Saturday, January 2, 2010

ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်ပြီး (KNU)မှ သဘောထား ထုတ်ပြန်ကြေညာချက်

OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI
www.karennationalunion.net
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပတ်သက်၍
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သဘောထား ထုတ်ပြန်ကြေညာချက်

1. ယနေ့ကာလသည် ကရင်တမျိုးသားလုံးအတွက် စည်းလုံးညီညွတ်ရေးသည် အရေးအကြီး ဆုံးသော အချိန်ဖြစ်သည်။
2. အာဏာရှင် နအဖ စစ်အုပ်စုသည် ကရင်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် နည်းမျိုးစုံဖြင့် အစီအစဉ်ရှိရှိ လုပ်ဆောင်လျှက်ရှိသည်။
3. ၁၅ နှစ်တာ ကာလအတွင်း ကရင်အမျိုးသားအချင်းချင်းကြား ပဋိပက္ခများစွာဖြစ်စေပြီး ကရင်အမျိုးသားများသာ နစ်နာဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရပါသည်။ ဤနစ်နာဆုံးရှုံးမှု များကြောင့် ကရင်အမျိုးသားထု တရပ်လုံးသည် များစွာ ၀မ်းနည်းကြေကွဲခဲ့ရ ပါသည်။
4. ကရင်အမျိုးသား စည်းလုံးညီညွတ်မှု ပြိုကွဲလာခြင်းကြောင့် ကရင်တမျိုးသားလုံး၏ ရန်သူဖြစ်သည့် ဖက်ဆစ် စစ်အာဏာရှင် နအဖသာလျှင် အကျိုးရှိစေခဲ့ပါသည်။
5. ယခုလာမည့် ၂၀၁၀ ခုနှစ်အတွင်း ကရင်အမျိုးသားများ၏ နိုင်ငံရေးအရ အရေးကြီးဆုံး လိုအပ်မှုမှာ ကရင်တမျိုးသားလုံး စည်းလုံးညီညွတ်မှုဖြစ်သည်။ ဤစည်းလုံးညီညွတ်မှုကို တည်ဆောက်ရာတွင် မျိုးနွယ်စုမရွေး၊ ဘာသာမရွေး၊ ဒေသမရွေး တည်ဆောက်မှသာလျှင် ကရင်အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။
6. ကရင်အမျိုးသား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်မှသာလျှင် အမျိုးသားရေး တာဝန်နှင့် ကရင်အမျိုးသား တော်လှန်ရေး၏ လှုပ်ရှားမှုသည် အာဏာရှင်စစ်အစိုးရ၏ ဖိနှိပ် အုပ်ချုပ်မှုအောက်မှ လွတ်မြောက်နိုင်မည် ဖြစ်သည်။ ၁၅ နှစ် ကာလအတွင်း အမျိုးသား စည်းလုံးညီညွတ်မှု ပြိုကွဲသည့် ခါးသီးသည့် ဘ၀သင်ခန်းစာများကို ပြန်လည် ဆန်းစစ် သုံးသပ်ပြီး ကရင်တမျိုးသားလုံး၏ အလံတော်အောက်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့်အတူ ပြန်လည်ပူးပေါင်းပြီး နအဖ စစ်အာဏာရှင် မတရားအုပ်ချုပ်မှုအောက်မှ ကရင်တမျိုးသားလုံး လွတ်မြောက်ရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားကြရန် KNU မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလျှက်ရှိကြောင်း ကရင်တမျိုးသားလုံးအား အသိပေးပန်ကြား အပ်ပါသည်။

ခရစ်သက္ကရာဇ် – ၂၀၁၀ ဇန်န၀ါရီလ (၁) ရက်

ဗဟို အလုပ်အမှုဆောင် ကော်မတီ

ကေအဲန်ယူ – ကရင်အမျိုးသား အစည်းအရုံး

ဗဟို
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment