Wednesday, July 8, 2009

ကရင်နှင့် ရခိုင်တော်လှန်ရေးသမားများ လွတ်မြောက်ရေးအတွက် အင်္ဂလန်တွင် ဆန္ဒပြ

လွန်ခဲ့သည် ၁၉၉၈ခုနှစ်က အိန္ဒိယရေတပ်၏ ဖမ်းဆီးမှုကြောင့် ယခုချိန်ထိ ဖမ်းဆီးခံရသည့် ကရင်နှင့် ရခိုင် ၃၄ဦးကို ချက်ချင်းလွတ်ပေးရန် အင်္ဂလန်နိုင်ငံရောက် ကရင်နှင့် ရခိုင်အမျိုးသားများက အင်္ဂလန်နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရှေ့တွင် လွန်ခဲ့သည့် ဇူလိုင်လ ၂၂ရက်နေ့က ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

၁၉၉၈ခုနှစ်က အိန္ဒိယစစ်တပ်ခေါင်းဆောင်များ၏ လိမ်လည်လည့်ဖြားမှုကြောင့် ကရင်နှင့် ရခိုင်တော်လှန် ရေး ရဲဘော် ၄၀ဦးတို့ အိန္ဒိယနိုင်ငံပိုင် အက်ဒမန်ကျွန်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ခေါင်းဆောင် ၆ဦးကို လည်း သွေးအေးအေးဖြင့် သတ်ဖြတ်လုပ်ကြံခဲ့ကာ ကျန် ၃၄ဦးကိုလည်း ယခုချိန်ထိ ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါတော်လှန်ရေးသမားများ လွတ်မြောက်ရေးအတွက် နိုင်ငံပေါင်း ၆နိုင်ငံတွင် တနေ့တည်း ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

သတင်း-အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment