Friday, August 14, 2009

ဘန်ကောက်မြို့တွင် ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပ

သတင်းနှင့်ဓါတ်ပုံ-ဖားစည်သံ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကရင့်အာဇာနည်နေ့အခမ်းအနားကို သြဂုတ်လ ၁၂ရက်နေ့ ၂၀၀၉ ခုနှစ်၊ မနက် ၉း၃၀ မှ ၁၁း၂၀နာရီတွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်ဟု သိရှိရသည်။
အဆိုပါအခမ်းအနားကို ပြည်ပရောက် ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့  (OKRSO)က ဦးစီးကျင်းပပြီး ဘန်ကောက်မြို့ တနေရာတွင် ကျင်းပ ခဲ့ကြခြင်း ဖြစ်သည်။

အမှာစကားပြောကြားနေသူ OKRSO မှ စောဆိမ့်ဖောင်။
အာဇာနည်နေ့ အခမ်းအနားအစီအစဉ်တွင် ကျဆုံးသော ကရင့်အမျိုးသားအာဇာနည်များကို ဂါရ၀ အလေးပြုကာ အာဇာနည်များ ၀မ်းနည်းခြင်းအထိမ်မှတ်အနေဖြင့် ငါးမိနစ်မျှ ငြိမ်သက် ပြီးနောက် အာဇာနည်ဖြစ်ပေါ်လာပုံ၊ ကရင့်အမျိုးသားအာဇာနည်ခေါင်းဆောင် စောဘဦးကြီးအတ္ထုပ္ပတ္တိ၊ မိန့် ခွန်းများနှင့် လက်ရှိ KNU ဥက္ကဌ စောတာမာလာဘော ၏ မိန့် ခွန်းများနှင့်အတူ တက်ရောက်ဖတ်ကြားခဲ့သည်။

ကရင့်တက္ကသိုလ်ကျောင်းသားများအဖွဲ့ (KUSG)မှ စောဘဦးကြီး မူ၎ချက်သီချင်းသီဆိုနေပုံ။
ထို့ နောက် ကရင့်အမျိုးသားအာဇာနည်ခေါင်းဆောင် စောဘဦးကြီး ချမှတ်ထားသော မူ(၄)ချက် သီချင်းဖြင့် (KUSG) ကရင်တက္ကသိုလ်ကျောင်းသားများအဖွဲ့ က ဂုဏ်ပြုသီဆိုပြီး လွမ်းသူပန်းခွေများဖြင့် ဂါရ၀ ဂုဏ်ပြုခဲ့ကြသည်။
အခမ်းအနားသို့ ဘန်ကောက်ရောက်ကရင်များ၊ (KUSG) အဖွဲ့ များနှင့် (OKRSO) အဖွဲ့ဝင်များ စုစုပေါင်း ၁၀၀ နီးပါးခန့်  တက်ရောက်ခဲ့ကြသည်ဟု သိရှိရပါသည်။

ဖါးစည်သံ
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment