသည် တပ်ကြပ်ကြီး အဆင့်နှင့် တာဝန်ထမ်း ဆောင်၏။သံလွင် တပ်ရင်း က ညောင်လေး ပင်၊ ဒိုက်ဦး နယ်များ တွင် တိုက်ပွဲများ ဆင်နွှဲရသည်။ ၁၉၅ဝ ခုနှစ် နွေဦးအထိ ဖြစ်သည်။ ၁၉၅ဝ ခုနှစ် သင်္ကြန်မကျမီတွင် သူတို့၏ သံလွင်တပ် ရင်း ကို ညောင်လေး ပင်မှ ဘီးလင်း၊ ကျိုက်ထို ဘက်သို့ ပြောင်းရွှေ့ ရန် တာဝန်ပေး၏။ ထိုအချိန်၌ သူသည်သံလွင် တပ်ရင်း တွင် တပ်ခွဲမှူး တယောက် အဖြစ် တာဝန်ထမ်း ဆောင်နေသည်။
ဒုတိယအပိုင်း ဆက်ရန်--
Tuesday, February 11, 2014
ကော်သူးလေအတွက် သွေးစွန်းတဲ့ ချစ်သူများနေ့
Posted by
အဲခေါင်သောင့်
at
5:26 PM
ဇကောလောက်မှ
ဇောက်မနက်ပဲ အသားထဲက လောက်ထွက် သူများရဲ့ လက်ချက်နဲ့
ကရင့်အမျိုးသားတော်လှန် ရေးကို မှန် ကန်စွာ ဦးဆောင်မှုပေးနေခဲ့တဲ့
ဖထီးမန်းရှာ(ပဒိုမန်းရှာ လားဖန်း) ကျဆုံးသွားခဲ့ရပါတယ်။ မြန်မာ ပြည်
အာဏာရှင်စနစ်
ချုပ်ငြိမ်းရေး၊ တန်းတူအခွင့်အ ရေးရရှိရေးနဲ့ ဒီမိုကရေစီ ထွန်းကား လာရေး
အတွက် အရှိန်မြင့် ချီတက်လာတဲ့ တော်လှန်ရေး လမ်းကြောင်း လမ်း ခုလတ်တွင်
ယခုလို ခေါင်းဆောင်ကောင်း တယောက် ဆုံးရှုံးသွားခဲ့ရတဲ့အတွက် ကရင့်တော်
လှန်ရေး အတွက်ရော မြန်မာပြည် ဒီမိုကရေစီရေး အတွက်ပါ များစွာ ထိခိုက်နစ်နာ
ခဲ့ရပါတယ်။
ဖထီးမန်းရှာ လုပ်ကြံခံရတာ လာမယ့်
၂၀၁၄ခုနှစ် ဖေ ဖော်ဝါရီလ ၁၄ရက် နေ့ မှာ ၆နှစ် တင်း တင်း ပြည့်ပြီဖြစ်
သော်လည်း ကျနော့်အတွက်ကတော့ မနေ့တနေ့က လိုပဲ ခံစားနေ ရဆဲပါ။
ဖထီးမန်းရှာ လုပ်ကြံခံရတဲ့ အကြောင်းကို တွေးမိတိုင်း ရင်ထဲမှာ အမြဲပဲ
အမှတ်ရနေ မိပြီး ယူကျုံးမ ရတဲ့စိတ်၊ နှမြောတသတဲ့ စိတ်၊ ၀မ်းနည်းကြေကွဲတဲ့
စိတ်တွေဟာလည်း ရင်ထဲ နှလုံးသား ထဲမှာ ဖော်ပြမရနိုင် လောက်အောင်ပဲ တရိတ်ရိတ်
ဖြစ်ပေါ်လာခဲ့ရပါတယ်။
သူလုပ်ကြံခံရတဲ့အချိန်ဟာ ကျနော်
မဲဆောက်မှာပဲ ရှိနေတဲ့ အချိန်ပါ။ အဲဒီနေ့ဟာ ရုံးပိတ် အလုပ်နားတာကြောင့်
ရုံးက လူတွေအားလုံးဟာ စိတ်ပြေလက်ပျောက်နဲ့ ပင်ပန်းနွမ်းနယ်မှု လေးတွေကို
အတိုးချပြီး အနားယူကြတဲ့နေ့ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ဖေဖော်ဝါရီလ
၁၄ရက် ချစ်သူများနေ့လည်း မဟုတ်ပါလား။
အဲဒီနေ့မနက်မှာ ဖာထီးမန်းရှာဟာ ရုံးရှေ့ကို ကိစ္စတခုနဲ့ ရောက်လာခဲ့ပါသေးတယ်။ သူကိုယ်တိုင် ကားပေါ်ကနေ မဆင်းပေမယ့်လည်း သူ့ကို ကားမောင်းပို့ပေးနေတဲ့ သူ့ရဲ့သားကြီး စောစေးစေးက စာရွက်စာတမ်းတချို့ လာပို့သွားပါတယ်။ ကားပေါ်ကို လှမ်းကြည့်လိုက်တော့ သူအမြဲပဲ ၀တ်နေကျ အဖြူရောင်ဝစ်စကုတ်အကျီာင်္နဲ့ ဖထီးကို တွေ့ရပြီးတော့ ကျနော့ဘေးနားမှာရှိနေတဲ့ လူတယောက်ကိုတောင်မှ အဖိုးကြီးလည်း ကားပေါ်မှာ ပါလာတယ်လို့ ပြောလိုက်မိပါသေးတယ်။
ဝစ်စကုတ်အကျီာင်္ဝတ်ထားတဲ့ အဲဒီနေ့က ဖထီးရဲ့ ပုံရိပ်ကို ယခုချိန်ထိ ပြန်လည်မြင် ယောင်မိနေ သေးသလို အသက်ရှင်လျှက်နဲ့ ဖထီးကို နောက်ဆုံးအကြိမ် တွေ့ရခြင်း လည်း ဖြစ်ပါတယ်။ အသက်ရှင်လျှက်နဲ့ ဖထီးကို နောက်ဆုံး တွေ့ရမယ်ဆိုတာ အဲဒီအချိန်က ဘယ်လိုမှ ထင်မထားခဲ့မိပါဘူး။ အချိန်ကတော့ ထိုင်းစံတော်ချိန် မနက် ၁၀နာရီ ပတ်ဝန်းကျင်လောက် ရှိပါလိမ့်မယ်။
အဲဒီနေ့ နေ့လည်မှာတော့ အခင်ဆုံးအစ်ကိုကြီး စောကျော်ခလော့ခ် (ဇွဲကပင် ၀က်ဆိုဘ်)က အိမ်ကို အလည်လိုက်သွားဖြစ်ပါတယ်။ စောကျော်ခလော့ခ်ရဲ့ အိမ်က မယ်တော်ဆေးခန်းနဲ့လည်း နီးတော့ သူ့အိမ်မှာ အေးအေးဆေးဆေး အနားယူ ကြပြီးတော့ ညနေပိုင်းမှာ ဘော်လုံးပွဲ ကြည့်ဖို့ မော်တော်ဆိုင်ကယ်လေး စီးကာ သူ့အိမ်ကနေ ထွက်လာခဲ့ကြပါတယ်။ မော်တော်ဆိုင်ကယ် နှစ်ယောက်သား စီးပြီး ဟိုအကြောင်း ဒီအကြောင်း ပြောရင်းကနေ သူ့လက်ကိုင်ဖုန်းမြည်သံ ထွက်လာ ပါတယ်။
မော်တော်ဆိုင်ကယ်ကို လမ်းနဘေးမှာ ရပ်ပြီး ဖုန်းဆက်သူထံမှ ဖုန်းဆက်ရတဲ့ အကြောင်းရင်းကို မေးမြန်းပြောဆိုတဲ့ အချိန်မှာတော့ သူ့ဆီက တစုံတရာ ထူးခြား တုန်လှုပ် စွာနဲ့ ပြောဆိုနေတာကို တွေ့ရပါတယ်။ သူတို့ ပြောနေတဲ့ စကားတွေ အားလုံးကို မသိရပေမယ့်လည်း သူတို့ပြောနေတဲ့ စကားတွေက သွေးရိုးသားရိုး မဟုတ်မှန်း ကျနော့စိတ်ထဲမှာ အလိုလိုနဲ့ ကောက်ချက်ချ လိုက်မိပါတယ်။ ချက်ချင်းပဲ သူကကျနော့ဘက် လှည့်ပြီးတော့ လာ--ဟိုဘက်ရုံးမှာ သွားမယ်။ အရေးကြီးတယ် ပြောပြီး မော်တော်ဆိုင်ကယ်ကို ၀ုန်းခနဲ မောင်းထွက်သွားပါတော့တယ်။ ကျနော်လည်း အံ့သြတုန်လှုပ်မိကာ ဘာမှတုန့်ပြန်စကားပြန်မပြောနိုင်ပဲ မော်တော် ဆိုင်ကယ် နောက်မှာပဲ တကောက်ကောက် ပါသွားခဲ့ရပါတယ်။
သွားမယ့်ရုံးဆိုတာက မယ်တော်ဆေးခန်းနားက နယ်လှည့်ကျောပိုးအိတ် အဖွဲ့ရုံးပဲ ဖြစ်ပါတယ်။ အဲဒီရုံးကိုရောက်တော့ ကိစ္စတခုနဲ့ မဲဆောက်ကို ရောက်လာတဲ့ ခုနက ဖုန်းဆက်သူ(ဗိုလ်ကြီးစောဝင်းကျော်၊ တပ်မဟာ ၅) နေတဲ့အခန်းကိုပဲ တန်းသွား ခဲ့ကြပါတယ်။ သူနေတဲ့အခန်းကိုသွားပြီး ထိုင်မယ်လို့လုပ်တဲ့အချိန်မှာပဲ ပဒိုမန်းရှာ လုပ်ကြံခံလိုက် ရပြီးတော့ ပွဲချင်းပြီး သေဆုံးသွားပြီဆိုတဲ့ စကားကို ဗိုလ်ကြီးဝင်း ကျော်က ကျနော်တို့ကို တုန်ယင်နေတဲ့ သူ့ရဲ့အသံနဲ့ ပြောပြပါတယ်။
