Saturday, March 6, 2010

အရေးကြီးပြီး သွေးနီးကြပါစို့

မဟာလူမျိုးကြီးဝါဒ စွဲကိုင်ကျင့်သုံးတဲ့ နအဖအာဏာရှင် စစ်အုပ်စုဟာ ကရင်လူမျိုးအပါအ၀င် မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးစုများရဲ့ အသက်အိုးအိမ် စည်းစိမ်များကို ဆင်ခြင်တုံကင်းမဲ့စွာ ဖျက်စီးခဲ့သည်မှာ နှစ်ပေါင်းကြာပြီဖြစ်သော်လည်း ရပ်တန်းက မရပ်နိုင်သေးတဲ့အပြင် မိုက်မဲစွာပဲ ဆက်လက်ကိုင်စွဲ လုပ်ဆောင်နေတာကို မျက်ဝါးထင်ထင်ပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလို့ တကြော်ကြော်နဲ့ ဖိနပ်ကြားက နတ်စကားထွက်သည့်နှယ် ၀ါဒဖြန့်လုပ်ကြံပြောဆိုနေပါသော်လည်း လက်တွေ့မှာတော့ ဆီနဲ့ရေ မိုးနဲ့မြေလိုပဲ ကွာခြားလှပါတယ်။
ရိုးသားစွာ ရုန်းကန်လှုပ်ရှား အသက်မွေးနေကြတဲ့ တောတောင်ထဲက ကရင်လူမျိုးများကိုလည်း ရန်သူသဖွယ် တိုက်ခိုက်လုပ်ကြံတာကို ကြည့်ခြင်းအားဖြင့် ကရင်လူမျိုးအပါအ၀င် တိုင်းရင်းသားများအပေါ် မည်သို့မည်ပုံ ဆက်ဆံနေတာကို သိရှိနိုင်ကြမှာ ဖြစ်ပါတယ်။
သို့အတွက်ကြောင့် နိုင်ငံတကာရောက် ကရင်အမျိုးသားများက အဆိုပါ နအဖစစ်အာဏာရှင်ရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုပ်ပြီး လာမယ့် မတ်လ ၉ရက်နေ့မှာ ၄င်းတို့ရဲ့ ဆနကို ဖော်ထုတ်ပြသသွားမှာ ဖြစ်ပါတယ်။
မိမိတို့ ကရင်အမျိုးသားများရဲ့ ဖိနှိမ့်အနိုင်ကျင့်မှုမှ လွတ်မြောက်ရေးနဲ့ ဗိုလ်ချုပ်မောင်လှ ပြောသွားခဲ့တဲ့ ကရင်ကို နောင်တချိန်တွေ့ချင်ရင် ပြတိုက်မှာ သွားကြည့်ကြဆိုတဲ့ အဖြစ်မျိုး မရောက်သွားရေးအတွက် နိုင်ငံတကာမှာ ရောက်နေကြတဲ့ ကရင်အမျိုးသားများအနေနဲ့ လာမယ့် ၉ရက်နေ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနိုးဆော်လိုက်ရပါတယ်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

1 comments:

Anonymous said... at March 6, 2010 at 11:48 PM

All Karen need to be united. Speak up and represent our people. If we don't others will do. In that case they may not speak for us but for themselves. Our people are suffered and killed. We cannot just sit and wait for the help but stand up and fight.

Post a Comment