Thursday, April 23, 2009

ကရင်လူမျိုးအလုပ်သမားများ မလေးရှားတွင် အဖမ်းဆီးခံနေရ

ဧပြီ ၂၃ရက်၊ နော်ဖြူသင်း (ကေအိုင်စီ)
ကရင်လူမျိုးများအပါဝင် မလေးရှားတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ ထောင်နှင့်ချှီု မလေးအစိုးရက ဖမ်းဆီးခြင်းကိုခံနေရသည်ဟု သိရှိရသည်၊

၂၀၀၉ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး ယခုအချိန်ထိတိုင် တောက်လျှောက် ဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်ရာ ဖမ်းဆီးခံရသူ များထဲတွင် ကရင်လူမျိုးအယောက်(၂၀)ကျော်ပါဝင်သည်ဟု မလေးရှားရောက် ကရင်အဖွဲ့အစည်း (အမ်ကေအို)ဥက္ကဌ မန်းစိန်သန်း က ကရင်သတင်းစဉ်ကို ပြောသည်၊

အများအားဖြင့် ဖမ်းဆီးခံရသူများမှာ တရားမ၀င် အလုပ်လုပ်နေကြသူများ။ ဗီဇာသက်တမ်းကုန်နေသူများနှင့် လက်ရှိအ လုပ်မှ အခြားတနေရာသို့ ရွေ့ပြောင်း အလုပ်လုပ်ကိုင်သူများ ဖြစ်သည်ဟု ၄င်းကပြောသည်၊

ယမန်နှစ်က ဖမ်းဆီးခံထားရသူများကို ထိုင်းနိုင်ငံမှတဆင့် မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ယခုလက်ရှိ ဖမ်း ဆီးထားသူများကို မြန်မာနိုင်ငံသို့ပြန်မပို့ဘဲ ထောင်ထဲတွင်ချုပ်ထားသည်ဟု မန်းသန်းစိန်က ပြောသည်၊

ကမ္ဘာ့စီးပွားရေး ဖရိုဖရဲဖြစ်ပွားမှုကြောင့် မလေးရှားနိုင်ငံတွင် စက်ရုံအလုပ်ရုံများပိတ်ပစ်ခဲ့ရသည့်အတွက် ပြည်ပအလုပ် သမားများအား အလုပ်ခွင်များတွင်မသုံးတော့ဘဲ မလေးနိုင်ငံသားများကိုသာ အလုပ်ခွင်တွင် ထားရှိမည့်ပေါ်လစီ စတင်ကျင့်သုံးနေ သည်ဟု ယနေ့နံနက်ပိုင်း ဘီဘီစီ အသံလွင့်အစီအစဉ်က ထုတ်လွင့်သွားသည်၊

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား (၃)သောင်းကျော် သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိပြီး အလုပ်သမား အများစု မှာ စားသောက်ဆိုင်။ ဆောက်လုပ်ရေးနှင့် စိုက်ခင်းလုပ်ငန်းများတွင် လုပ်ကိုင်သူများဖြစ်ကြောင်း (အမ်ကေအို) ဥက္ကဌ မန်းစိန်သန်းက ပြောပြချက်အရ သိရသည်၊
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment