
ဆက်သွယ်ေ မးမြန်းသူ= နော်နိုရင်း (ဒီဗီဘီ)
အပစ်ရပ်ကရင်အဖွဲ့ တခုဖြစ်တဲ့ ဗိုလ်ချုပ်စောဌေးမောင် ဦးဆောင်တဲ့ ကေအဲန်ယူ (ကေအဲန်အယ်အေ) ငြိမ်းချမ်း ရေးကောင်စီအဖွဲ့က ဗိုလ်ကြီးတဦး နယ်ခြား စောင့်တပ် ဖွဲ့ဖို့ ငြင်းဆိုထားတဲ့အပေါ် လက်ရှိ သူတို့နဲ့ နအဖတပ် တို့ကြား ဆက်ဆံရေး အနေအထားကို ဆက်သွယ် မေးမြန်းချက် ထားပါတယ်။
ကေအဲန်ယူ၊ ကေအဲန်အယ်အေ ငြိမ်းဗိုလ်ကြီး (အင်တာဗျူး)
ကိုယ့်တပ်အင်အားတော့ အတိအကျသိတယ်။ ဒါကလည်း ကျနော်တို့ ပြည်သူလူထုကတည်း မြင်တယ်။ ဒါပေမယ့် အဲဒီနယ်ခြားစောင့်တပ်ကို လက်မှတ်ထိုးရေး မထိုးရေး ကတော့ အထက်အကြီးအကဲ အရာရှိတွေက စဉ်းစား ဆုံးဖြတ်ပေးလိမ့်မယ်လို့ ကျနော်ထင်တယ်လေ။
ဆရာ့အနေနဲ့ကော နယ်ခြားစောင့်တပ်ကို လက်ခံလား။
ကျနော်တို့ကတော့ ကျနော်တို့ပြည်နယ်မှာ ကျနော်တို့ပဲ အုပ်ချုပ်တဲ့ ပုံစံပေါ့။ ကျနော်တို့ကရင်ရဲ့ ကံကြမ္မာ ကျနော်တို့ဘာသာ ဖန်တီးလို့ရတယ်။ ဒီလိုဆိုရင် အချင်းချင်းနဲ့ပဲ ကိုယ့်နယ်ကို ထိန်းချုပ်လို့ရတယ်ဆိုရင်တော့ ကျနော်တို့လည်း လက်ရှိနေနေတာ နယ်ခြားမှာ နေနေတာ စွတ်ဝင်လာမယ်ဆိုရင် ကျနော်တို့က တိုက်ရမှာပဲလေ။ ကျနော်တို့ ပြည်နယ်ထိခိုက်တဲ့အတွက် ကျနော်တို့ တိုက်ရမှာပဲ။ ဒါပေမယ့် သူတို့ပြောတဲ့ နယ်ခြားစောင့်တပ် အသွင်သဏန်က ဘယ်လို အသွင်လဲဆိုတာ ရုပ်လုံးဖော်မရဘူး။ ကျနော်တို့အနေနဲ့က ဦးနှောက်မမီဘူး။
လက်မခံဘူးဆိုတဲ့ သဘောမျိုးပေါ့နော်။
လက်ခံခြင်း၊ လက်မခံခြင်း ဘယ်လိုရုပ်လုံးဖော်ခြင်းလဲ။ ရုပ်လုံးဖော်လို့ရမယ်ဆိုရင်တော့ ဒီပေးထားတဲ့ ဝေါဟာရ ကျနော်သိပ်ပြီး စဉ်းစားရမယ့် ကိစ္စတော့ မဟုတ်ဘူး။
လောလောဆယ် စာတစ်စောင်က ထွက်လာပြီးပြီ။ ဗိုလ်ချုပ်ဌေးမောင် ဆိုင်းထိုးထားပြီးတော့ နယ်ခြားစောင့်တပ် လုံးဝလက်မခံတဲ့အကြောင်း ငြင်းဆိုထားတဲ့ အချက်အလက်အ ပြည့်အစုံနဲ့ပေါ့။ အဲလိုမျိုးဆိုတော့ အခုကျမတို့ ကြားသိရတဲ့ အကိုတို့ ထိန်းချုပ်ရာနယ်မြေ ထိုးကော့ကိုးမှာ လောလောဆယ် နအဖတပ်တွေက ၀ိုင်းထားတဲ့ ပုံစံမျိုး နေရာတိုးချဲ့ချထားတယ်လို့ ကြားရတယ်လေ။ အဲတော့ အခြေအနေတင်းမာမှုတွေ ရှိနေလား။
ကျနော်တို့ ဘယ်လိုခေါ်မလဲ။ ငြိမ်းချမ်းရေးနဲ့ လာတဲ့သူဆိုတော့ ကျနော်တို့ကတော့ အဲလို တင်းမာတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ ပစ်ဟဲ့၊ ခတ်ဟဲ့ဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ ဘယ်လိုမျိုးနဲ့မှ အစည်းအဝေး သွားတက်တဲ့အခါမှာ ကျနော်တို့ အရာရှိဖြစ်တဲ့ ဗိုလ်ချုပ်ဌေးမောင်ကနေ ကျနော်တို့ကို ပြောတယ်။ သည်းခံနိုင်သလောက် သည်းခံ၊ ကျနော်တို့ဘက်ကနေ ငြိမ်းချမ်းရေးအတွက်ကို လာတဲ့အတွက် ငြိမ်းချမ်းရေးကို အမျိုးမျိုးပျက်ပြားအောင် တချို့လူတွေကနေ လုပ်တယ်။ အဲဒါကို ကျနော်တို့ စိတ်ရှည်ဖို့ သည်းခံဖို့ သဘောပြည့်ဝဖို့ အဲဒါကိုပဲ ကျနော်တို့က လမ်းညွန်ချက်ပးလိုက်တယ်။
အဲတော့ သူတို့ဘက်က ပစ်ခတ်လာမယ်ဆိုရင်ကော။
သူတို့ဘက်က ပစ်ခတ်လာရင်တော့ ကျနော်တို့အရာရှိတွေရဲ့ ပေးထားတဲ့ အမိန့်ပေါ်မှာ မူတည်ပြီးတော့ လှုပ်ရှားရမှာ။ ကျနော်တို့က လက်အောက်ငယ်သား အအရာရှိငယ်လေးတွေပါ။
ဗိုလ်ချုပ်ဌေးမောင်တို့ လုပ်ဆောင်နေတဲ့ စီးပွားရေး အကွက်တွေကိုလည်း နအဖဘက်က ပိတ်ပင်လိုက်ပြီလို့ ကြားလို့လေ။ မြ၀တီဘက်မှာတို့ ဘာတို့လေ ဟုတ်လား။မသိဘူး။
ငြိမ်းချမ်းရေး အဖွဲ့အဖွဲ့ထဲမှာတော့ မဟုတ်ဘူး။ လက်မခံတဲ့ အဖွဲ့အစည်းအားလါုံးကို ဖိအားတော့ တစုံတရာပေးမယ်လို့ ထင်တယ်။
လောလောဆယ်ကော အကိုတို့ လက်ရှိနေတဲ့ နယ်မြေအတွင်းမှာကော နအဖတပ်တွေ ဘာတွေကော ရှိလား။ လာပြီး အကဲခတ်တာမျိုးများရော ရှိလား။
ဒါကတော့ ကျနော်တို့က ဒီနအဖစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့အတွက် အခုနအဖစစ်အစိုးရရဲ့ အရန်မှာ ရှိနေတဲ့ တပ်တွေတော့ ရှိမှာပဲ။ ဒါပေမယ့် ကျနော်တို့က ဘာမှ သူတို့ကိုလည်း ပြည့်ပြည့်၀၀ ထားနိုင်တဲံအဆင့် ကြည့်လို့မရဘူး။
လောလောဆယ်တော့ ပြေလည်နေသေးတာပေါ့နော်။ တင်းမာမှုတစုံတရာ မရှိသေးဘူးပေါ့။
အခုကတော့ ကျနော်တို့ သိရသလောက်တော့ တစုံတရာ တင်းမာမှု သိမပ်မရှိသေးဘူးလို့ ကနော့်အထင်နဲ့ ကျနော်ေ ပြာတယ်။ ဒါပေမယ့်လည်း သတိကတော့ ကျနော်တို့ဆီမှာ အားလုံ အဆင်သင့်ရှိနေပါတယ်။