Thursday, April 16, 2009

မြန်မာပြည်သို့ မုန်တိုင်းတခုဝင်နိုင်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် ကမ်းရိုးတန်းမှ တဆင့် ဖြတ်ကျော်၍ ပြင်းထန်သည့် ဆိုင်ကလုန်း မုန်တိုင်းတခု စနေနေ့ (ဧပြီ ၁၈ ရက်နေ့) တွင် ၀င်ရောက်နိုင်ကြောင်း မုန်တိုင်း သတိပေးသည့် Tropical Storm Risk (TSR) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဘင်္ဂလား ပင်လယ်အော်မှတဆင့် ၀င်ရောက်လာဖွယ်ရှိသည့် အဆိုပါမုန်တိုင်းသည် လေတိုက်နှုန်း ၁နာရီ် ( ၆၉ ) မိုင်နှုန်း အထိ ရှိနိုင်သည်ဟု ဗြိတိန်နိုင်ငံအစိုးရက ကူညီထောက်ပံ့ထားသည့် TSR အင်တာနက် စာမျက်နှာတွင် သတိပေးထားသည်။

အဆိုပါ မုန်တိုင်း၏ အမည်မှာ ဘီဂျလီ ( Bijli ) ဖြစ်သည်။

ယင်းမုန်တိုင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မိုးလေ၀သ နှင့် ဇလဗေဒ ညွန်ကြားမှူး ဦးစီးဌာန သတင်း ထုတ်ပြန်ချက်များကို ယနေ့ထုတ် သတင်းစာများတွင်လည်း ဖော်ပြထားသည်။

“မုန်တိုင်း၏အင်အားအဆင့်မှာ အဝါရောင်အခြေအနေသာဖြစ်ပြီး မြန်မာနိုင်ငံကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသေး” ဟု မိုး/ဇလ၏ ထုတ်ပြန်ချက်က ဆိုသည်။

ယမန်နေ့က မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြားတို့တွင် မုန်တိုင်းသတင်းကို ထုတ်လွှင့်ခဲ့ပြီးနောက် ဒေသခံများက စိုးရိမ်မှုများ ရှိနေကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက တံငါတည်များကို ပင်လယ်သို့ ငါးဖမ်းထွက်ခြင်း မပြုရန် သတိပေးထားသည်။

ပြီးခဲ့သည့် နှစ် မေလက မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူဦးရေ ၁ သိန်းကျော် ပျောက်ဆုံး၊ သေဆုံးခဲ့သည်။
ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment