Showing posts with labelူmovie. Show all posts
Showing posts with labelူmovie. Show all posts
Friday, February 1, 2013

၆၄နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ (ရုပ်သံ)

၆၄နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ ကို ဇန်န၀ါရီလ ၃၁ရက်နေ့က တပ်မဟာ ၇မှာ ပြုလုပ်ကျင်းပခဲ့သည်။


Sunday, December 16, 2012

DKBAနှင့် KNU/KNLAငြိမ်းအဖွဲ့ ဆန္ဒပြ(ရုပ်သံ)

DKBAနှင့် KNU/KNLAငြိမ်းအဖွဲ့ ဆန္ဒပြ(ရုပ်သံ)
Thursday, October 4, 2012

စည်းလုံးခြင်းသည် အင်အား

စည်းလုံးခြင်းသည် အင်အား (သီချင်း)  တေးရေး မန်းထက်ခေါင်

Wednesday, October 3, 2012

အမေရိကန်ပြည်ထောင်စုသို့ မန်းရောဘတ် ဘဇန်ပြန်လည်ရောက်ရှိ

သတင်း၊ ဓါတ်ပုံ၊ ရုပ်သံ-ကိုးဒီသွေး

4-10-2012

ယခုအခါ မန်းရောဘတ် ဘဇန်သည် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်ရှိ သူ၏နေအိမ်တွင်
ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ မန်းရောဘတ်ဘဇန်သည်  KCM ၏ ဥက္ကဋ္ဌတာဝန်ကို ပြန်လည် ထမ်းဆောင်လိမ့်မည် ယုံကြည်ရသော်လည်း ကျန်းမာရေးကောင်းလာသည်နှင့်အမျှ ကော်သူးလေသို့
ပြန်လာဦးမည်ဟု သူကိုယ်တိုင် ပြောခဲ့ပါသည်။

ပြီးခဲ့သည့်လတွင် ဗိုလ်လားပွယ်က ဆိုင်းမဆင့်ဗုံမဆင့် KKO ဥက္ကဋ္ဌရာထူးကို ယာယီရပ်ဆိုင်းထားခဲ့ခြင်းနှင့်
စပ်လျဉ်း၍ သူကိုယ်တိုင် ပြန်လည်ရှင်းပြခဲ့ပြီဖြစ်သည်။

မန်းရောဘတ်ဘဇန်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးကို စိတ်အားထက်သန်စွာ ကိုယ်ကျိုးမဖက် ဆောင်ရွက်နေသူတစ်ဦးဖြစ်သောကြောင့် KKO ကိစ္စနှင့်
ပတ်သက်၍ ကရင်အမျိုးသားများက ဗိုလ်လားပွယ်၏ လိုရင်တမျိုး မလိုရင်တမျိုးလုပ်ရပ်ကို
 တော်တော်များများ ရှုတ်ချဝေဖေန်ခဲ့ကြကြောင်းလည်း သိရပါသည်။

KNU ငြိမ်းချမ်းရေးနှင့်ပတ်သက်၍  မန်းရောဘဘဇန်၏အမြင်နှင့် ရပ်တည်ချက် အင်တာဗျူးကို
ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Friday, September 28, 2012

မူလကရင်စာပေ အမျိုးသား သီချင်းတပုဒ်

အဝေးရောက်ကရင်များနှင့် ကရင်စာပေတိုးတက်ဖို့ လူမျိုးတိုးတက်ဖို့ မျိုးချစ်ပုဂ္ဂိုလ်များတွက် မွန်ဂိုလီးယား မှဆင်းသက်လာသောသော ကရင် ရင်းမြစ်နှင့် ဘိုးဘွား ကဗျာ လင်္ကာ များကို ပြန်လည် သံစဉ်စပ်ဆိုထားသော မျိုးသားသီချင်း ဖြစ်သည်။ ယခု သီချင်းကို စောကျော်စိုးလင်း  http://www.facebook.com/letyar.minnyi ဖေ့ဘွတ်ကနေ ကူးယူ ဖော်ပြထားပါသည်။


Monday, September 17, 2012

ဖလူကျေးရွာ ကရင်ြ့ခည်ဖြူဖွဲ့ပွဲတော်သို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး တက်ရောက် ရုပ်သံ

Sunday, September 9, 2012

KNUနှင့် အစိုးရ၏ ၃ကြိမ်မြောက် ဆွေးနွေးပွဲရုပ်သံ

KNUနှင့် အစိုးရ၏ ၃ကြိမ်မြောက် ဆွေးနွေးပွဲ ရုပ်သံ ဦးအောင် မင်းရဲ့ ပေါကြောင်ကြောင် နိုင် လွန်းလှပြီး ဝှေ့လည်ကြောင်ပတ် ပြောဆို ဆွေးနွေးနေပုံနဲ့ ဗမာစစ်တပ် ရတခ တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း ရဲ့ ဒေါသထွက်စ ရာ  ကောင်းလောက်  အောင် ဖြစ်ခဲ့ရတဲ့  ပြောဆိုဆွေးနွေးချက်တွေနဲ့ ဗမာစစ်တပ်ရဲ့ ခေါင်းမာပုံတွေကို အဲသည် အစည်းအဝေးမှာ ထင်ထင်ရှားရှား တွေ့ရပါမယ်။ ဒီလို လူတွေရဲ့ ပြောဆို ဆွေးနွေးပုံကို ကြည့်ခြင်းအားဖြင့် စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး ဘယ်လောက်ထိ ဖြစ်လာမလဲဆိုတာ သုံးသပ်ဝေဖန်လို့ ရပါတယ်။ အဲဒီအစည်းအဝေးကို ဖားအံမြို့ ဇွဲကပင်ဟိုတယ် (September3 - 4, 2012 မှာ ပြုလုပ်ခဲ့ပြီး နှစ်ဖက် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းများဆိုင်ရာ သဘောတူညီချက်(မူကြမ်း)ကို လက်မှတ်ရေးထိုးခဲ့ကြတယ် ဆိုပြီး သိရပါတယ်။ 


Saturday, September 8, 2012

OKRSOအဖွဲ့၏ နှစ်(၂၀)ပြည့် နှစ်ပတ်လည် အခမ်းအနား ရုပ်သံ

OKRSOဟု အမည်ရသည့် အဝေးရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု စောင့်ရှောက်ရေး အသင်း၏ အနှစ် ၂၀ပြည့် နှစ်ပတ်လည် အခမ်းအနား မှတ်တမ်း ရုပ်သံဖြစ်ပါတယ်။ ပြည်ပရောက် ကရင့်လူမှု အဖွဲ့အစည်းများထဲတွင် သက်တမ်း အရင့်ဆုံး ကရင့် လူမှုရေး အဖွဲ့လို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ခန့်က အမြော်အမြင်ရှိတဲ့ မျိုးချစ်ကရင်တွေရဲ့ ပြုစုပျိုးထောင်မှုနဲ့ လက်ဆင့်ကမ်း သမိုင်းပေး တာဝန် ထမ်းဆောင်ခဲ့သူ မျိုးချစ်ကရင်တွေကြောင့် ယနေ့အချိန်ထိ OKRSOဆိုတဲ့ အဖွဲ့အစည်းကြီး ကိုယ့်မြေ ကိုယ့်ရေနဲ့ ဝေးကွာနေတဲ့ ကရင့်အမျိုးသားတွေရဲ့ အရေးကို တစိုက်မှတ်မှတ် ထမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ OKRSOရဲ့ နှစ် ၂၀ပြည့်နှစ်မှသည် နောင်နှစ်ပေါင်း များစွာအထိ အမျိုးသားရေး အကျိုး သယ်ပိုးနိုင်ပါစေး။


















Sunday, August 5, 2012

Chaeki Chaeue အမည်ရသည့် ပထမဆုံး ထိုင်းကရင် ဗီဒီယိုဇတ်ကားသစ်

Chaeki Chaeue အမည်ရသည့် ပထမဆုံး ထိုင်းကရင် ဗီဒီယို ဇတ်ကားသစ်ကို ထိုင်းနိုင်ငံ ရောက် ကရင်များမှ ရိုက်ကူးထားခြင်း ဖြစ်သည်။ အဆိုပါ ဇတ်လမ်းကို ရိုက်ကူးရာတွင်လည်း Chiabgrai Rajabhat University တက္ကသိုလ်မှ တကယ့် အဖြစ်အပျက်ကို ပြန်လည် ရိုက်ကူးထားခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ဒီဇတ်လမ်းတွင် ကရင် (စကော) ဘာသာနှင့် ထိုင်းဘာသာကို အဓိကထား ပြောဆိုပြီး အင်္ဂလိပ်စာတမ်း ထိုးထားသည့် ဇတ်လမ်းကောင်း တပုဒ်ဖြစ်သည်။ အချိန်ပေးပြီး ထိုင်းကရင်တို့၏ ကြိုးစားမှုကို အသိအမှတ်ပြု ကြည့်ရှူကြရန်နှင့် ထိုမှတဖန် ထိုင်းနိုင်ငံဖွား ကရင်လူမျိုးတို့၏ ဘ၀အခြေအနေမှန် တချို့ကိုလည်း ဒီဇတ်လမ်းကနေ ခံစားခွင့်တွေ သိရှိခွင့်တွေ ရရှိကြမည်ဟု မျှော်လင့်မိပါသည်။ ထို့အပြင် မိမိလူမျိုး၏ ကိုယ်ပိုင် ဘာသာစကား၊ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ရိုးရာ ယဉ်ကျေးမှုတွေကို တန်ဖိုးထား မြတ်နိုးလာအောင် ဒီဇတ်လမ်းကနေ တစိတ်တပိုင်း တင်ပြထားတာကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။ (အဲခေါင်သောင့်)

