
လက် ပြောင်တဲ့ကြယ်စင်
နက် နဲအလင်းတွေပေးခဲ့သူ
ချ ထားမူတွေအတိုင်းရယ်
စ လယ်ဆုံး မနားတမ်းအကြား
ကား ပြန့်သွားဝင်္ကဘာထဲလေ
အ ဖြေရှာလျောက်လှမ်းသွားရင်း
လျဉ်း လျဉ်းလေးစိမ့်ဝင်သွားထင့်
မ မျှော်လင့်သဘောတရား
ပြော သွားခဲ့မူသစ္စာများ
ရ ထားသက္ကရာဇ်များနှင့်အတူကိုင်စွဲထားဆဲပါသခင်။
က လူကျီဆယ်လိုက်တဲ့
ရင် ဘတ်မဲ့ဇတ်ဆရာ
ပြည် ပျက်ရာသူဖန်တီး
ပြီး မဆုံးသေးအမှုအရေး
ပြည့် စုံမှုဆောင်ကျဉ်းနိုင်ခွင့်တွေ
စုံ ရေရှာဆန်ခရီးမှာဖြင့်
ရ သင့်တဲ့တန်းတူရေး
မည် (မြည်) သံကြွေးရယူသက်ပေးခဲ့ကြရှာပေါ့။
က နဉီးစနုနု
ရင့် ကျက်မှုမရှိခင်များ
လက် ဖဝါးသွယ်သွယ်ဟန်
နက် မှောင်ဆံကေသာဖြန့်ကာ
က ခုန်ကာသီဆိုရင်း
ရင့် ကျက်ခြင်းများရှာဖွေခဲ့ကြ
လက် တွေ့ဘဝအခန်းတွင်
ထဲ ထဲဝင်ဝင်ကြင်ကြင်နာနာ
တွင် တွင်ရှာ သူလိုလူ တွေ
ရှိ ပါလေအုံးမလားဖွေရှာ
ရ (ယ) ထာ ဘူတကျကျတွေးနေဆဲ
မည် (မြည်) မြဲကျွဲချိုသံလဲမသာမယာတော့။
က ဆုန်ပေါက်ပြေးသွား
ရင့် သီးခါးတူးခြင်းဟာ
ကြ မ္မာမုန်တိုင်းများနှင့်အတူပါ
မာ ထန်ကာရောမွှေနေ
က ချေသည်မျက်စောင်း
ရင် ခေါင်းကိုထိုးသွင်းလာလေလားတဲ့
ဖန် လာခဲ့ကံ အငြိုးမိုးဆိုး
တီး ထိုးလိုက်ဖားစည်သံအောက်
ရ ပိုင်ခွင့်လျောက်လဲချက်တွေလဲ
မည် (မြည်) သံစွဲ၊ ရန်ကာမြဲတိုက်နေဆဲပါ အာဇာနည်တို့။ ။
(လင်္ကာဒီပ)
မှတ်ချက်။ ။ ကြွေလွင့်သွားကြရှာသော ပန်းပျိုးသော ဉယျာဉ်မူးကောင်းများသ
ဖွယ်ဖြစ်သော ကရင့်အာဇာနည် သူရဲကောင်းများကိုဉီးညွတ်လျက် သြဂုတ်လ(၁၂)
ရက်နေ၌ကျရောက်သော နှစ်(၆၀)မြောက် အာဇာနည်နေ့ကိုဤကဗျာလေးဖြင့်
မှတ်တမ်းတင်အပ်ပါသည်။