စောသန်းအောင် -၂၃နှစ်
ဝါသနာ -တိုက်ခိုက်ရေး
ပညာ -အထက်တန်းလွန်
ဇာတိ -ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ မဲဝါးကျေးရွာ
ကျနော်က ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ မဲဝါးကျေးရွာ ဇာတိ ကပါ။ ငယ်ငယ်တုန်းက ဖာပွန်မြို့မှာ နေပါတယ်။ ငါးတန်းနှစ် မှာ အဖေဆုံးသွားတော့ အမေက ကြက်မွေး၊ ၀က်မွေးပြီး တော့ ရတဲ့ငွေလေးနဲ့ပဲ ကျနော့်ကို ကျောင်းထားခဲ့ တယ်။ ကျောင်းနေတုန်းက အဓိကကြုံရတဲ့ အခက်အခဲတွေ ကတော့ ငွေရေးကြေးရေးပါပဲ။ ဖာပွန်မှာ ကျောင်းနေတာက အဆောင်မှာနေတယ်ဆိုတော့ ငွေတွေပိုကုန်တယ်။ အမေက ကျောင်းစရိတ်လောက်ပဲ အနိုင်နိုင် ရှာပေးနေရတယ်။ နောက်ပြီး ပြည်တွင်းမှာနေရတာ လူထုတွေအပေါ် စစ်တပ်က မတရားအနိုင်ကျင့်တာတွေ တွေ့မြင်ရတော့ ဒါတွေအတွက် တွန်းလှန်ဖို့ နယ်စပ်ကို ထွက်လာခဲ့ တယ်။
ဖာပွန်မှာ ဆယ်တန်းအောင်တော့ မယ်ရာမိုဒုက္ခသည်စခန်းမှာ Personal Development Course(PDC)ကျောင်း တနှစ်တက် ခဲ့တယ်။ နောက်တော့ နယ်စပ်မှာဖွင့်တဲ့ ကော်သဘလေး ဂျူနီယာကောလိပ်ကျောင်းမှာ ၂နှစ် ကျောင်းဆက်တက်တယ်။ အဲ့ဒီ ကမှတဆင့် ကေအဲန်ယူက ဖွင့်လှစ်တဲ့ အမှတ်စဉ်(၄) ဗိုလ်လောင်းသင်တန်းကို တက်လိုက်တယ်။ ကျောင်းနေတုန်းကတော့ ဘောဂဗေဒဘာသာရပ်ကို ယူထားတော့ စီးပွားရေးသမားပဲလုပ်မယ်လို့ စိတ်ကူးခဲ့ဘူးတယ်။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တာမဖြစ် ဘဲနဲ့ ဖြစ်လာတဲ့အရာတခုကို အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပေါ့။ မမျှော်လင့်ဘဲ အဲ့ဒီဗိုလ်သင်တန်းကို တက်လိုက်ရလို့ ကျ နော့်လူမျိုးအတွက် တတ်နိုင်တဲ့ တထောင့်တနေရာကနေပြီးတော့ ဆောင်ရွက်သွားမယ်လို့ ကျနော် ဆုံးဖြတ်ထားပါတယ်။
အနယ်နယ် အရပ်ရပ်မှာ ရောက်နေတဲ့ ကျနော်တို့လူငယ်တွေကို ပြောချင်တာက ကိုယ့်လူမျိုးတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ ကို ပြန်ကြည့်ပါ။ ကိုယ့်လူမျိုးကို မမေ့ကြပါနဲ့။ ကိုယ့်လူမျိုးတွေ ဘယ်လောက်ထိ ဒုက္ခရောက်နေတယ်ဆိုတာကိုလည်း တွေး ကြည့်ပါ။ ရတဲ့အခွင့်အရေးနဲ့ ပညာရေးကို လေ့လာဆည်းပူးကြပါ။ လူကြီးတွေပေးအပ်လာတဲ့ ပုခုံးပြောင်းတာဝန်တွေကို တတ် နိုင်တဲ့ တထောင့်တနေရာကနေပြီးတော့ ကိုယ့်လူမျိုးတွေ ဖိနှိပ်မှုဘ၀မှ လွတ်မြောက်လာတဲ့အထိ ဆက်လက်လုပ်ဆောင်သွား ကြပါလို့ ကျနော် ပြောချင်ပါတယ်။