Thursday, August 12, 2010

မလေးရှားမှာ ကရင့်အာဇာနည်နေ့ ကျင်းပ

သြဂုတ် ၁၂၊ ၂၀၁၀၊ သတင်း၊ ဓါတ်ပုံ-စောဒါးဘို(MKO)

ဒီကနေ့ (၁၂-၀၈-၂၀၁၀) ကျရောက်သည့် (၆၀)နှစ်မြောက်၊ ကရင့်အာဇာနည်နေ့ အခမ်းအနားကို မနက်(၁၀း၀၀)နာရီ အချိန်တွင် MKO ရုံး၊ စတုတ္ထမြောက် အထပ် ခန်းမဆောင်တွင် ကျင်းပ သွားခဲ့ပါသည်။



ပထမ အစီအစဉ်အရ MKO ကျောင်းသူကျောင်းသားများ တက်ရောက် ပန်းခွေချပြီး အစီအစဉ် (၂)အရ အမျိုးသား အလံ၊ အမျိုးသား သီချင်းနှင့် ကျဆုံးလေပြီးသော စောဘဦးကြီးနှင့် တကွ အာဇာနည်ခေါင်း ဆောင်ကြီးများကိုသီဆို၊ ဂါရ၀ အလေးပြုကြပါသည်။

အစီအစဉ် (၃)အရ ဥက္ကဋ္ဌမန်းစိန်သန်းမှ မိန့်ခွန်းစကား ပြောကြားမှာ ဖြစ်သော်လည်း ဥက္ကဋ္ဌကိုယ်တိုင် မဖြစ်မနေ သွားရသော အရေးပေါ် အစည်းအဝေးကြောင့် အမျိုးသားအလံအလေးပြုအပြီး ထွက်ခွါ သွားသောကြောင့် အစီအစဉ် ကျော်လိုက်ရပါသည်။

အစီအစဉ်(၄)အရ ကရင့် အာဇာနည် ခေါင်းဆောင်ကြီး စောဘဦးကြီး၏ အတ္ထုပ္ပတ္တိကို စောစတီးက ဖတ်ကြား သွားခဲ့ပါသည်။ အစီအစဉ်(၅)အရ MKO ဒုဥက္ကဋ္ဌ မန်းဒုံယောင်းက KNU ဥက္ကဋ္ဌ စောတာမလာဘော၏ (၆၀)ကြိမ်မြောက်၊ ကရင့်အာ ဇာနည်နေ့သ၀ဏ်လွှာကို ဖတ်ကြားသွားပါသည်။


ထို့နောက် အတွင်းရေးမှူး စေားဒန်းနစ်စ်က စောဘဦးကြီး၏ မူ(၄)ရပ်ကို အကျယ်တ၀င့် ရှင်းလင်းမိန့်ကြား သွားခဲ့ပါသည်။ စောဒန်းနစ်စ်က-ကရင်အမျိုးသား တစ်ဦးတစ် ယောက်ကို ထိလာခဲ့သော်၊ နာလာခဲ့သော် ကိုယ်ထိသလို ကိုယ်နာသလို ခံစားတတတ်ဖို့လိုအပ်ကြောင်းနှင့် စောဘဦးကြီးမူလေး ရပ်ထဲက နံပါတ်(၁) အချက်ဖြစ်သော လက်နက်ချအညံ့ခံ အရှုံးပေးခြင်းကို ကျွန်ုပ်တို့အလျဉ်းမလုပ်
ဟူသော အချက်ကို ကရင်လူငယ်များနားလည်သဘောပေါက်အောင်သေချာစွာ ရှင်းပြသွားပါသည်။

နိုင်ငံရေး အသိအမြင်ကြွယ်ဝအောင် မလေ့လာခြင်း၊ မိမိတို့၏ သားသမီးများကို မျိုးချစ်စိတ်ရှင်သန်ရန်နှင့် နာကျဉ်းဖွယ် ဖြစ်ရပ်များကို မပြောဆို မသွန်သင် မဆုံးမခြင်းသည် ရန်သူ့ထံတွင် လက်နက်ချအညံ့ခံနည်း တစ်မျိုးသာ ဖြစ်ကြောင်း။ သွေးနှောစေသော ကရင်ကဗမာကို လက်ထပ်ယူခြင်း၊ ကရင်အချင်းချင်း
စည်းလုံးမှုမရှိခြင်း၊ သစ္စာဖေါက်ခြင်း၊ ရိုးရာယဉ်ကျေးမှုကို ဖေါ်ထုတ်မြင့်တင်ရမှာ ထက် ရေလိုက်ငါးလိုက် နေထိုင်ပြုမူခြင်း၊ တဘက်ရန်သူကို အင်အားကြီးထွားစေသော ကရင်စကားမပြောတတ်ခြင်း၊ ကရင်အမည်နာမ မမှည့်ခေါ်ခြင်း၊ စသည့် အချက်များသည်လည်း ရန်သူ့ထံတွင် ဒူးထောက်အညံ့ခံ လက်နက်ချခြင်း တစ်မျိုးသာဖြစ်ကြောင်း တင်ပြပြောကြား သွားခဲ့ပါသည်။

အစီအစဉ်(၇)အရ စောဘဦးကြီး၏ သမီးကြီး အန်တီသဲလ်မာ ကြီးပေးပို့ လာသောသ၀ဏ်လွှာကို mko ဆရာမ နော်အယ်နီးထာက ဖတ်ကြားပြီး ကရင်လူငယ် အစည်းအရုံး၏ သ၀ဏ်လွှာကို ဒုံးဆရာ
စောအဲသာ ဆိုဒ်က ဖတ်ကြားသွားခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို အှ်ဃှူ့အှ်ဃှင် သီချင်းဖြင့် ရုတ်သီမ်းသွားခဲ့ပါသည်။















Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment