Saturday, October 24, 2009

ကေအန်ယူနှင့် ဒီကေဘီအေ ပဏမအဆင့် ဆွေးနွေးပွဲပြီးစီး


ထက်အောင်ကျော်
၂၃ အောက်တိုဘာ ၂၀၀၉-ဒီလ ၁၅ရက်နေ.က ကရင် ပြည်နယ် တနေရာမှာကျင်းပတဲ့ ကေအန်ယူနဲ. ဒီကေဘီ အေ ဆွေးနွေးပွဲဟာ ၁၅နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ဒါကြာင့် ပဏမအဆင့်သာ ရှိသေးပြီးနောက်ထပ် ဆွေးနွေးမူ.တွေ အများကြီး လုပ်ဖို.လိုနေသေးတယ်လို. ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ကေအန်ယူ ဗဟိုကိုယ်စားလှယ်တဦးက ပြောပါတယ်။

လျှို.၀ှက်ဆွေးနွေးပွဲရဲ. သဘောသဘာဝအရ ဆွေးနွေးတဲ့ နေရာ၊ဆွေးနွေးတဲ့ အကြောင်းအရာနဲ. တက်ရောက်သူ အမည် အသေးစိတ်ကို ထုတ်မပြောနိုင်သေးသလို သူအမည်နဲ.အသံကိုလည်း ထုတ်သုံးဖို. မသင့်သေးဘူး လို. အဲဒီကေအန်ယူ ဗဟိုကိုယ်စားလှယ်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီဆွေးနွေးပွဲအတွင်း ၂ဖက် အပစ်အခတ် ရပ်စဲရေးကိစ္စကို အလေးပေး ဆွေးနွေးခဲ့ကြောင်းနဲ. ဒီကေဘီအေဘက်က မြိုင်ကြီးငူဆရာတော်ဦးသုဇန ကိုယ်တိုင် ဦးစီးတက်ရောက်ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို. စာချုပ်စာတန်းပါ တပါတည်း ယူလာတာ တွေ.ရတယ်လို. အဲဒီကိုယ်စားလှယ်ကပြောပါတယ်။

ဒီကိစ္စအတွက် ကေအန်ယူ ဗဟိုကော်မတီမှာ ဘာမှကြိုတင် ဆွေးနွေးတာမျိုး မလုပ်ရသေးတဲ့အတွက် တထိုင်တည်းနဲ. လက်မှတ်ထိုးဖို. မဖြစ်နိုင်သေးကြောင်း၊ နောက်တကြိမ်ဆွေးနွေးပွဲမှာ ရှေ.တဆင့် တက်နိုင်လိမ်မယ်လို. သူမျှော်လင့်ကြောင်း
ဒီကေဘီအေ နဲ.ဆွေးနွေးရေးအတွက် တာဝန်ပေးအပ်ခံထားရသူ ကေအန်ယူ ဗဟိုကိုယ်စားလှယ်က ပြောပါတယ်။
ကေအန်ယူရဲ. ကဘောထားက ဒီကေဘီအေကို သီးခြားလွတ်လပ်တဲ့ အဖွဲ. တခုအဖြစ်မြင်ချင်ပြီး စစ်အစိုးရ လက်အောက်ခံ ဖြစ်နေတာမျိုး ဆက်လက် မမြင်ချင်ဘူးလို. ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ကေအန်ယူ စခန်းတွေကို ဒီကေဘီအေဘက်က လာတိုက်နေတာဟာလည်း ဒီကေဘီကေ ကိုယ်တိုင်ရဲ. သဘောထားမဟုတ်ဘဲ စစ်အစိုးရရဲ. ဖိအားပေးမူ.ကြောင့် ဖြစ်တယိဆိုတာ ကေအန်ယူ ဘက်က နားလည်ထားကြောင်း အဲဒီ အရာရှိကပြောပါတယ်။

ဒီကေဘီအေ နဲ. ကေအန်ယူ ဟာ ကရင်တမျိုးသားတည်း ဖြစ်တာကြောင့် ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို. မျှော်လင့်ထားပေမယ့် ဆွေးနွေးပွဲ ပြီးပြီးချင်း သတင်းပေါက်ကြားသွားတဲ့အတွက် နအဖ ဘက်က ဒီကေဘီအေ အပေါ်ဖိအားပေးမူ.တွေ တိုးလာနေလို. စိုးရိမ်နေရတယ်လို.လည်း အမည်မဖော်လို.တဲ့ ကေအန်ယူ ဗဟိုကော်မတီဝင် တဦးကပြောပါတယ်။


ဒီမိုကရက်တစ် မြန်မာ့အသံမှကူးယူဖော်ပြသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment