ဘယ်လိုလူက ဘယ်လိုလူတန်းစားမျိုးလည်း ဆိုရရင်တော့---
၁။ ဗိုလ်ချစ်သူ (ပညာနည်းပြီး မိုက်ရူးရဲသူ)
၂။ ဗိုလ်ထိန်မောင် (ရိုးလွန်းပြီး တုံးအသွားသူ)
၃။ ဒေါက်တာ စိုင်မွန်သာ (ပညာအရမ်း တတ်လွန်းပြီး အတတ်ကျူး အရူးဖြစ်နေသူ)
တို့ပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ အကြောင်းကို နည်းနည်းလေး တင်ပြရမယ်ဆိုရင်--
၁။ ဗိုလ်ချစ်သူ (ပညာနည်းပြီး မိုက်ရူးရဲသူ)
အခြေခံပညာ နည်းလွန်းပြီး စဉ်းစားတွေး ခေါ်နိုင်မှု အားနည်းမှုကြောင့် လုပ်သမျှ အရာတွေ အားလုံးဟာ လူဆိုးလူမိုက်တွေ လုပ်တဲ့ အရာတွေနဲ့တော့ ဘယ်လိုမှကို ခွဲဖြာလို့ မရနိုင်ပါဘူး။ တထပ်တည်းပါပဲ။ ကေအဲန်ယူ တပ်မဟာ ၇မှာ နေစဉ် အတွင်း ပြစ်မှု အမျိုးမျိုး ကျူးလွန်ထားပြီးမှ ပူပူနွေးနွေး ဒီကေဘီအေ စတင် ပေါ်လာတဲ့ အချိန်မှာတော့ ရဲမှ မင်းဖြစ်တယ် ဆိုသလိုပဲ ခေါင်းဆောင်တက် ဖြစ်လာခဲ့တာပါ။ အနူတောက လူချောလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။ နောက်ပိုင်း အဖြည်းဖြည်းနဲ့ နအဖရဲ့ စီးပွားရေး လုပ်ကွက်ပေးမှုနဲ့ အခြေချတဲ့ နေရာမှာ စီးပွားရေး လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိလာမှု တွေကြောင့် တဖြည်းဖြည်း အင်အားကြီးလာပြီး နဂိုကတည်းက ပိုက်ဆံမမြင်ဖူးသူ တယောက်ပီပီ လောဘယမက် တွေတက်ကာ ငွေတခုကိုပဲ ကြည့်တတ်လာတဲ့ အပြင် စည်းစိမ်တွေနဲ့ ယစ်မူးလာတဲ့ လူပါ။ စီးပွားရေး အခွင့်အလမ်းအတွက် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီးတော့ ကေအဲန်ယူကို ပြန်တိုက်၊ ကရင့်ဒုက္ခသည်တွေ ထွက်ပြေးရတာ ကိုလည်း မဆိုင်သလိုပဲ နေကာ သူရဲ့ စည်းစိမ်ဥစ္စာအတွက်နဲ့ ကရင့်တမျိုးသားလုံးရဲ့ မျက်ရည်၊ ချွေး၊ သွေးတွေနဲ့ လဲလှယ်နိုင်ရက်တဲ့ သူပါ။ ငွေရှိလာတဲ့အပေါ် သုံးနိုင်ဖြုန်းနိုင် လွန်းပြီး နောက်ဆုံး ကရင့်တမျိုးသားလုံးရဲ့ ဒုက္ခတွေကို မျက်ကွယ်ပြုကာ သိန်းထောင်ကျော်တန်အိမ်ပင် ဆောက်ခဲ့တာကိုက ပညာနည်းပြီး မိုက်ကန်းနေသူရဲ့ လုပ်ရပ်လို့ မပြောရင် ဘယ်လိုပြောရမှာပါလဲ။ ၂။ ဗိုလ်ထိန်မောင် (ရိုးလွန်းပြီး တုံးအသူ)
ကရင့်တော်လှန်ရေး စတင်ကတည်းက ပါဝင်လာခဲ့ပြီး တော်လှန်ရေးကို အနှစ် ၆၀နီးပါးအထိ လုပ်လာခဲ့တဲ့ လူပါ။ တိုက်ပွဲ ပေါင်းများစွာကို အသက်ပေး တိုက်ခဲ့ပြီး မသေပဲ ကျန်နေတဲ့လူထဲက တယောက် အပါအ၀င်ပါ။ သူကိုယ်သူ နိုင်ငံရေး နားမလည်ဘူး စစ်တိုက်နေတဲ့ စစ်သား ကြီး တယောက်ပါလို့ အမြဲတမ်း ထုတ်ပြောနေသလို တကယ်လည်း နိုင်ငံရေးကို နားမလည် စိတ်လည်း မ၀င်စားပါဘူး။ အမျိုးသားရေးကို အဓိကထားပြီး မဟာ လူမျိုးကြီးဝါဒကို တော်လှန်နေသူပီပီ မဟာလူမျိုးကြီးဝါဒ ကျင့်သုံးနေတဲ့ လူမျိုးကြီးတွေကို မုန်းတီးနေသူလည်း ဖြစ်ပါတယ်။ အမျိုးသားရေးကို နံပါတ် ၁ထားပါလို့ သူကိုယ်တိုင် ခံယူထားပြီး အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီရရှိရေးအတွက် ဗမာ့ ဒီမိုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ကိုင်နေတဲ့ ကေအဲန်ယူဗဟိုက ပဒိုမန်းရှာတို့ရဲ့ လုပ်ရပ်ကို လည်း မကြိုက်ခဲ့ပါဘူး။ အဲဒီကတည်းကနေ ကေအဲန်ယူဗဟိုနဲ့ စပြီး ပြသာနာရှိလာခဲ့တာပါ။ ဒါမယ့် သူအားနည်းချက်တခုကတော့ သူကိုယ်တိုင် ဗမာအဖွဲ့အစည်းတွေနဲ့ ပလူးပလဲနေတာကို မကြိုက်တာ မှန်ပေမယ့်လည်း သူကိုယ်တိုင် အဲဒီ ညွန့်ကွင်းကနေ မလွတ်ပါဘူး။ ကရင်တယောက် မွေးစားပြီး သူကိုယ်သူကရင်လို့ ပြောနေသူ ဘာသာရေးဆရာ တီမသေနဲ့ ကရင်မယူပြီး ကရင်မဟုတ်သော်လည်း ကရင်လိုလိုဘာလိုလို ဖြစ်သွားသူ ဂျာမနီပြန် မောင်ကြောင်(အဲလေ) မောင်ကျော်တို့နဲ့ ပလူးပလဲ နေသွားတာကိုတော့ ဒီအဘိုးကြီး သူငယ်များ ပြန်နေပြီလားလို့တောင် အဲဒီအချိန်က တွေးထင်ခဲ့မိဖူးပါတယ်။ ဒါတွေမကပါဘူး ဂျာမနီပြန် မောင်ကျော်ကို ဗိုလ်မှူးရာထူးတွေ လျှောက်ပေးပြီး တပ်မဟာ၇ ပြောရေးဆိုခွင့်ဆိုပြီးတော့ ထားလိုက်ပါသေးတယ်။ အဲဒီလူတွေကပဲ ရိုးသားတယ်ဆိုတဲ့ အဘိုးကြီးကို လိုရာကို ဆွဲပြီး နအဖနဲ့ ပူးပေါင်းဖို့ သူတို့ လိုချင်တဲ့အရာတွေအတွက် အမျိုးမျိုး လိမ့်ပတ်မြူဆွယ်ခဲ့တာကို အဘိုးကြီး ကောင်းကောင်း ခံခဲ့ရပါတယ်။ နောက်ဆုံး ဗဟိုနဲ့ ကွဲအက်နေတဲ့ အက်ကြောင်းကို မိမိရရ အသုံးချသွားနိုင်ပြီး ဗိုလ်ချုပ်မြ ဈာပနအထိပင် နေပြည်တော်မှ နအဖအရာရှိ မြတ်ထွန်းဦးကိုယ်တိုင် လာရောက်နိုင်ခဲ့ပါတယ်။ မောင်ကျော်၊ တီမသေတို့နဲ့ နအဖ အရာရှိ မြတ်ထွန်းဦးရဲ့ မွေနှောက်လာမှုများကြောင့် ရိုးသားပြီး မဟာလူမျိုးကြီးဝါဒကို ခါးခါးသီးသီး မုန်းတီးနေသူ အဖိုး ဖူးထိန်မောင်တယောက် သူရဲ့ တော်လှန်ရေးလုပ်သက် အနှစ် ၆၀နီးပါးကိုပင် မငှဲ့ကွက်နိုင်တော့ပဲ မုန်းပါတယ် ဆိုတဲ့ လူမျိုးကြီးရဲ့ ခြေသလုံးကိုဖက်သွားကာ သူ့ရဲ့ တော်လှန်ရေးတခုလုံးကို ရာဘာခြံတွေနဲ့ပဲ လဲလှယ်သွားခဲ့တဲ့ လူတယောက်ဖြစ်ပါတယ်။ ၃။ ဒေါက်တာ စိုင်မွန်သာ (ပညာအရမ်း တတ်လွန်းပြီး အတတ်ကျူး အရူးဖြစ်နေသူ)
ကဲ--ကျနော်အပါအ၀င် စာဖတ်သူများအားလုံး ကိုယ်ကိုယ်တိုင်လည်း အဲဒီလူစားမျိုးတွေထဲက တမျိုးမျိုးထဲမှာ ပါဝင်နေပြီလား ဒါမှမဟုတ် တမျိုးမှ မပါဝင်ဘူးလားဆိုတာကတော့ အချိန်ပေး ပြန်လည် စဉ်းစားသုံးသပ်ကြပြီးတော့ လူမျိုးအတွက် တိုတောင်းလှတဲ့ ဘ၀လေးတခုမှာ အကောင်းဆုံး တခုခုပေးဆပ်သွားကြဖို့နဲ့ အသိခေါက်ခက် အ၀င်နက်ပြီး ကိုယ့်အမျိုးကို မဖျက်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။
စေတနာဖြင့်
အဲခေါင်သောင့်