သူ့ဆီက အဲဒီစကားလုံးကို သေသေချာချာကြားရတော့ မယုံကြည်နိုင် လောက်အောင်လည်း ဖြစ်ခဲ့ရပါတယ်။ ဘာလုပ်ရမယ်၊ ဘာပြောရမယ်မှန်း မသိပဲ ပါးစပ်အဟောင်းသားနဲ့ တိတ်ဆိတ်ငြိမ်သက်ခဲ့ရပါတယ်။ ဒါပေမယ့် တကြိမ်တခါမှ မခံစားဖူးခဲ့တဲ့ ၀မ်းနည်းကြေကွဲတုန်လှုပ်ခြောက်ခြားတဲ့စိတ်တွေဟာ ကျနော့ရဲ့ရင်ထဲ အသဲထဲ နှလုံးသားထဲ၊ ခေါင်းထဲစတဲ့ ခန္ခာကိုယ် တခုလုံးထဲကို လွမ်းမိုးစိမ့် လာပါတော့တယ်။
တခန်းလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားပြီးတော့ ၀မ်းနည်းကြေကွဲတဲ့ စိတ်နဲ့အတူ ဒေါသစိတ်များပါ ပေါက်ကွဲ ထွက်ကျလာခဲ့ရပါတယ်။ မယုံကြည်နိုင်လောက်အောင်ပဲ ကိုယ့်ကိုယ်ကို ကိုင်တွယ်စမ်းသပ်ကာ ငါအိမ်မက်မက် နေတာလားလို့တောင် မေးခွန်းတွေ အကြိမ်ကြိမ် ထုတ်ခဲ့မိပါသေးတယ်။
မဟုတ်ပါဘူး။ ငါ့အိမ်မက်မဟုတ်ဘူး။ ငါပုံမှန်ပါပဲ။
ငါ့နားနဲ့ တကယ်ကြားနေ ရတာပဲလို့ ကိုယ့်ကိုယ်ကို အသိစိတ်ပြန် ပေးဝင်လိုက်ပြီး တော့ ဘာလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲ ကိုယ့်ကိုယ်ကို တွေဝေနေတဲ့အချိန်မှာပဲ အိတ်ကပ်ထဲက လက်ကိုင်ဖုန်းကလေးကို ဘယ်သူမှ အမိန့်မပေးပဲ တန်းကောက် ကိုင်လိုက်မိပါတယ်။
လုပ်ဖော်ကိုင်ဖက် တယောက်ဖြစ်သူ KICရဲ့ ရုပ်ပြောင်ကာတွန်းဆရာကြီး စောတွတ်ပီ (ယခု၊ဖို့ဝိန်း)ဆီကို တန်းဆက်လိုက်မိပါတော့တယ်။ ဖုန်းခေါ်နေတဲ့အချိန်မှာလည်း ဖဒိုမန်းရှာမသေဘူး။ ဗိုလ်ကြီးဝင်းကျော်ပြောတာ သတင်းအချက်အလက် မှားနေပါ တယ်ဆိုတဲ့ တုန့်ပြန်မှုကို ကြားရပါစေလို့တောင် ဆန္ဒပြုခဲ့မိပါသေးတယ်။ ဒါမှ မဟုတ် ပဒိုမန်းရှာ ပွဲချင်းပြီးမသေဘူး။ ဒဏ်ရာအနည်းငယ်ကလွဲလို့ ပူပင်စရာမရှိဘူးဆိုတဲ့ တုန့်ပြန်မှုကိုလည်း မျှော်လင့်မိခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့ရဲ့ ဆန္ဒတွေက မပြည့်မီခဲ့ပါဘူး။
စောတွတ်ပီ ဖုန်းကိုင်လိုက်တဲ့အချိန် ကျနော်ဘာမှ မမေးခင်မှာပဲ ပ်ုဒိုမန်းရှာသီ့ယုဂ် (ပဒိုမန်းရှာသေပြီ) ဆိုတာကိုပဲ ကြားလိုက်ရပါတယ်။ အခုငါ အသက်မရှိတော့တဲ့ ပဒိုမန်းရှာရဲ့ နဘေးမှာ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်နေပါတယ်ဆိုတဲ့ စောတွတ်ပီရဲ့ ပြောဆိုနေတာတွေဟာလည်း ပဒိုမန်းရှာကို အသက်ရှင် နေစေချင်သေးတဲ့ ဒါမှမဟုတ် ဒဏ်ရာအနည်းငယ်ပဲ ရစေချင်တဲ့ ကျနော့ရဲ့ ဆန၊ မျှော်လင့်ချက်တွေကို တစမကျန် ရိုက်ချိုးလွင့်ပစ်လိုက်သလို ဖြစ်ခဲ့ရပါတယ်။
ချက်ခြင်းပဲ အပြင်ထွက်ပြီး နယ်လှည့်ကျောပိုးအိတ်ရုံးရဲ့ ထမင်းစားဆောင်ဘက်ကို ထွက်လာတဲ့အခါမှာတော့ တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်မကောင်းဖြစ်နေတဲ့ တစ်ဒါဇင်လောက်ရှိတဲ့ လူတချို့ကို တွေ့ရပါတယ်။ သူတို့တွေလည်း ကျနော့လိုပဲ ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးနေရတယ် မဟုတ်ပါလား။ တကယ်တော့ ပဒိုမန်းရှာကို အများက ကရင့်တော်လှန်ရေးကို မှန်မှန်ကန်ကန် ဦးဆောင်ပေးနိုင်မယ့် ခေါင်းဆောင်ကောင်း တယောက်အနေနဲ့ လက်ခံထားကြပါတယ်။
ပဒိုမန်းရှာ ပွဲချင်းပြီး သေဆုံးသွားပြီ ဆိုတာ ရာနှုန်းပြည့် မှန်ကန်နေပါပြီး၊ ကျနော်ရုံးခန်းကို ချက်ချင်းပြန်ပြီးတော့ အဲဒီညတညလုံး ပဒိုမန်းရှာရဲ့ အတ္တုပတ္တိ၊ မှတ်တမ်းဓါတ်ပုံ၊ မိန့်ခွန်းစတဲ့အချက်အလက်တွေကို မီဒီယာတွေအတွက် ကြိုတင်ရှာဖွေထားခြင်းလည်း ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့အကြောင်းတွေကို ရှာဖွေစုဆောင်းရတဲ့အတွက်ကြောင့်လည်း သူ့ကို ပိုပြီးတော့ အမှတ်ရခဲ့မိပါတယ်။
တညလုံး အိပ်မပျော်နိုင်ပဲ သူ့အကြောင်းကိုပဲ ထိုင်တွေးနေမိတော့တယ်။ သူ့အိမ်မှာ အတူတူ တာလပေါ့ဟင်းနဲ့ ထမင်းစားတတ်တဲ့ ဖထီးရဲ့ အဆင့်အတန်း ခွဲခြားမှု မရှိတဲ့အချိန်၊ သတင်းစာ ရှင်းလင်းပွဲတွေ၊ အခမ်းအနားတွေမှာ ပြတ်သားခိုင်မာပြီး ထိထိမိမိပြောတတ်တဲ့ ဖထီးရဲ့ ပြောဆိုနေချိန်၊ နောက်ဆုံး ၀စ်စကုတ်နဲ့ တွေ့ခဲ့တဲ့အချိန်တွေကိုပါ မှတ်မှတ်ရရ ပြန်လည် မြင်ယောင်ခဲ့မိပါတယ်။ ယခုထက်ထိ မျက်စိထဲမှာ ပြန်လည် မြင်ရောင်မိပါသေးတယ်။
ဒါပေမယ့်လည်း ပဒိုမန်းရှာလို ခေါင်းဆောင်မျိုး ကရင့်အမျိုးသား ထုအတွင်းမှာ အများအပြား ဆက်လက် ပေါ်ထွန်းလာပြီးတော့ အမျိုးသား တော်လှန်ရေးကို ဆက်လက် ဦးဆောင်သွားမယ်ဆိုတာ ဧကန်မုချမလွဲပါဘူး။ အစားထိုးမ ရနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်က သူချစ်တဲ့ သူ့ကရင်အမျိုးသား၊ သူယုံကြည်တဲ့ တော်လှန်ရေး၊ သူတည်ဆောက်ခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ သူခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ တော်လှန်ရေးမူဝါဒကို စွန့်ခွာသွားပါပြီး။ လူသေပေမယ့်လည်း နာမည်တော့ မသေပါ။ သူ့ရဲ့ဝိညဉ်တွေက တော်လှန်ရေးအပေါ်မှာ ဆက်လက်ရှိနေအုံးမှာ ဖြစ်သလို သူ့ရဲ့ မိန့်မာချက်၊ သူ့ရဲ့ တော်လှန်ရေးရပ်တည်ချက်များဟာလည်း ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ဝှမ်းနဲ့ ကွဲပြားနေတဲ့ ဒေသအသီးသီးက ကရင်တမျိုးသားလုံးရဲ့ လွတ်မြောက်မှုအတွက် ဆက်လက် လွမ်းမိုးနေအုံးမှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပေတယ်။
အဲခေါင်သောင့်(ခေါ်) အယ်ကော်
Monday, February 3, 2014
ငြိမ်းချမ်းရေးကို ဝယ်ယူလို့မရ
Posted by
အဲခေါင်သောင့်
at
9:13 PM
ဧရာဝတီ အယ်ဒီတာ အာဘော်၊
မြန်မာနိုင်ငံ တံခါးဖွင့်လိုက်သော်လည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အလုံးအရင်းနှင့် မလာသေးသည့် အကြောင်းအရင်းများအနက် တခုမှာ ဖြေရှင်း၍မပြီး နိုင်သေးသော ပြည်တွင်းစစ်နှင့် တိုင်းရင်းသားဒေသ ပဋိပက္ခများ ဖြစ်သည်။
မြန်မာနိုင်ငံ ဆက်သွယ်ရေး လုပ်ငန်းတွင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတခုဖြစ်သော တယ်လီနော် (Telenor) ၏ အမှုဆောင် အရာရှိချုပ် (CEO) ဖြစ်သူ John Fredirk Baksaas က မြန်မာနိုင်ငံတွင် လောလောဆယ် ဆောင်ရွက်နေသော ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုသည်အရေးကြီးကြောင်းနှင့်လက်နက် ကိုင်တပ်များအကြား ရှိနေဆဲဖြစ်သော တင်းမာမှုများသည် လုပ်ငန်းလုပ်ကိုင်ရန်အတွက် အကဲဆတ်မည်ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်မှန်တည်တံ့သော ငြိမ်းချမ်းရေး လိုအပ်သည်မှာ အငြင်းပွားဖွယ် မရှိပါ။ ဤအတွက် နိုင်ငံရေး အာသီသ လိုသည်။ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများမှ ရလဒ်ကောင်းများထွက် ရန်လိုသည်။ Talking is better than shooting ဆိုသည့် အတိုင်း စားပွဲဝိုင်းတွင် တွေ့ဆုံပြောဆိုခြင်း လိုအပ်သည်။
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် အရေးကြီးသည့် တဖက်နှင့်တဖက် ယုံကြည်မှု (Trust) ကို ယခု အထိ မတည်ဆောက်နိုင်သေးပေ။
ယခုအချိန်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် အတင်းတွန်း၍ မရနိုင်သေး။ ၂၀၁၃ ခုနှစ် ဇူလိုင်လ လန်ဒန်ခရီးစဉ်၌ သမ္မတဦးသိန်းစိန်က နှစ်ပေါင်း ၆၀ အတွင်း သေနတ်သံများ တိတ်ဆိတ်တော့မည်၊ ငြိမ်းချမ်းရေး မကြာခင်ရ တော့မည်ဟု ပြောဆိုခဲ့သည်။
