Friday, March 20, 2009

သြစတြေးလျားနိုင်ငံရောက် ကရင်လူငယ်များ၏ ၄ကြိမ်မြောက်နှီးနှောဖလှယ်ပွဲ အောင်မြင်စွာပြီးဆုံး

အဲခေါင်သောင့်၊ ဇန်န၀ါရီလ ၁၄ရက်နေ့ ၊ ၂၀၀၉
သြစတြေးလျားနိုင်ငံရောက် ကရင်လူငယ်များ၏ ၄ကြိမ်မြောက်နှီးနှောဖလှယ်ပွဲကို ဇန်န၀ါရီလ ၈ရက်မှ ၁၁ရက်နေ့အထိ နယူးဆော့ဝေးပြည်နယ် ဆစ်ဒနီရှိ လာဆာလူငယ်စခန်းတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု သိရှိရသည်။
နှီးနှောဖလှယ်ပွဲတွင် ပါဝင်တက်ရောက်ခဲ့ကြသည့် ကရင်လူငယ်များ

နှစ်နှစ်တကြိမ်ကျင်းပပြုလုပ်သည့် အဆိုပါနှီးနှောဖလှယ်ပွဲသို့ သြစတြေးလျားနိုင်ငံတ၀န်းလုံးရှိ ကရင်လူငယ် ၁၇၀ကျော် တက်ရောက်ခဲ့ပြီး လူငယ်များ တက်တက်ကြွကြွနှင့် ပူးပေါင်းပါဝင်သည်ကို တွေ့ ရသည့်အပေါ် အားရကျေနပ်မိသည်ဟု တက်ရောက်ခဲ့သူများက ပြောဆိုသည်။

အဆိုပါနှီးနှောဖလှယ်ပွဲတွင် နိုင်ငံခြားရောက်ကရင်လူငယ်များ တွေ့ ဆုံပြီးမိတ်သဟာရဖြစ်ရန်၊ ကရင်သမိုင်းနှင့် ရိုးရာအစဉ်အလာများကို သိရှိနိုင်ရန်၊ နိုင်ငံရေးနိုးကြားမှုရှိစေရန်နှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေ၇န်အတွက် ကျွမ်းကျင်သူများကို ဖိတ်ကြားကာ ရှင်းလင်းပြောကြားခြင်း၊ လူငယ်အချင်းချင်းအလွတ်သဘော အလုပ်ရုံဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့သည်။

ထို့အပြင် လူငယ်အချင်းချင်း ပိုမိုရင်းနှီးလာစေရန်အတွက် အားကစားပြိုင်ပွဲ၊ တေးဂီတဖျော်ဖြေပွဲများကိုလည်း ပြုလုပ်ပေးခဲ့သည်ဟု သိရရှိရသည်။
ဗစ်တိုရီးယားပြည်နယ်၊ မဲဘုန်းမြို့ မှ ကရင်လူငယ်များကလည်း နှုတ်ခွန်းဆက်သီချင်းကို အရှေ့ ပိုးကရင်ဘာသာဖြင့် သီဆိုနေပုံ

သြစတြေးလျားနိုင်ငံ ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို သြစတြေးလျားကရင်အဖွဲ့ က နှစ်နှစ်တကြိမ်ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်များအလိုက် အလှည့်ကျပြုလုပ်ခြင်းဖြစ်သည်။

ယခင်စီမီနာပွဲကို ဗစ်တိုရီးယားပြည်နယ် မဲဘုန်းလ်မြို့ တွင် ကျင်းပခဲ့ပြီး လာမည့် ၅ကြိမ်မြောက်နှီးနှောဖလှယ်ပွဲကို တခြားပြည်နယ်တခုတွင် ဆက်လက်ပြုလုပ်သွားမည်ဟုလည်း စုံစမ်းသိရှိရသည်။
အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment