ယနေ့၂ဝ၁ဝ-ဝ၄-ဝ၅ရက်နေ့တွင် ကျရောက်သော ကရင့်အမျိုးသမီး အစည်းအရုံးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားတရပ်ကို ဆွီဒင်နိုင်ငံ (Sandviken)တွင် ကရင့်အမျိုးသမီး အစည်းအရုံးဝင်များ(ဆွီဒင်) ကဦးစီး ကျင်းပပြုလုပ်ခဲ့ပါသည်၊
အခမ်းအနားကို ကရင့်အမျိုးသားအလံတော်အား အလေးပြုခြင်းနှင့် စတင်ဖွင့် လှစ်ခဲ့ပြီး ကရင့်အမျိုးသမီး အစည်းအရုံးဥက္ကဌ မိန့်ခွန်းအား ဖတ်ကြားခြင်း။ ဆွီဒင်နိုင်ငံရောက် ကရင်ကလေးသူငယ်များ မိမိတို့စာပေ ရိုးရာယဉ်ကျေးမှု များမပြောက်ပျက်စေရေးနှင့် ကရင့်အမျိုးသား တော်လှန်ရေး လှုပ်ရှားမှုများအပေါ် သိရှိအမှတ်ရနေစေရေး၊ ပြည်တွင်းနှင့် နယ်စပ်တလျှောက်ရှိ ဒုက္ခရောက်နေကြသော မိမိတို့ ကရင့်အမျိုးသားများ၏ ဘဝကို နားလည် သိရှိ၊ ခံစားတတ်လာကြစေရေးတို့ကို ရည်ရွယ်ကာ ထားကဗျာ ရွတ်ဆိုခြင်းပြိုင်ပွဲများ အမျိုးသားရေး တော်လှန်ရေးနှင့် ပါတ်သက်သည့် သိသင့်သိထိုက်သော အကြောင်း အရာများအား အမေးအဖြေ ပြုလုပ်ခြင်းပြိုပွဲများ ယင်းတို့ အနာဂတ်ကာလတွင် အမျိုးသားရေးပါဝင် ပါတ်သက်လာစေရေးအတွက် လမ်းညွန်သည့် ကျပန်းစကားပြောပြိုင်ပွဲများ တို့ကို လုပ်ပေးခဲ့ကာ ဆုများ ချီးမျြင့်ပေးခဲ့ကြောင်းနှင့် နောက်နောင်လဲ ကရင်လူငယ် မောင်မယ်များ မိမိတို့ကရင့်ဘဝများကို သိရှိ နားလည်ခံစားပြီး မမေ့မလျှော့ဘဲ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှုများကို စိတ်ပါဝင်စား လာကြစေမည့် အလားတူ အလားတူ အခမ်းအနားအား ဦးဆောင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အခမ်းအနားအား ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့သည့် ဆရာမနန်းမြင့်မြင့်အေးမှ ပြောကြားခဲ့ပါသည်။
အခမ်းအနားအား (Sandviken)မြို့ရှိ ကရင်လူကြီး လူငယ်(၆၀)ခန့် တက်ရောက် အားပေးခဲ့ကြပါသည်။ အခမ်းအနားအား ကရင်အမျိုးသားသီချင်းဖြင့် ရုပ်သိမ်းခဲ့ပါသည်။
(KWO)ဆွီဒင်
သတင်း-KWO(ဆွီဒင်)
သတင်းပေးပို့သူ-Naw Poepar
သတင်းပေးပို့သူများအား ကျေးဇူးတင်ရှိပါသည်။
အဲခေါင်သောင့်