ယခုလတ်တလောတွင် ပြောခဲ့သည့်အတိုင်းတော့ ဖြစ်မလာ သေးပေ။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင် မှုကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်သည့် အဆင့် သာမက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာသည်ကို တွေ့ရသည်။ နော်ဝေ၊ ဆွစ်ဇာလန်၊ ဆွီဒင်နှင့် ဂျပန်တို့အပြင် အမေရိကန်နှင့် တရုတ်ကဲ့သို့သော အင်အားကြီး နိုင်ငံများလည်းပါသည်။ ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး ပွဲစားများလည်း တခေတ်ဆန်း လာပြန်ပြီ ဖြစ်သည်။
တိုင်းပြည်တွင် နှစ်ပေါင်း ၆၀ ကျော် တောက်လောင်ခဲ့သည့် ပြည်တွင်းစစ်မီးကို လပိုင်း၊ ရက်ပိုင်းအတွင်း ယမကာဝိုင်းတွင် စကားပြောသကဲ့သို့ ပြောဆိုရုံဖြင့် မပြီးပါ။ တိုင်းရင်းသားများ လိုချင်နေသည်က အဘယ်နည်း၊ အဘယ်ကြောင့် ဖက်ဒရယ် စနစ်ကို ကျင့်သုံးချင်သနည်း၊ တန်းတူညီမျှရေး၏ အဓိပ္ပါယ်မှာ အဘယ်နည်း စသော မေးခွန်းများအတွက် အဖြေရှိရမည်ဖြစ် သည်။
မြန်မာနိုင်ငံ၏ သယံဇာတ တွင်းထွက်များသည် တိုင်းရင်း သားနယ်မြေများတွင် ဖြန့်ကျက်တည်ရှိသည်။ ဤသယံဇာတ သဘာဝ အရင်းအမြစ်များကို လက်ဝါးကြီး အုပ်ထားသူများမှာ ဘယ်သူများနည်း။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းများတွင် မကြာခဏ ကြားနေရသည့် အာဏာခွဲဝေမှု (Power Sharing) နှင့် သယံဇာတခွဲဝေမှု (Resource Sharing) ဆိုသော ဝေါဟာ ရများကို အားလုံးသဘောတူ ကြေညက်မှသာ ရှေ့တိုး၍ ခြေ တလှမ်း လှမ်းနိုင်ပေမည်။
တချို့ကမူ ငြိမ်းချမ်းရေးကို ငွေနှင့် စက်၍ ဝယ်ယူနိုင်လိမ့်မည် ဟု ယူဆနေကြသည်။ ငွေကုန်ကြေးကျခံကာ လမ်းဖောက်၊တံတား ဆောက်၊ ဆေးရုံဆောက်ပြီး စီးပွားရေး ဖွံ့ဖြိုးလာလျှင် ငြိမ်းချမ်းရေးရမည်ဟု တွက်ဆကြသည်။ သို့သော် ယခုရင်ဆိုင်နေရသော ပဋိပက္ခကမူ ထို့ထက် အများကြီး နက်နဲသည်။ တိုင်းရင်းသားများ အလိုရှိသည့် ငြိမ်းချမ်းရေးနှင့် တန်းတူရေး၏ နောက်ကွယ်တွင် ၎င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ အခွင့်အရေးတို့၏ ဝိသေသလက္ခဏာများကို ထိန်းသိမ်းရေးတို့ ပါဝင်သကဲ့သို့ ဒေသ ထွက်တွင်းထွက် သယံဇာတများအပေါ် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်နှင့် အကျိုးခံစားခွင့်များ ရရေးဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ရရှိရေးပင်ဖြစ်သည်။

Sunday, February 2, 2014
မန္တလေးတိုင်း ၀န်ကြီးချုပ် ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ
Posted by
အဲခေါင်သောင့်
at
3:55 AM
မန္တလေးတိုင်းဝန်ကြီးချုပ် ယာဉ်တန်းဟာ နောင်ချို မိုင်တိုင် ၃၀ လောက်မှာ မိုင်းခွဲ တိုက်ခိုက် ခံခဲ့ရပါတယ်။
ဇန်န၀ါရီလ ၃၁ ရက် ညနေပိုင်းလောက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ ယာဉ်တန်းကို မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်ထဲမှာ မိုင်းခွဲ တိုက်ခိုက် ခံခဲ့ရတာပါ။
ဒီတိုက်ခိုက်မှုကြောင့် လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တဦးက အခုချိန်ထိ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကုသမှုခံယူနေရပြီးတော့ ကျန်နှစ်ဦးကတော့ ဒဏ်ရာ မပြင်းထန်တဲ့ အတွက် ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ခရီးစဉ်ကို လိုက်ပါသတင်းယူတဲ့ သတင်းထောက် ၂ ဦး ပါဝင်ပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေကတော့ ဦးဇင်မင်းစိုးနဲ့ ဦးရဲထွန်းအောင်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေရဆဲဖြစ်တဲ့ မန္တလေးနေ့စဉ် သတင်းထောက် ကိုအောင်မင်းဦး (ခ) ကိုမဲကြီး ဖြစ်ပါတယ်။
မန္တလေးနေ့စဉ် သတင်းထောက် ကိုအောင်မင်းဦး (ခ) ကိုမဲကြီး က”မိုင် ၃၀ နား အရောက်မှာ ဗုံးခွဲတာလား ဘာလား မသိဘူး ၀ုန်းဆိုပြီးဖြစ်သွားတာ ကျနော်လည်း အုန်းကနဲဆိုတဲ့ အသံပဲ ကြားလိုက်ရတယ် ကြားလိုက်ရပြီး ခဏလေးပဲ မကြာဘူး ကျနော့်လက်ကို မှန်စလိုဟာမျိုး လာမှန်တာ”လို့ ပြောပါတယ်။
ဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ စည်ပင်ဝန်ကြီး ဦးအောင်မောင်းတို့ ပါဝင်တဲ့ ယာဉ် ၈ စီး လောက်ဟာ မိုးကုတ်မြို့ကနေ ပြန်လည် ထွက်ခွာလာခဲ့တာဖြစ်ပြီး ရှေ့တန်းယာဉ် ဟိုင်းလပ် Vigo ယာဉ် ညာဘက်အခြမ်းက ပေါက်ကွဲတာ ဖြစ်ပြီး လက်ဆွဲဗုံးလို့ တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ တရားခံကိုတော့ မသိရသေးပါဘူး။

KNLA ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်စောဘောကျော်ဟဲ၏ ၆၅နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ မိန့်ခွန်း
Posted by
အဲခေါင်သောင့်
at
3:24 AM
Saturday, January 25, 2014
ဘ၀တူ ကချင်နှင့် ကရင် သွေးစည်းညီညွတ်ရေးမှ သည် လူမျိုးစုံ သွေးစည်းညီညွတ်ရေးသို့
Posted by
အဲခေါင်သောင့်
at
4:26 AM
Subscribe to:
Posts (Atom)