မလေးရှားနိုင်ငံရောက် ကရင်အမျိုးသားများစုပေါင်းပြုလုပ်သည့် ကရင့်လက်ချည်ပွဲကို သြဂုတ်လ ၅ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ တရုတ်ဘုံကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်အရ လက်ချည်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌ မန်းဒုံရောင်းမှ လိပ်ပြာခေါ်ယူ ခြင်းအစီအစဉ်ကို အစပြုခေါ်ယူပြီး ကရင်အမျိုးသားအလံတော်ကို အလေးပြုကြကာ အောဟုအော ဟောင်(အရှေ့ပိုးကရင်ဘာသာ)သီးချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် MKO ဥက္ကဌ မန်းစိန်သန်းမှ အမှာစကားပြောကြားခြင်း ကရင့်ရိုးရာယဉ်ကျေးမှုအကြောင်းကို ပြောကြားခြင်း၊ လက်ချည်ပွဲဖြစ်ပေါ်လာပုံအကြောင်း မြန်မာဘာသာဖြင့် ဖတ်ကြားခြင်း၊ သ၀ဏ်လွာများ ဖတ်ကြားခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခြင်းများကို ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် ကရင်လက်ချည်ရာတွင် ပါဝင်သည့် ပစ္စည်း တမျိုးခြင်းအမည်ကို အဓိပါယ်ကို ဖွင့်ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။ မလေးရှားကရင်အဖွဲ့(MKO)ဦးစီးကျင်းပသည့် အဆိုပါပွဲသို့ မလေးရှားနိုင်ငံရောက် ကရင် ၃၀၀ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။
ဓါတ်ပုံနှင့် သတင်းအချက်အလက်- စောဂျက်(MKO)