Saturday, March 6, 2010

အပြည်ပြည်ဆိုင်ရာရှိ ကရင်များသို့ပန်ကြားချက်


ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေထိုင်နေကြတဲ့ ကရင်အမျိုးသားအပေါင်းတို့ခင်ဗျား

ဗမာစစ်အုပ်စုဟာ ကျုပ်တို့ ကရင်လူမျိုးအပါအဝင် တိုင်းရင်းသားတွေကို နှစ်ပေါင်း မြောက်များစွာ လူမျိုးတုံး သတ်ဖြတ်ရေး နည်းဗျူဟာတွေချမှတ်ပြီး နည်းပရိယာယ်ပေါင်းများစွာနဲ့ အစီစဉ်ရှိရှိ စံနစ်တကျလုပ်လာခဲ့တာ ဒီကနေ့ဒီအချိန်ထိလုပ်နေတာ
အားလုံးအသိဖြစ်ပါတယ်။

စစ်အာဏာရှင် အစိုးရရဲ့ လက်အောက်မှာ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ လူသားတယောက်အ ဖြစ် လူ့အခွင့်အရေးအပြည့်အဝ,ရရှိဘို့မဆိုထားပါနဲ့ လူ့အခွင့်အရေးဆိုတာ ဘာလဲ ဆိုတာကို မသိနိုင်အောင်ကို ဖိနှိပ်ရက်စက်မှုနည်းလမ်း
ပေါင်းစုံအောက် စိုးရိမ်ထိတ်လန့်မှုကြီးမားစွာ ရပ်တည်နေထိုင်နေကြရ,ပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေထိုင်နေကြတဲ့ ကရင်အမျိုးသားအပေါင်းတို့ခင်ဗျား ညီအစ်ကိုတို့အနေနဲ့ ဖိနှိပ်သတ်ဖြတ်မှု တွေကြားမှာ နေထိုင်နေကြရတဲ့ အဖိနှိပ်ခံအခြေ ခံပြည်သူလူထူအပေါ် လူ သားချင်း စာနာထောက်ထားမှုရှိပါတယ်ဆိုတာကို သက်
သေပြတဲ့အနေနဲ့ လာမယ့် March 09 2010နေ့မှာ တကမ္ဘာလုံးအတိုင်း အတာအနေနဲ့ တနေ့ထဲ တပြိုင်ထဲ ကိုယ် ရောက်ရှိနေထိုင်နေတဲ့ နိုင်ငံကနိုင်ငံ့ခေါင်းဆောင်တွေကို ဗမာစစ်အုပ်စုရဲ့လူမဆန်တဲ့အပြု အမူမှန်သမျှရပ်တန်းက ရပ်စေဘို့ မိမိတို့စွမ်းဆောင်နိုင်တဲ့ဘက်က ထုနဲ့ထည်နဲ့ စုပေါင်းလုပ် ဆောင်ကြပါစို့လို့တိုက်တွန်းဆော်သြလိုက်ပါတယ်။

အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ စင်္ကာပူ၊ မလေးရှားနှင် သြစတေတြးလျနိုင်ငံတို့မှ ကရင်များကလည်း ထိုနေ့တွင် နအဖမြန်မာသံရုံးအား သွားရောက်ဆန္ဒပြကြမည်ဖြစ်သဖြင့် ကရင်များရောက်ရှိရာနိုင်ငံများမှ အဖိနှိမ့်ခံပြည်သူတွေအတွက် ထထ ကြွကြွနိုးနိုး ကြားကြားဖြင့် ဆန္ဒအမှန်ကိုဖော်ထုတ်ကြဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာရှင်စံနစ် ကျဆုံးပါစေ။

မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment