Saturday, August 14, 2010

ကရင့်အာဇာနည်နေ့ သြစတြေးလျား၌ ကျင်းပပြီးစီး

သြဂုတ်လ ၁၄ရက်။ စောကျော်ခွိ (ကေအိုင်စီ)

ကရင်အမျိုးသားတော်လှန်ရေးတွင် အသက်ပေးဆပ်သွားသည့် အမျိုးသားခေါင်းဆောင် စောဘဦး
ကြီးနှင့်အာဇာနည်ရဲဘော် များအား ရည်စူး၍ နှစ်(၆၀)မြောက် ကရင့်အမျိုးသားအာဇာနည်နေ့
အခမ်းအနားတရပ်ကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို သြစတြေးလျားရောက် ကရင်အမျိုးသားအဖွဲ့(အေကေအို)က ကြီးမှူးကျင်းပခြင်း
ဖြစ်ပြီး ရှစ်လေးလုံးကျောင်း သားများ၊ နိုင်ငံခြားသားများနှင့် သြစတြေးလျားရောက် ကရင်တိုင်း
ရင်းသားများ အပါအ၀င် ပရိဿတ် ၁၅၀ကျော် တက် ရောက်ခဲ့ကြသည်ဟု သိရသည်။

စောဘဦးကြီး၏ မူလေးချက်အရ အမျိုးသားရေး၊ နိုင်ငံရေး သာတူညီမျှဖို့၊ ကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရရှိရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ထွန်းကားရေးနှင့် အနာဂတ်ဖယ်ဒရယ် ပြည်နယ်
ပေါင်းစု ပေါ်ပေါက်ရေးတို့အတွက် ရည်ရွယ်၍ ကရင်အာဇာနည်နေ့ကို ကျင်းပရခြင်းဖြစ်
ကြောင်း နယူးဆော့သ်ဝေးပြည်နယ် အေကေအို ဥက္ကဌ မန်းအော်လန်းဒိုက ပြောသည်။


အေကေအို ဗဟို ဥက္ကဌ စောလွင်ဦးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်း
ပြောကြားရာတွင် “ကော့ကရိတ်မြို့ နယ် ထို့ကော်ကိုးကျေးရွာမှာ စောဘဦးကြီးနဲ့ ဗိုလ်ချုပ်
စိုင်းကေတို့ ၁၉၅၀ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့က ကျဆုံးခဲ့တဲ့နေ့ကို ကရင့်အာဇာနည်နေ့
လို့ သတ်မှတ်တယ်။ (၆၁)နှစ်ကျော်ကြာ ကရင့်တော်လှန်ရေးဟာ ကျဉ်းမြောင်းတဲ့မျိုးချစ်
စိတ်ဓါတ်ကို အ ခြေခံတာ မဟုတ်ဘူး။ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ငြိမ်းချမ်းစွာ တောင်းဆိုရင်း
ဖဆပလအစိုးရတပ်က ကရင်လူမျိုးတွေကို လက် နက်ကိုင်လမ်းစဉ်ရောက်အောင် တွန်းပို့ခဲ့ခြင်း
သာဖြစ်တယ်။”ဟု ဆိုသည်။

၎င်းအပြင် သူက “ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း လူ့အခွင့်အရေးချိုးဖောက်တဲ့ နအဖစစ်
အုပ်စုကိုဝိုင်းဝန်းဖိအားပေးဖို့နဲ့ နအဖရဲ့ ရွေးကောက်ပွဲဟာ တိုင်းရင်းသားတွေ အပါအဝင် မြန်
မာပြည်သူပြည်သားတွေအားလုံးအတွက် အကျိုးတရားတွေ ဖော်ဆောင်လာမှာ မဟုတ်တော့
ဒီရွေးကောက်ပွဲရဲ့ရလဒ်ကို နိုင်ငံတကာက အသိအမှတ်မပြုဖို့ ပြောချင်ပါတယ်။”ဟု ဆက်
လက် ပြောဆိုခဲ့သည်။

အခမ်းအနား အစီအစဉ်အရ ကရင့်အမျိုးသားအလံကို တစ်ဝက်ချပြီး အလံတော်နှင့် ကျဆုံး
သွားခဲ့သည့်အာဇာနည်များကို အလေးပြုခြင်း၊ သြ၀ါဒစကား ပြောကြားခြင်း၊ ဒုံးအက၊ တေး
သီချင်းများဖြင့် ကရင်လူငယ်များက ဖျော်ဖြေခြင်းနှင့် ကျွေးမွေးဧည့် ခံခြင်းများ ပြုလုပ်ခဲ့ကြ
သည်။

“ကျနော်တို့ အာဇာနည်တွေဟာ ကရင်လူမျိုး လွတ်မြောက်ရေး အသက်စွန့်ပြီးတော့ တိုက်ပွဲ
ဝင်ခဲ့တယ်။စောဘဦးကြီးကို ပင်လယ်ထဲသွားချတော့မယ့်နေ့မှာ ကျနော်တို့ မြစ်ဝကျွန်းပေါ်မှာ
လှိုင်းတွေ၊ လေတွေကြီးပြီး မြေငလျင်လည်း လှုပ်တယ်။ ဘုရားကျောင်းတိုင်း ခေါင်းလောင်း
တွေထိုးကြနဲ့ပေါ့။ ကရင်တွေ အားလုံး ငိုကြွေးခဲ့ကြရတယ်။ ဒီလို ၀မ်းနည်းကြေကွဲခဲ့ပေမယ့်
ကရင်တွေဟာ အလျော့မပေးဘူး။ စောဘဦကြီးရဲ့မူဟာ မှန်ကန်တယ်။ တရားတယ်။ ကရင့်
တော်လှန်ရေးဟာ တရားတဲ့ တော် လှန်ရေးဖြစ်တဲ့အတွက် ဘယ်လောက်အခက်အခဲရှိပါစေ
တနေ့ အောင်မြင်ရမယ်။ စောဘဦးကြီးရဲ့ မိန့်မှာချက်က ဒီတော်လှန် ရေးဟာ ကရင့်သမိုင်းမှာ
ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ဖြစ်ရမယ်။”ဟု မန်းအော်လန်းဒိုက အားပေးစကား ပြော
ကြားခဲ့ သည်။

ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သူ စောလားဘွယ်က “ဒီလိုနေ့မျိုးတွေရောက်တိုင်း ကျနော်
တို့ကရင်လူမျိုးတွေအတွက် အရိုးကြေကြေ အရည်ခမ်းခမ်း သက်စွန့်ကြိုးပမ်းသွားကြတဲ့ ခေါင်း
ဆောင်ကြီးများ၊ ရဲဘော်များကို အမှတ်ရနေမိပါတယ်။ သူတို့ တွေ တာဝန်ကျေသွားကြသလို
ငါတို့လည်းတာဝန်ကျေဖို့လိုတယ်ဆိုတဲ့ သတိပေးမှုတွေက ရင်ထဲ၊ နှလုံးသားထဲကို အားမာန်
သစ်တွေ ဖြစ်ပေါ်စေတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် တပ်သားများသည် ဖဆပလ
တပ်များ၏ ၀ိုင်းဝန်းတိုက်ခိုက်မှု ကို ခုခံရင်း ကျဆုံးသွားခဲ့သည့် ၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်
နေ့ကို ကရင်တမျိုးသားလုံးက အာဇာနည်နေ့အဖြစ် သတ်မှတ် ခဲ့ကြသည်။

ဆစ်ဒနီမြို့တွင် ၁၉၉၆မှစ၍ ကရင့်အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခု
နှစ်တွင် ၁၄ကြိမ်မြောက်ရှိပြီး သြစတြေးလျား ဆစ်ဒနီမြို့ရောက် ကရင်များ၏ ကျောင်းပိတ်ရက်၊
ရုံးပိတ်ရက်ဖြစ်သည့် ယနေ့မှသာ ကျင်းပခဲ့ကြခြင်း ဖြစ် သည်။

အလားတူ မဲလ်ဘုမ်းမြို့တွင် အာဇာနည်နေ့ဖြစ်သည့် သြဂုတ်လ ၁၂ရက်နေ့ကတည်းက ကျင်းပ
ပြုလုပ်ခဲ့ပြီး အင်္ဂလန်နိုင်ငံ ရှဖီးလ်မြို့၌လည်း ယနေ့ နေ့လည်တွင် ကရင်လူမှုအဖွဲ့အစည်းရေးရာ
(KCA-UK) က ကျင်းပခဲ့ကြသည်ဟု သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ်ရာ နယ်မြေများတွင် ကေအဲန်အယ်လ်အေ တပ်
မဟာ၊ တပ်ရင်းများက ၎င်းတို့ နယ်မြေအသီးသီးတွင် ကရင့်အာဇာနည်နေ့ကို ကျင်းပပြုလုပ်ခဲ့ပြီး
ဖြစ်သည်။







Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment