Tuesday, April 27, 2010

KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ မြန်မာစစ်အစိုးရထံ ပေးပို့သည့် ထုတ်ပြန်ကြေညာချက်

ဘာသာပြန်-နော်ဖောအိုမူး
KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုဌာနချူပ်
ထို့ကော်ကိုး၊ ကရင်ပြည်နယ်

ဒုတိယဗိုလ်မှူးကြီး ရဲမြင့်
စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်
နေပြည်တော်

ဧပြီလ ၂၂ရက်နေ့တွင်KNU/KNLA ငြိမ်းချမ်းရေးကောင်စီ
မြန်မာစစ်အစိုးရထံ ပေးပို့သည့် ထုတ်ပြန်ကြေငြာချက်

၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် မော်လမြိုင်မြို့၌ အသင်တို့ KNU/KNLA ဗဟိုအလုပ်အမူ ဆောင်ကော်မတီနှင့် အစည်းအဝေးလုပ်ခဲ့တယ်။ သူတို့ကိုမြန်မာစစ်အစိုးရအဖွဲ့ ဖြစ်လာဖို့ အသင်တို့ရဲ့အဆိုပြုချက်ကိုလက်ခံဖို့ သူတို့ကို ဖိအားပေးခဲ့တယ်လို့ သူတို့က ကျွန်ုပ်ကို တင်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်တော်တို့ကို နယ်ခြား စောင့်တပ် ဖြစ်ဖို့ အသင်တို့ ဖိအားပေးခဲ့တယ်။ ယခုတစ်ခါ မြန်မာပြည်သူ့စစ်အဖွဲ့ဆိုတဲ့ နာမည်အသစ်နဲ့ ကျွန်ုပ်တို့ကိုအားပေးလာ ပြန်တယ်။ ကျွန်တော် ရှင်းလင်းချင်တာ တစ်ခုက အသင်တို့ ဘယ်လိုနာမည်တွေနဲ့ပဲ လာလာ ကရင်လူမျိုးတွေရဲ့ ဘ၀လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်စီးမယ့် ဘယ်လို စစ်စီမံချက်ကို မဆို ကျွန်ုပ်တို့ ငြင်းပယ်တယ်။ အဲဒီအပြင် အသင်တို့ဟာ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်မူဝါကို ဆန့်ကျင်ပြီး တီဗွီနဲ့ သတင်းစာအားလုံးများမှာ ၀ါဒဖြန့်ခြင်းကို လုပ်ဆောင်နေပါတယ်။ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးနှင့်သာ နိုင်ငံကိုတိုးတက်စေပါ။ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးနှင့်သာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အောင်မြင်စေပါသည်။ အသင်တို့ စစ်အစိုးရရဲ့အဆိုပြုချက်ဟာ အသင်တို့ရဲ့ ကိုယ်ပိုင်မူဝါဒကို ဆန့်ကျင်နေပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း နယ်ခြားစောင့်တပ်ဖြစ်ဖို့ ကျွန်ုပ်တို့ဆီကို အဆိုတင်သွင်းတာဟာ ပြသာနာအမျိုးမျိုးဖြစ် အောင်နိုးဆွခဲ့ပြီး ယနေ့ ကရင်ပြည်နယ်အတွင်းမှာ ရှိတဲ့အပြစ်မဲ့ ကရင်လူမျိုးများကို ထိခိုက်နေဆဲဖြစ်တယ်။ နယ်ခြားစောင့်တပ် အဆိုတင်သွင်းချက်ကိုချက်ချင်း လက်ခံလိုက်တဲ့ အချို့ပြည်သူ့ စစ်အုပ်စုတွေဟာ ကရင်ရွာသားတွေဆီကနေပြီး စစ်သားများစု ဆောင်းပြီး တစ်ရွာမှာ ၅ ယောက်ကနေ ၁၀ ယောက်အထိ တောင်းဆိုနေပါတယ်။ အကယ်၍ အိမ် ထောင်စုများမှ လိုက်နာခဲ့ခြင်း မရှိခဲ့လျှင် ဒဏ်ငွေတစ်သိန်းအား တစ်နှစ် သုံးခါ ပေးဆောင် ရပါတယ်။ အိမ်ထောင်စုများဟာ မိမိတို့ရှိသမျှအားလုံးရောင်းချရပြီး ပှိုင်ဆိုင်မှူကြီးကြီးမားမား ပေးဆောင်ရတယ်။ တစ်မိသားစုတွင် ဆိတ်တစ်ကောင်သာ ရှိပြီး နယ်ခြားစောင့်တပ်မဖြစ်ဖို့ မိမိတို့မှာ ရှိသမျှပိုင်ဆိုင်သမျှအရာကို အတင်းအဓမ္မရောင်းချစေခဲ့ပါတယ်။ တစ်ချို့က သူတို့လယ်ယာ ဒါမှမဟုတ် နွားတွေကိုရောင်းချရပါတယ်။ တီဗွီနဲ့သတင်းစာများမှာ ဖော်ပြထားတဲ့ မူဝါဒအရ နိုင်ငံကို ရှေ့ဆက်ရမယ့်အစား အသင်တို့ရဲ့ နယ်ခြားစောင့်တပ် အစီအစဉ်ဟာ ကြောက်ရွံ့ခြင်း၊ ဆင်းရဲခြင်း၊ လှုံခြုံမှုမရှိခြင်း၊ ထိတ်လန့်ခြင်းတွေနဲ့နေနေရတဲ့
ရွာသားများအကြား ပြသာနာများစွာ ဖန်တီးပေးနေပြီး လူတွေရဲ့ငြိမ်းချမ်းစွာ နေထိုင် နေခြင်းကို အနှောင့်အယှက်ပေးလျှက် ရှိပါတယ်။ ကျွန်တော်ရှေ့ဆက် ထပ်မပြောခင်မှာ အဓိကမေးခွန်းသုံးခုကိုဖြေကြား စေချင်ပါတယ်။

