ဖော်ပြပါအကြောင်း အရာနှင့် ပတ်သတ်၍ ၂၀၁၀ခုနှစ် မတ်လ ၉ ရက်နေ. အင်္ဂါနေ့ နံနက်၁၀နာရီ ၃၀မိနစ်တွင် တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို. ဟန်နန်းဒုန်ရှိ မြန်မာစစ်သံရုံးရှေ.၌ ကရင်လူငယ် အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြမူ.အစီအစဉ်များ ပြုလုပ်ခဲ့ကြပါသည်။ ထိုသတင်းစာ ရှင်းလင်းပွဲသို. ဖိတ်ကြားထားသော သတင်းထောက်များ၊ ကိုရီးယားလူမှု. အဖွဲ.အစည်းများနှင့် အတူ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် (လွတ်မြောက်နယ်မြေ ကိုရီးယား)ချင်းအမျိုးသားအဖွဲ. အစည်းတို.မှ တက်ရောက်ခဲ့ကြပါသည်။
အခမ်းနားအစီအစဉ်ကို ကြွေးကြော်သံများနှင့် စတင်ခဲ့ပြီး ကရင်လူငယ် အစည်းအရုံးဥက္ကဌ စောလှိုင်မျိုးသိမ်း မှနိုင်ငံ(၁၀)နိုင်ငံမှ စုပေါင်းထုတ်ပြန် ကြေငြာချက်အား ဖတ်ကြားပြီး အတွင်းရေးမှုး စကက်နက်မိုး မှယနေ.လာရောက် သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ရခြင်းနှင့် ဆန္ဒပြမူ. အစီအစဉ် အကြောင်းအရာများကို ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်(လွတ်မြောက်နယ်မြေ ကိုရီးယား)ဌာနမှ ကိုဇော်မိုးအောင်က ပြောကြားပြီး၊ ချင်းအမျိုးသားအဖွဲ.အစည်းမှ ကိုဆလိုင်းဇမ်းလျင်ခိုင်.က ဖိနှိပ်ခံရသည်။ တိုင်းရင်းသားအရေးကိုပြောကြားပြီး ရုံးအဖွဲ.မှုး စောကျော်သက်ထွန်းမှ ကြွေးကြော်သံများ အော်ဟစ်ပြီး သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြမူ.အစီအစဉ်များကိုရုက်သိမ်းခဲ့ပါသည်။
ကရင်လူငယ်အစည်းအရုံး (ကိုးရီးယားဌာနခွဲ) ဘလော့မှ ကူးယူသည်။