DKBA တပ်ရင်း ၉၀၇ ဒုဗိုလ်မှူးကြီး စောနော်တယာ ဦးဆောင်တဲ့ တပ်တွေက သြဂုတ်လ ၃၀ ရက်နေ့ ည(၁၀)နာရီလောက်မှာ ဝင်ရောက်တပ်စွဲလိုက်တာကြောင့် KNU နဲ့ DKBA အကြား စစ်ရေးအရ တင်းမာမှူတွေ ရှိနေတယ်လို့  သိရပါတယ်။
ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များကို စစ်ဆေးနေသည့် ကေအဲန်အယ်လ်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမူတူးစေးဖိုး။
ဒီကေဘီအေတပ်ဖွဲ့ဝင်များကို စစ်ဆေးနေသည့် ဒီကေဘီအေစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောကျော်သန်း။
DKBA ဒုဗိုလ်မှူး စောနော်တယာရဲ့တပ်တွေဟာ စစ်စခန်းဆောက်လုပ်ဖို့နဲ့ စစ်ကတုတ်ကျင်းတွေ ဆောက်လုပ်ဖို့ စက်တင်ဘာ(၁)ရက် နေ့လည်မှာ ရွာသူရွာသားတွေကို လုပ်အားပေးဆင့်ခေါ် ခဲ့ကြောင်းသိရပါတယ်။
DKBA တပ်တွေ KNU နယ်မြေထဲ ဝင်လာတယ်ဆိုပေမဲ့ ကရင်အမျိုးသားအချင်းချင်း သွေးထွက်သံယို
ဖြစ်မဲ့ စစ်ပွဲမျိုးရှောင်ရှားလိုတာကြောင့် မဲကသာရွာထဲကို ဝင်ခွင့်ပြုခဲ့ကြောင်း KNU တပ်မဟာ(၆)
ဗိုလ်ကြီးထွဲနေက RFAကိုပြောပါတယ်။
ဗိုလ်ကြီးထွဲနေ။ ။ "ဒီ DKBA တပ်ရင်း ၉၀၇ ဗိုလ်မှူးစောနေတယာ သူ့ စစ်ကြောင်းက လူအင်အား(၄၀)
သူတို့ က ပထမခွင့်တောင်းတာ သူတို့ တချက်လောက် မဲကသာကိုရောက်အောင် သွားမယ်တဲ့။ အထက်က
ညွန်ကြားချက်ဖြစ်လို့  အဲဒါကျနော်တို့ ကီး ကရင်အချင်းချင်းဖြစ်တော့ ထိပ်တိုက်မှူပြသနာမဖြစ်အောင်
ကျနော်တို့ က လူတွေအကုန်လုံးပြန်ဆွဲနှုတ်ပြီးတော့ အဲဒါဟိုဒင်းခွင့်ပြုတယ်ပေါ့။ အဲဒီ မဲကသာရောက်တော့
မနက်ထဲက သူတို့ ပြန်မထွက်ဘဲ ဒီနေ့ လည် (၁၂)နာရီ အချိန်မှာ မဲကသာရွာသူရွာသားများကို ဒီ လုပ်
အားပေးတွေ တောင်းတယ်ပေါ့။ အခု သူမဲကသာရဲ့  အရှေ့ ဖက် တောင်ကုန်းကို ကတုတ်ကျင်းတွေတူး
တယ်။ ရွာနဲ့  ဒီတောင်ထိပ်ကြားမှာ စခန်းတခုပြန်ဆောက်တယ်။
တကယ်တော့ မဲကသာရွာ တဝိုက်နဲ့  မယ်ဇလီချောင်းတဝိုက် ဒေသတွေဟာ KNU ရော DKBAတွေပါ
ပြိုင်တူ လှုပ်ရှားနေတဲ့နေရာဖြစ်ကြောင်း ဒေသခံတွေက RFAကိုပြောပါတယ်။ ဘုရားသုံးဆူ
မဲကသာရွာတဝိုက်ေးသဟာ သဘာဝဘေးမဲ့ သစ်တော ကြိုးဝိုင်းတွေ ထူထူထပ်ထပ်ရှိတဲ့နေရာဖြစ်ကြောင်း
သိရပါတယ်။
မြန်မာစစ်အစိုးရက DKBA ဗိုလ်နှုတ်ခမ်းမွှေးတို့ တပ်တွေကို သစ်တန်ချိန် ၅၀၀၀ထုတ်လုပ်ခွင့်ပေးထားတာကြောင့် သစ်တောထူထပ်တဲ့ မဲကသာဓေသကို DKBA တပ်တွေအခုလို
ဝင်သိမ်းရတာဖြစ်ကြောင်း KNU ကို စစ်ရေးအရ ထိုးနှက်လာရင်တော့ ကေအန်ယူအနေနဲ့  ပြန်လည်
တိုက်ခိုက်သွားမယ်လို့ KNUတပ်မဟာ(၆)ဲ့ ရဲ့ ဗိုလ်ကြီးထွဲနေက ပြောဆိုပါတယ်။
ဗိုလ်ကြီးထွဲနေ။ ။"ကျနော်တို့  သတင်းရှိတာက ဟို ဗိုလ်နှုတ်ခမ်းမွှေးကို နအဖ က သစ်တန်ချိန် ၅၀၀၀
ထွက်ရှိဖို့ က မရှိတော့ဘူး။ အဲဒီ မဲကသာတောတခုဘဲ ရှိတော့တယ်ဆိုတော့ အဲဒီ မဲကသာကို ခြေကုတ်ယူု
တယ်။ မဲကသာကို ယူလိုက်ခြင်းအားဖြင့် လမ်းဆုံလမ်းခွလဲဖြစ်တယ်။ ဇုံနယ်တွေလဲ ဖြစ်တဲ့အတွက်ကြောင့်
KNUနယ်မြေကျဉ်းမြောင်းသွားအောင် ဟို KNUကို မောင်းထုတ်တဲ့သဘောမျိုးဖြစ်တယ်ပေါ့။
ဒါပေမဲ့ ကျနော်တို့ ဖက်ကိုတော့ ဝင်မတိုးဖို့  လိုတယ်ပေါ့။ ဝင်တိုးလာရင်တော့ ဒွ ကျနော်တို့ 
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ တော့ တာဝန်ရှိသေးတယ်ပေါ့။"