၁. ကရင်ပြည်နယ်အတွင်း ရွာပေါင်းထောင်ပေါင်းမြောက်များစွာမှာ ကောက်ခံထားတဲ့ ငွေတွေဘယ်မှာလဲ? အဲဒီငွေတွေဘယ်ရောက်သွားတာလဲ?
၂. မီဒီယာတွေမှာဖော်ပြခဲ့တဲ့ ခင်ဗျားတို့မူဝါဒဟာ အသင်တို့ရဲ့ စစ်ညွန်ကြားချက်နဲ့ ဆန့် ကျင်ပြီးပြောဆိုနေတာကို အသင်တို့ဘယ်လိုဖြေရှင်းမလဲ။
၃. ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှာ ကရင်ပြည်နယ်မှာ ရှိတဲ့ ကရင်လူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငြိမ်းချမ်းရေး ရယူပြီးတဲ့နောက်ပိုင်း မှာ ခင်ဗျားတို့ ကတိအတိုင်း တည်ခဲ့သလား…
အထက်မှာ ဖော်ပြခဲ့သလိုပဲ အသင်တို့ရဲ့ နယ်ခြားစောင့်တပ်ချမှတ်ရေးစီမံကိန်း ဟာပြသာနာများစွာကို မွေနှောက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ကရင်ရွာသားများဟာ ကျွန်ုပ်ဆီကို ရောက်လာကာ ကျွနုပ်တို့ဆီက အကူအညီတောင်းခံခဲ့ပါတယ်။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအနေနဲ့ အာဏာရှိသူများနှင့် ဒီမဟာမိတ် စစ်အုပ်စုအဖွဲ့အား ပြည်သူ များကို ခြိမ်းခြောက်ခြင်း သို့မဟုတ် ပြသာနာရှာခြင်းမျိုး မပြုလုပ်ရလေအောင် ကြားဝင်ပြော ဆိုရမယ့် တာဝန်ရှိပါတယ်။ ဒီလို ပြသာနာတွေကို ကျွန်ုပ်တို့ဘက်မှ ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ခဲ့တာ အလွန်ကောင်းပါတယ်။ ဒါမှမဟုတ်ပါက သန်းပေါင်းများစွာသော ရွာသားများဟာ ဒုက္ခသည်များအနေဖြင့် ထိုင်းနိုင်ငံသို့ထွက်ပြေးရမှာ ဖြစ်တယ်။ ယနေ့နိုင်ငံဟာ စစ်စီမံကိန်းကို နောက်ထပ် မလိုအပ်တော့ပါ။ ယနေ့ နိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိုသာ လိုလားပြီး ငြိမ်းချမ်းသော ဒီမိုကရေစီအသွင်သို့ ကူးပြောင်းရေးကိုသာ လိုလားတယ်။
အသင်တို့ကို ကျွန်ုပ်တစ်ခုပညာပေးချင်ပါတယ်။ ရွေးကောက်ပွဲဟာ ရွေးချယ်ခြင်းမဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ပြည်သူများအတွက်နှင့် ပြည်သူများမှရွေးချယ်ခြင်းသာဖြစ်တယ်။
အကယ်၍ ဒီလာမယ့် ရွေးကောက်ပွဲဟာ ရွေးချယ်ပွဲဖြစ်ခဲ့မယ်ဆိုရင် ကွဲပြားခြင်းနှင့် ညီညွတ်မူ မရှိခြင်း၏ ပြသာနာများ ဖြစ်လာနိုင်ပြီး လာဘ်ပေးလာဘ်ယူမူများ ပိုမိုများပြားပျံနှံ့လာကာ ဒီနိုင်ငံကြီး တစ်စစီပြိုလဲသွားမှာကို ကျွန်ုပ်အလွန်စိုးရိမ်မိပါတယ်။ တိုင်းရင်းသား လူမျိုးစုများအားလုံးဟာ အသင်တို့ရဲ့ခေါင်းဆောင်မူကို ဆက်လက်ယုံကြည်တော့မှာ မဟုတ် ဘူး။ ကျွန်တော်နားလည်ထားတာက အသင်တို့ဟာ မြန်မာပြည်နေရာဒေသအားလုံးမှာ အစိုးရကို ကိုယ်စားပြုတဲ့ ရွေးချယ်ပြီးသား ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပြီး သားဖြစ်တယ်။ ဒါပေမယ့် ဆန့်ကျင်ဘက် ပါတီတွေကိုတော့ ခွဲခြားခြင်းမရှိပဲနဲ့ လွတ်လပ်စွာ ပါဝင်ယှဉ်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ ပြည်သူများလည်း ရွေးချယ်မူ တစ်ခု ပြုလုပ်နိုင်ကြမှာ ဖြစ်တယ်။ ဆန့်ကျင်ဘက်ပါတီမရှိပဲနဲ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ အဲဒါဟာ ယုံကြည်စိတ်ချလို့မရတဲ့ ရွေးချယ် ခြင်းသာဖြစ်တယ်။
မော်လမြိုင်မြို့တွင် ၂၀၁၀ ခုနှစ်ဧပြီလ ၇ရက်နေ့က ငြိမ်းချမ်းရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့ အစည်းအဝေးပွဲမှာ အချက် ၅ ချက်ကို အသင်ထုတ်ဖော်ပြောခဲ့တယ်။

၁. မြန်မာ့စစ်တပ်၏ ကွပ်ကဲမူနှင့် ထိန်းချူပ်မှူအောက်မှာ ရှိတဲ့ ပြည်သူ့စစ်အုပ်စုဖြစ်လာရန် ၂၀၁၀ခုနှစ်ဧပြီလ ၂၂ရက် နောက်ဆုံးထားပြီး တုံ့ပြန်ပေးရန်။ အကယ်၍ သင်တို့ရဲ့ တုံ့ပြန် ချက်ဟာ ဆန့်ကျင်ဘက် သဘောထားဖြစ်ခဲ့တယ်ဆိုရင် ကျွန်ုပ်တို့ဟာ တရားဥပဒေနှင့် ဆန့်ကျင်နေတယ်လို့ အသင်တို့ခြိမ်းခြောက်လိုက်တာနဲ့ အတူတူပါပဲ။
၂. ကျွန်ုပ်တို့ရဲ့စစ်တပ်ကို တိုးပွားအောင် မလုပ်ပါနဲ့။
၃. အခြား တိုင်းရင်းသားလူမျိုးစုများနဲ့ဆက်သွယ်ခြင်းမျိုး ပြုလုပ်ဖို့ ခွင့်မပြုပါ။
၎.KNU နှင့် မတွေ့ဆုံပါနှင့်။
၅. ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးဆက်လက် မပြုလုပ်ရန်။ သို့မဟုတ် သူတို့ကိုမယုံကြည်ရန်။

