၂၀၀၉ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ့်ခေါင်းဆောင်ဆု ရရှိမည့်သူအား စတင်ရွေးချယ်တော့ မည်ဖြစ်သဖြင့် အဆိုပါဆုကို လက်ခံရယူနိုင်မည့် ကရင်လူငယ်များကို စာရင်းစတင်ပေး သွင်းနိုင်ပြီဖြစ်ကြောင်း အဆိုပါဆုကို တာဝန်ယူ ပေးအပ်နေသည့် ဖန်းဖောင်ဒေးရှင်းအဖွဲ့မှ တိုက်တွန်းနိုး ဆော်ထားသည်၊
ဖန်းဖောင်ဒေးရှင်းကို လုပ်ကြံမှုကြောင့် ကျဆုံးသွားခဲ့သည့် ပဒိုမန်းရှာလားဖန်းနှင့် ကွယ်လွန်သွား ခဲ့ပြီးဖြစ်သည့် ၄င်း၏ဇနီးနန့်ကျင်ရွေတို့အား အမှတ်တရအနေဖြင့် ကျန်ရစ်သူ သားသမီး ၄ဦးမှ တည်ထောင် ထားခြင်းဖြစ်သည်၊
အဆိုပါဆုပေးပွဲကို ယခင်နှစ်ကတည်းက စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုတကြိမ်ဆိုလျှင် ဒုတိယအကြိမ် မြောက် ပေးအပ်မည့် အစီအစဉ်တရပ်လည်း ဖြစ်သည်၊
အဆိုပါဆုကို ကရင်လူငယ်တဦးအားပေးအပ်မည့်ဖြစ်ကာ လူတဦးချင်းအနေဖြင့်သော်၎င်း အဖွဲ့အစည်းတခုခု ချင်းအနေဖြင့်သော်၎င်း ဆုရယူနိုင်မည့်သူတဦးကို ဒီဇင်ဘာ ၃၁ရက်နေ့ နောက်ဆုံး ထားကာ bwabwa.phan@phanfoundation.org ထံ ပေးပို့နိုင်ပြီဖြစ်သည်၊
အသေးစိတ်သိလိုပါက ဖန်းဖောင်ဒေးရှင်း http://www.phanfoundation.org/ ၀က်ဆိုက်ဘ်တွင် ဆက် လက်ဖတ်ရှူနိုင်ပါသည်။
သတင်းအချက်အလက်ပေးပို့သူ နန့်ဘွားဘွားဖန်းကို ကျေးဇူးတင်ရှိလျှက်။
Thursday, November 5, 2009
ပဒိုမန်းရှာလားဖန်း ခေါင်းဆောင်ဆု ရရှိမည့်သူအား စတင် ရွေးချယ်တော့မည်
Posted by
အဲခေါင်သောင့်
at
2:44 AM
Subscribe to:
Post Comments (Atom)