နှလုံးအားနည်းပြီး ကြောက်တတ်တဲ့သူတွေ မကြည့်ပါနဲ့
ကျဆုံးသွားတဲ့ နအဖ ရဲဘော်တွေအတွက်တော့ စိတ်တော့မကောင်းပါဘူး။ သူတို့ကိုမှီခိုနေတဲ့ မိသားစုတွေ ဒီခေတ်ကြီးထဲမှာ ဘယ်လို ရှေ့ဆက်ကြမလဲ။ ကျဆုံးသွားတဲ့ နအဖ ရဲဘော်တွေထဲမှာလည်း လူစိတ်ရှိတဲ့သူတွေအများကြီးရှိမှာပါ။ အတင်း စစ်ထဲ အသွင်းခံရသူတွေလဲ ပါမှာဘဲ။ မတတ်နိုင်ဘူးလေ အပြစ်မရှိတဲ့ ပြည်သူတွေကို ဒုက္ခပေး ရွာမီးရှို့ မုဒိန်းကျင့် တဲ့ကောင်တွေကများတာကို ..... ဘာဘဲပြောပြော သူ့တို့အနောက်မှာ ကျန်ခဲ့တဲ့ မိသားစုကတော့ အပြစ်မရှိတာအမှန်ပါဘဲ။
ဒီမှတ်တမ်းမှာ တိုက်ပွဲ ၂ပွဲ ပါဝင်ပြီး ပထမတိုက်ပွဲမှာ ကေအဲန်အယ်လ်အေ တပ်မဟာ ၃ တပ်ရင်း ၉နဲ့ ခလရ ၆၀တို့ရဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ နအဖဘက်မှ ၅ယောက် ထိခိုက်သေကြေပြီး ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်မှု တစုံတရာ မရှိပါဘူး။ ဒုတိယတိုက်ပွဲမှာတော့ ကေအဲန်အယ်လ်အေ တပ်မဟာ ၃လုံခြုံရေးတပ်နဲ့ တပ်ရင်း၁ ပူးပေါင်းအင်အားနှင့် နအဖ စကခလ ၃လက်အောက်ခံ ခမရ ၃၉၀တို့ ရဲ့ တိုက်ပွဲဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာတော့ နအဖဘက်မှ ၂၀ကျော် ထိခိုက်သေကြေပါတယ်။
Wednesday, June 16, 2010
နအဖတပ်နှင့် KNU/KNLA ကရင့်တော်လှန်ရေး တပ်ဖွဲ့တို့၏ တိုက်ပွဲ မှတ်တမ်း
Posted by
အဲခေါင်သောင့်
at
4:09 PM
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
1 comments:
-
Anonymous said... at June 19, 2010 at 5:52 PM
-
သို့...အဲခေါင်သောင့်..ကျေးဧူးဘဲကွာတိုက်ပွဲတွေကိုမတွေ့တာကြာနေပြီးအခုလိုပြန်တွေ့၇တာကြည့်လို့သိပ်ကောင်းတာဘဲ ကျွန်တော်ေ၇ွှက၇င်ပါ အီးမေးက(kayinlay912@gmail.com) နဲ့(shwekayin42@gmail.com)နှစ်ခုရှိပါတယ် နောက်သတင်းတွေ၇ ၇င်လဲပို့ပေးပါအုံးနော် ကျေးဧူးအများကြီးတင်ပါတယ်
Subscribe to:
Post Comments (Atom)