သင်တို့ရဲ့တောင်းဆိုချက်အရ ကျွန်ုပ်စာကြောင်းတစ်ကြောင်းစီချင်း ရှင်းလင်းပြသွားမှာပါ။

၁. ကျွန်ုပ်ကြေငြာထုတ်ဖော်ချင်တာက KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟာ အကြမ်း ဖက်ခြင်း၊ ဆူပူသောင်းကျန်းခြင်း၊ လုံခြုံမူမရှိခြင်းသို့မဟုတ် ခြိမ်းခြောက်ခြင်းတွေနဲ့သာဖြစ် သော ပြည်သူ့စစ် သို့မဟုတ် ဘယ်လိုစစ်အုပ်စုမျိုးမှ ဖြစ်လာမည် မဟုတ်ပါ။ လာဒ်ပေး လာဒ်ယူမူ သို့မဟုတ်ခြိမ်းခြောက် ငွေညစ်ခြင်းများအတွက် စစ်အာဏာကို အလွဲသုံးစားပြုတဲ့
ကိရိယာလက်နက်တစ်ခု ဖြစ်လာမှာမဟုတ်ပါ။ နိုင်ငံကို အဆင့်နိမ့်အောင်
လုပ်ဆောင်နေတဲ့ နိုင်ငံရေးစစ်အာဏာရှင် ကျွန်ုပ်တို့ဖြစ်မလာနိုင်ပါ။ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီဟာ အသင်တို့စစ်အစိုးရ နိုင်ငံမီဒီယာတွေမှာ ဖော်ပြတဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးခြင်း မူဝါဒနှင့် ၀ါဒဖြန့်ချီမူအားလုံးကို ပံ့ပိုးရန်
ဖြစ်တယ်။
ကရင်ပြည်နယ်အတွင်း ညီညွတ်ခြင်း၊ လွတ်လပ်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းများ အတွက် ပေါင်းစည်းညီညွတ်ခြင်းနှင့် မျိုးချစ်စိတ်ဓါတ်အားမာန်များနှင့် ဆက်လက်လုပ်ဆောင်ရန်ဖြစ် တယ်။ ကရင်ပြည်နယ်အတွင်းရှိ လူထုများရဲ့ ကောင်းကျိုးသို့မဟုတ် နိုင်ငံအေးချမ်း သာယာရေးကို ကျွန်ုပ်တို့ ဒုက္ခပေးခြိမ်းခြောက်မယ့် လူမျိုးမဟုတ်ကြောင်း ရှင်းလင်း ပြချင်ပါတယ်။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် ကျွန်တော်တို့ငြိမ်းချမ်းရေးတပ်ဟာ
ကရင်ပြည်နယ်တွင်းမှာ ရှိတဲ့အပြစ်မဲ့ ကရင် လူထုအဖွဲ့အစည်းများကို အန္တရာယ်ပေးမယ့် အဖျက်ရန်သူများကို ချေမူန်းပြီး လူထုတွေရဲ့ဘ၀နဲ့ အသက်အိုးအိမ်စည်းစိမ် ပိုင်ဆိုင်မူများကို မတရားသောဥပဒေမှ ကာကွယ်ပေးရန် ဖြစ်တယ်။ ကရင်ပြည်နယ်လူထုများ တရားမျှတစွာ ပိုင်ဆိုင်ထားသော ကရင်ပြည်နယ်တွင်းရှိ ကရင်လူမျိုးများရဲ့ အဓိကသယံဇာတ အရင်းအ မြစ်များကို နှောင့်ယှက်ဖျက်ဆီးလုယက်သော လုပ်ရပ်များ မည်သို့သော မတရား သော ဥပဒေ သို့မဟုတ် အန္တရာယ်ပေးမူမျိုးကိုမဆို ကရင်လူမျိုးများ၏ အကျိုးအတွက် ကာကွယ်ခြင်းနှင့် တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ကျွန်ုပ်တို့မှာ တာဝန်ရှိပါတယ်။ နှစ်ပေါင်း၆၀ ကျော်ကရင်နဲ့ မြန်မာအကြားပြသာနာဟာ တော်လောက်ပါပြီး။ ကျွန်တော်တို့ နောင်အနှစ်၁၀၀လောက်တိုင်အောင် အခြားသောပြသာနာများကို မဖန်တီးချင်တော့ပါ။ အဲဒါ ဟာကျွန်တော်တို့ ကရင်လူမျိုးတွေအတွက် သာမကပဲ နိုင်ငံတစ်ခု လုံးကိုထိခိုက်နိုင် ပါတယ်။
အကယ်လို့သင်တို့ရဲ့ ကိုယ်ပိုင် လုပ်ငန်းစဉ်နဲ့ အတင်းအကြပ် အာဏာတည်စေပြီး သင်တို့ရဲ့ကိုယ်ပိုင်နိုင်ငံတော်မူဝါဒကို ဆန်ု့ကျင်နေတာမျိုးမဟုတ်ရင် ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းခြင်းနှင့် စိတ်သဘောထားညီညွတ်ခြင်းနှင့်သာ နိုင်ငံကို ရှေ့ဆက်ဖို့ ရွေးချယ်ပါတယ်။


၂. ကျွန်တော်တို့စစ်တပ်ကို အင်အားမတိုးမြှင့်ရန် KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟာ စစ်အစိုးရတပ်များကို ဆန့်ကျင်ချေမူန်းရန် ဘယ်တုန်းကမှ စစ်တပ်အင်အားတိုးမြှင့်ရန် ရည် ရွယ်ချက်မရှိခဲ့ပါ။ ဒါဟာကျွုပ်တို့ရဲ့မူဝါဒထဲမှာလည်း မရှိပါဘူး. အသင်တို့နှင့်ငြိမ်းချမ်းရေး သဘောတူညီမှုတွင် ဖေါ်ပြခဲ့သော အခြေအနေတစ်စိတ်တစ်ပိုင်းဟာ စစ်လုပ်ရှားမှုသို့မဟုတ် စစ်အင်အား အခြားတစ်ဖက်မှာ မြှင့်တင်ပေးရန် မဟုတ်ပါ။ အဲဒီအစား ကရင်ပြည်နယ် တိုး တက်ရေးအတွက် ဦးတည်ပြီး ဘဏ္ဍာရေးခွဲဝေမူကို စစ်တပ်အတွက် အသုံးပြုသွားမှာ ဖြစ် တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးရယူပြီး ၃ နှစ်ကြာနောက်ပိုင်းမှာ ကျွန်တော်တို့ ကရင် လူမျိုးတွေကို ကျွန်တော်တို့ နေထိုင်ရာဒေသမှာ လမ်းတွေ၊ အိမ်တွေ ဆောက်လုပ်ပေးတာက လွဲရင် ကျွန်တော်တို့ကို အသင်တို့ဘက်က ဘာအကျိုးအမြတ်မှ ပေးနိုင်တာ မတွေ့ခဲ့ပါဘူး။ အဲဒီစွမ်းပကားတွေကို ကျွန်တော်တို့ဘက်မှ တန်ဖိုးထားခဲ့ပေမယ့်လည်း ကျွန်တော်တို့ရဲ့ သန်းပေါင်းများစွာသော ကရင်လူမျိုးတွေဟာ ကြောက်ရွံ့ခြင်းနှင့် ဆင်းရဲခြင်းအောက်မှာ နေထိုင်နေရပေမယ့် ကောင်းမွန်စွာ နေထိုင်နိုင်ဖို့ဟာ ကျွန်တော်တို့ရဲ့အဓိက ဦးတည်ချက် ပန်းတိုင်မဟုတ်ပါဘူး။ အမှန်စင်စစ်မှာတော့ သင်တို့ဟာ ငြိမ်းချမ်းရေးကို သင်တို့နှင့်မဟာမိတ် ပြည်သူ့စစ်အုပ်စုတွေနဲ့ စစ်ဘက်ဆိုင်ရာ လုပ်ငန်းစဉ်အတွက် တိုးမြှင့်ဖို့ ဖြစ်တယ်။ ကရင်လူ မျိုးအတွင်း ပြသာနာတွေ ဖန်တီးခဲ့ပြီး ယမန်နှစ်က ကရင်လူမျိုးအချင်းချင်း သတ်ဖြတ်မူကို ဖြစ် ပေါ်စေခဲ့ပါတယ်။ ဒါတွေက မကသေးဘူး သင်တို့ရဲ့အာဏာကို လိုက်နာနေတဲ့ ပြည်သူ့စစ် တွေကို စီးပွားရေုးလုပ်ငန်းအခြေစိုက်ဖို့အတွက် သစ်တောများဖြုန်းတီးဖို့ အသင်တို့မျက်နှာ သာပေးခဲ့ပါတယ်။ နေ့စဉ်နေ့အမျှ မူးယစ်ဆေးဝါးရောင်းဝယ်ကုန်ကူးမှူ၊ လူကုန်ကူးမှူ များကိုလည်း လူတစ်ယောက်စီအား ဘတ်၁၅၀၀ သွားလိုက်ပြန်လိုက်နဲ့ ထိုင်းနိုင်ငံနှင့်နီးစပ်ရာနိုင်ငံများတွင်အလုပ်အကိုင်ရရှိဖို့ ဘတ် ၅ သောင်းအထိပေးရပါတယ်။
<ဆက်လက်ဖော်ပြသွားပါမည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

1 comments:

★သခင်မျိုးဟေ့ဒို့မြန်မာ★ said... at April 27, 2010 at 4:51 PM

ကျေးစေတမန်မှာ တွေ့လို့လာရောက်ဖတ်သွားပါတယ်။ တစ်နိုင်ငံလုံးအရေးကို ထည့်သွင်းရေးထားတာ တချို့ မြင်တွေ့ရလို့ လေးစားမိပါတယ်။ ကရင်လူမျိုး အကျိုးတစ်ခုပဲ ထည့်တွက်တာတွေ အရမ်းများနေပေမယ့် အချိန်အခါရ အခုလိုဖြစ်နေတယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် တဖြေးဖြေးနဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးအရေး… တိုင်းရင်းသားအားလုံး အရေးပါထည့်သွင်း ပြောဆိုတဲ့အဆင့်ကို တိုးချဲ့လာစေချင်ပါတယ်။ ကရင်တိုင်းရင်းသားတွေထဲကနေ ပြည်ထောင်စုကြီးတစ်ခုလုံးကို အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာစေချင်လို့ပါ။ အခုတော့ ကရင်တိုင်းရင်းသားပဲ ကိုယ်စားပြုထားတော့ … မူဝါဒတွေ နဲ့ လုပ်ကိုင်ပုံတွေကို သဘောကျနေရင်တောင် ခေါင်းဆောင်အဖြစ် ကျုပ်တို့ဗမာတွေအနေနဲ့ သဘောထားဖို့ မဖြစ်ဘူးဖြစ်နေပါတယ်။ နောက်ပြီး . . မြန်မာဆိုတာ ကရင်အပါအ၀င် တိုင်းရင်းသားအားလုံးကို ရည်ညွှန်းတယ်လို့ သိထားရပါတယ်။ ဗမာနဲ့ မြန်မာဟာ မတူညီပါဘူး။ (နှစ်ပေါင်း၆၀ ကျော်ကရင်နဲ့ မြန်မာအကြားပြသာနာဟာ တော်လောက်ပါပြီး။) အဲဒါကြောင့် မြန်မာဆိုတဲ့ စကားလုံးကို သုံးစွဲရင် သတိထားဖို့လိုမလားလို့… စဉ်းစားမိပါတယ်။

လေးစားလျက်
ဇော်မျိုး

Post a Comment