ဇတ်လမ်း ပထမပိုင်း

 ဇတ်လမ်း ဒုတိယပိုင်း
Thursday, June 14, 2012

ရခိုင်၌ တည်ငြိမ်မှု စတင် ရရှိနေ(ရုပ်သံ)


ရခိုင်ပြည်နယ်၏ မြို့နယ်၊ ကျေးရွာအများစု၌ အဓိကရုဏ်းများဖြစ်ပွားပြီး သီတင်းတပတ်ခန့် အကြာတွင် တည်ငြိမ်မှု တချို့ စတင် ရရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့၏ ရပ်ကွက်၊ ကျေးရွာများ၏ ယနေ့ အခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီး ပြည်သူတချို့ ပုံမှန်သွားလာနေ သည်ကို တွေ့ရကြောင်း၊ မြို့ပေါ်ရှိ ဈေးဆိုင်များ၊ ဆိုင်ခန်းများနှင့် ဘဏ်တချို့ကို ဖွင့်ထားပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ပြောပြသည်။

Saturday, June 9, 2012

နှလုံးသားရှိမှကြည့်ပါတဲ့



ကို အောင် ခင် မြင့် ဖိတ် ဘွတ် က ကူး ထားတာ ပါ။

သင့်မှာ စာနာတတ်တဲ့ နှလုံးသားရှိရင် ဒီဗွီဒီယိုဖိုင်ကို ကြည့်ပါ .....
မေလ ၃၀ ရက်နံနက်က အလုပ်သမားဆန္ဒပြမှုတွေဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံ ကို
ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက
လူငယ်တွေ ရောက်ရှိလာကြပြီး ဆန္ဒပြမှုတွေမပြီးသေးတဲ့ စက်ရုံအချို့ကစက်ရုံဝန်ထမ်းများကို
အားပေးစကားပြောကြားခဲ့ကြပါတယ်။
ဆန္ဒပြနေကြတဲ့ အလုပ်သမား(အများအားဖြင့်အမျိုးသမီးများ)များအတွက် မြန်မာနိုင်ငံလူငယ်များ
အစည်းအရုံးကဦးဆောင်ပြီး မေလ ၂၉ ရက်နေ့က ရုပ်ရှင်၊ဂီတ နဲ့စာပေ အနုပညာရှင်တွေဆီက
အလှူခံရရှိခဲ့တဲ့ ငွေကြေးနဲ့စားစရာတွေကို စက်ရုံများအားခွဲဝေပေးခဲ့ပါတယ်။
(အလှူရှင်တွေကတော့ ရုပ်ရှင်နဲ့ဂီတအနုပညာရှင် ထွန်းအိန္ဒြာဗို၊ တေးသံရှင်အနဂ္ဂ၊သံသာဝင်း၊
စာရေးဆရာမသန်းမြင့်အောင်)
စက်ရုံတွေမှာ စာသင်ခန်းထဲမှာရှိနေရမယ့် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကိုပါ
မြင်တွေ့ခဲ့ကြရပါတယ်။
မိန်ခလေးငယ်တွေရဲ့မျက်ရည်တွေကိုသုတ်ပေးဖို့ကြိုးစားရင်းသူကိုယ်တိုင်ပါမျက်ရည်ကျလုကျခင်
ဖြစ်နေတဲ့ ကိုမင်းကိုနိုင်ပါ။
Wednesday, June 6, 2012

ထိုင်းနာမည်ကြီး အဆိုတော် Caraboa၏ အင်္ဂလိပ်လို သီဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုသီချင်း

ထိုင်းနာမည်ကြီး အဆိုတော် Caraboa၏ အင်္ဂလိပ်လို သီဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
Wednesday, September 15, 2010

ပ်ုဟှုင်ဆိုဒ်္ဘံင်

ကရင်လူမျိုးများ နှစ်ပေါင်းများစွာ နောက်ကျ ကျန်ရစ်ခဲ့ရတဲ့အတွက် တခြားလူမျိုးများနောက်ကို အမှီ ပြန်လိုက်နိုင်ဖို့နဲ့ ဖားချင်းဖားချင်း ငါးချင်းငါးချင်း ပြန်စားတာကို ရပ်တန့်ကြဖို့ အိပ်ငိုက်နေဆဲဖြစ်သော ကရင်များနဲ့ ကိုယ့်ကိုယ်ကို ကရင်လို့ မသိသေး သူများအတွက် ဒီသီချင်းနဲ့ပဲ သတိပေးလိုက်ပါရစေ။ စလောင်းလောင်း သီဆိုထားပြီး ဆရာခီသောင့် ရေးစပ်ထားတဲ့ အမျိုးသားရေးအတွက် သီချင်းကောင်းလေး တပုဒ်ဖြစ်ပါတယ်။ အချိန်မရလို့ သီချင်းစာသားတွေကို ဗမာလိုမပြန်ပေးနိုင်တဲ့အတွက်လည်း အနူးအညွန့် တောင်းပန်အပ်ပါတယ်။