Thursday, November 19, 2009

အဘိဓမ္မာမဲ့

လက်ထဲက လေး
လေး မှန်း သိလျှက်။

လက်ထဲက မြား
မြားမှန်း သိလျှက်။

လေးနှင့်မြားကို
အင်အားတရပ်
မသုံးတတ်၍
ပစ်မှတ်မရှိ
လေး၏ တန်ဖိုး
မြားတန်ဖိုးတို့ မဲ့နေ၏။ ။

စစံဗြော (တွံတေး)

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) မှ ကရင်သက္ကရာဇ် ၂၇၄၁ ခုနှစ် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် ကရင့်ကြေးမုံစာစောင်မှ …

ဇွဲကပင်ဝက်ဆိုဘ်မှ တဆင့်ခံကူးယူဖော်ပြပါသည်။

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment