Monday, December 28, 2009

ကေအဲန်ယူ တပ်မဟာ(၅) တိုက်ခိုက်မှုကြောင့် နအဖ တပ်ဖွဲ့ဝင် ၁၀ယောက် ထိခိုက်သေဆုံး

အသက်ကို ဖက်နှင့်ထုတ်ကာ လှုပ်ရှားနေရရှာသည့် ရှေ့တန်းရောက် နအဖတပ်ဖွဲ့ဝင်တချို့ပုံ။

ကေအဲန်ယူလက်အောက်ခံ တပ်မဟာ ၅လက်အောက်ခံတပ်ဖွဲ့ဝင်များက နအဖတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ၂၀ရက်နေ့မှ ၂၃ရက်နေ့အတွင်း ၉ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နအဖတပ်ဖွဲ့ဝင် ၁၀ဦးထက်မက ထိခိုက်သေဆုံးသွားခဲ့သည်ဟု ကေအဲန်ယူသတင်းထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာများမှာ ထီးဘွဲဒေ့၊ ဆိုလူ၊ ဟိုကလိုစသည့် တပ်မဟာ ၅ဧရိယာအတွင်းရှိ နေရာ ၁၁နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ပွဲများအပြီး ကေအဲန်ယူမှ လက်နက် ၅လက်၊ MA-3 ၃လက်၊ MA-2 ၂လက်၊ ကာဘိုင် ၁လက်၊ ကျဉ်အိတ် ၇ခု၊ ကျဉ်ဆံ ၂၉၂တို့ကို သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း ကေအဲန်ယူဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဖာပွန်ခရိုင် ပြန်ကြားရေးဌာန သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။
ကိုးကား-ကွယ်ကလူကရင်ဘာသာဝက်ဆိုက်ဘ်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment