Monday, April 12, 2010

ကရင်ပြည့်သူ့ပါတီ အတွင်းရေးမှူး စောစေးဝါးညွန့်နှင့် ဆက်သွယ်မေးမြန်းချက်

နော်နိုရင်း(ဒီဗီဘီ)
၂၀၁၀ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြတဲ့ ပါတီတွေထဲက တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ကရင်ပြည်သူ့ပါတီနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားပြီးဖြစ်တဲ့ ကရင်ပြည်သူ့ပါတီက အတွင်းရေးမှူးစောစေးဝါးညွန့်ကို တယ်လီဖုန်းနဲ့ အခုလို ဆက်သွယ် မေးမြန်းထားပါတယ်။

ဆရာတို့ရဲ့ ပါတီမူဝါဒက ဘာလဲရှင့်။
သိတဲ့အတိုင်းပဲလေ အခုနိုင်ငံတော်ပြန်လည်တည်ဆောက်ရေးမှာ တို့လည်းပါဝင်တဲ့ သဘောပေါ့ ဒါအ ခြေခံပဲ အချို့လည်း အဲဒါပါပဲ။

ဟုတ်ကဲ့--ဆရာတို့ရဲ့ အခုလက်ရှိပါတီအင်အားရော ဘယ်လောက်လောက်ရှိပြီလဲရှင့်။
ပါတီအင်အားက စည်းရုံးရေးအပိုင်းကတော့ အမှန်ကတော့ သူ့မူအရတော့ မှတ်ပုံတင်ကျမှ ရမှာလေ။ ဒါပေမဲ့ တို့ကတော့ ရှိပါတယ်။ ၁သောင်းပတ်ဝန်းကျင်တော့ ရှိပါတယ်။

ဆရာတို့ က ဒီရွေးကောက်ပွဲဝင်မယ်ဆိုရင် မဲဆနနယ်ဘယ်နှစ်နယ်ဝင်မှာလဲ။
အားလုံး အခြေအနေပေးတဲ့နေရာ ၀င်ပါမယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောတာလားရှင့်။
တနိုင်ငံလုံး အတိုင်းအတာပေါ့။

နောက်တော့ရော ဆရာတို့ ဒီပါတီ ရံပုံငွေရော ဘယ်လိုမျိုးရှာမလဲရှင့်။
ရံပုံငွေက ထုံးစံအတိုင်းပဲလေ တို့ပါတီအသင်းသားတွေဆီက ယူမယ်။ ကျနော်တို့ပါတီအသင်းသား စေတနာရှိတဲ့ ပုဂ္ဂိုလ်တွေဆီကနေ အလှူခံမှာပေါ့။ အဓိကတော့ အဲဒါပါပဲ။

ဆရာတို့ပါတီက တကယ်ကရင်ပြည်သူတွေအတွက် ဟိုဟာဖြစ်မလား။ ဒါမှမဟုတ် တနိုင်ငံလုံး ပြည်သူတွေအတွက် ဘယ်လိုရပ်တည်မလဲရှင့်။
တို့ပါတီနာမည်ကြည့်ရင် သိသာတယ်လေ ကရင်ပြည်သူ့ပါတီဆိုတာ ကရင်အမျိုးသားရ/ဲ့ ပါတီ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပါတီဖြစ်တယ်။ အဲဒါအားလုံးပေါ့လေ။ တဆင့်တဆင့် လုပ်သွားမယ့် ကိစ္စတွေပါ။

တကယ်လို့ဆရာတို့ ရွေးကောက်ပွဲဝင်လို့ရမယ် ၀င်ရောက်ယှဉ်ပြိုင်နေမယ်ဆိုရင် ပါတီင်္အာဏာရလာလို့ရှိရင် ပြည်သူတွေအတွက် အဓိက ဘာတွေ လုပ်ဆောင်ပေးမလဲရှင့်။
အဲဒါတွေတော့ တော်တော်ကျယ်ဝန်းတယ်၊ အခုလိုအပ်ချက်တွေတော့ အများကြီးပဲလေ။ အဲဒါတွေတော့ တို့တော့ မပြောချင်သေးဘူးလေနော်။ ဒါပေမယ့် ဒီအထိလည်း တို့မျှော်မှန်းချက်မားသေးပါဘူး၊ တဆင့်တဆင့်စဉ်းစားရမယ့် ကိစ္စပါ။

အခုလက်ရှိ ပါတီမှတ်ပုံတင်ထားတဲ့ကိစ္စက အကြောင်းပြန်လာတာမျိုး ရှိပြီလားရှင့်။
မလာသေးဘူး အဲဒါတို့စောင့်နေတယ်လေ။

ကရင်ပြည်သူတွေအတွက် အဓိက ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ဒီကရင်ပြည်သူတွေအနေနဲ့ရော ဆရာတို့ပါတီကို ထောက်ခံမယ်လို့ မျှော်လင့်လားရှင့်၊ ယုံကြည်လား။
လုံးဝအပြည့်အ၀ယုံကြည်တယ် ဘာဖြစ်လို့လည်းဆိုတော့ ပြည်တွင်းကလူတွေ ကရင်အမျိုးသားတွေက သူတို့ဦးဆောင်မှုလိုနေတယ်လေ။ ဒါကြောင့် ဒီကိစ္စလုပ်နေရတာပေါ့။ လုံးဝယုံကြည်ပါတယ်။

တချို့လူတွေက ပြောတယ်။ ဒီရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီူးတော့ လေ ၂၀၀၈ အခြေခံဥပဒေကနေ ယူထားတဲ့ ရွေးကောက်ပွဲဥပဒေက တရားမမျှတဘူးလို့ ဘယ်ပါတီကပဲ ဖြစ်ဖြစ် ၀င်လို့ရှိရင်လည်း သူအာဏာရမှာ မဟုတ်ဘူးလို့ ပြောတယ်လေ။ အဲတော့ ဆရာတို့အနေနဲ့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲရှင့်။
အဲဒီဟာကတွေ တို့ပါတီလျှောက်ကတည်းက အားလုံးက ဒီအခြေခံဥပဒေကို လက်ခံထားပြီးသားဖြစ်တယ်ဆိုတာကို သူတို့ ဟိုဥစ္စာလုပ်ရတာလေ။ အဲဒါကြောင့် တို့ကိုလည်း တို့မူအရပေါ့ တို့လက်ခံတယ်။ တဆင့်တဆင့် ဒီလူတွေကို ချည်းကပါရမယ့်ကိစ္စဖြစ်တဲ့အတွက် တို့လက်ခံခြင်း ဖြစ်တယ်။ အဲလိုပဲ တို့ယုံကြည်တဲ့အတွက် ဒါကိုလည်းတို့ လက်ခံခြင်း ဖြစ်တယ်။ ဘာမှ အထူးအထွေပြောစရာမရှိပါဘူး။ အားလုံးဝိုင၈်းဝန်းပြီးတော့ အားပေးကြပါတယ်။ တို့အကြောင်းကို လေ့လာပြီးတော့ လေ အဲဒါပဲ ပြောချင်ပါတယ်။
ဒီဗီဘီ သတင်းဌာနမှ ကူးယူဖော်ပြပါသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment