ဒီကေဘီအေ၏ ၁၅နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ် နေ့ကို ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က ဒီကေဘီအေ ဗဟိုဌာနချုပ် မြိုင်ကြီးငူတွင် ကျင်းပပြုလုပ်ခဲ့သည်။ ကေအဲန်ယူမှ ခွဲထွက်ပြီး ဒီကေဘီအေအဖွဲ့ ရပ်တည်ခဲ့သည်မှာ ၁၅နှစ်ပြည့်သည့် အထိမ်းအမှတ်အနေဖြင့် အဆိုပါ အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်သော်လည်း အဆိုပါ အခမ်းအနားသည် ဒီကေဘီအေအတွက် နောက်ဆုံးသော အခမ်းအနားသာ ဖြစ်မည်ဟု အများက ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်ခေါ် ခြံစည်းရိုးကြက်ဆူပင် အသွင်ကူးပြောင်းရေးကို ဒီကေဘီအေ ခေါင်းဆောင်များက ပြီးခဲ့သည့်နှစ် မေလက လက်ခံခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒီကေဘီအေကို နယ်ခြားစောင့်တပ်ခေါ် ခြံစည်းရိုးကြက်ဆူပင် စတင်အသွင်ပြောင်းရန် စစ်အစိုးရမှ စတင်ကိုင်တွယ်မှုများ မရှိသေးသော်လည်း လာမယ့် ဇွန်လတွင် အပြီးအသတ်ဆောင်ရွက်သွားမည်ဟု ပြည်တွင်းမှ လာသည့် သတင်းများအရ သိရသည်။ နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့် အစီအစဉ်ကို ဒီကေဘီအေ ဘက်မှ ပထမဆုံး လက်ခံအတည်ပြုခဲ့သည့် ပထမဆုံး အပစ်ရပ်ကရင်အဖွဲ့တဖွဲ့ ဖြစ်သော်လည်း အသွင်ပြောင်း မည့်ကိစ္စနှင့် ပတ်သက်ပြီး ဒီကေဘီအေအတွင်းတွင် သဘောထားကွဲလွဲမှုများရှိနေသည်ဟု ဒီကေဘီအေနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရပါသည်။
နောက်ဆုံးသောဒီကေဘီအေနေ့ဟု အများက သတ်မှတ်သည့် အခမ်းအနားပုံကို အောက်တွင် ဆက်လက်ရှူစားနိုင်ပါသည်။
ဓါတ်ပုံများကို ကေအိုင်စီဝက်ဆိုက်ဘ်မှ ကူးယူသည်။
Monday, April 12, 2010
Subscribe to:
Post Comments (Atom)