ကရင့်ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကိုစဉ်လာမပျက် ဆက်လက်ထိမ်းသိန်းသည့်အနေဖြင့် ခြည်ဖြူ
ဖွဲ့ အခမ်းအနားတခုကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့တွင် ယနေ့ကျင်းပပြီးစီးခဲ့သည်။
အခမ်းအနားကို သြစတြေးလျားရောက် ကရင်အမျိုးသားယဉ်ကျေးမှုအဖွဲ့(AKCO)က ကြီးမှူးကျင်း
ပခြင်းဖြစ်ပြီး မိုးမခရေဒီယိုအဖွဲ့ကိုယ်စားလှယ်၊ (JACDB)အဖွဲ့ဝင်များ၊ ရှစ်လေးလုံး ကျောင်းသား
များ၊ နိုင်ငံခြားသားများနှင့် သြစတြေးလျားရောက် ကရင်တိုင်းရင်းသားများ အပါအ၀င် ပရိဿတ်
(၂၅၀ )ကျော် တက် ရောက်ခဲ့ကြသည်ဟု သိရသည်။
“ယဉ်ကျေးမှုဆိုတာမရှိရင် ကရင်အမျိုးဆိုတာမရှိသလို ကရင့်နိုင်ငံရေးအသိဟာလည်း ဖူးပွင့်နိုး
ကြားလာမှာမဟုတ်ဘူး။ ကရင့်ယဉ်ကျေးမှုဓလေ့တွေထုံးတမ်းတွေကလည်း ကရင်ရဲ့တန်ဖိုးတွေကို
ဖေါ်ဆောင်နေပါတယ်။ ကရင်တွေဟာ စကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ နယ်မြေတွေ
စတဲ့ အချက်အလက်တွေနဲ့ပြည့်စုံတဲ့ လူမျိုးတမျိုးဖြစ်တဲ့အတွက် တိုင်းပြည်တောင်းဆိုခဲ့တာဖြစ်
တယ်။ ကရင့်နိုင်ငံရေးဟာလည်း ယဉ်ကျေးမှုဓလေ့ထုံးစံတွေကနေ ရှင်သန်ပေါက်ဖွားလာတာဖြစ
်တယ်။”ဟု သြစတြေးလျားကရင့်ယဉ်ကျေးမှုအဖွဲ့(AKCO) ဥက္ကဌစောတကောဝါးက ပြောကြားခဲ့
ပါတယ်။
အဆိုပါ အခမ်းအနားတွင် ကရင့်ရိုးရာ ဒုံးအကများ၊ ရိုးရာတေးသီချင်းများနှင့် သီဆိုကပြခဲ့ကြသည်။
သြစတြေးလျားနိုင်ငံရောက် ကရင်အမျိုးသားများ၊ မြန်မာပြည်ဖွားများနှင့် သြစတြေးလျးနိုင်ငံသား
များ သိရှိနားလည်စေရန် ကရင့်လက်ချည်ပွဲ ဖြစ်ပေါ်လာပုံအကြောင်းများကို ရှင်းလင်းပြောကြားခြင်း
များ ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် သြစတြေးလျားကရင်အမျိုးသားအဖွဲ့(AKO)ဥက္ကဌ မန်းအော်လန်းဒိုကလည်း “ခရစ်ယာန်
တွေကြား ကရင့်ရိုးရာလက်ချည်ပွဲကိစ္စကို ပြန်လည်သုံးသပ်ဖို့လိုပြီဖြစ်တယ်။ ထိန်းသိမ်းးသင့်၊
ထိန်းသိမ်းအပ်တဲ့ ယဉ်ကျေးမှုတွေကို ဆက်လက်ထိန်းသိမ်းဖို့လိုပါတယ်။ ကရင့်ရိုးရာယဉ်ကျေး
မှုဓလေ့ထုံးစံတွေနဲ့ ပါတ်သက်ပြီး ခရစ်ယာန်တွေကြား မရှိတော့သလိုဖြစ်နေပါတယ်။ ဒါကို ကျ
နော်ဝန်ခံပြီးပြောချင်ပါတယ်။ အဓိက အခြေခံကတော့ ကရင်တမျိုးသားလုံး ကိုယ့်အမျိုးသားတွေ
အားလုံးဟာ ဖူးထော့မဲပါရဲ့ သားသမီးတွေပါဆိုတဲ့ အမှတ်အသားနဲ့ လက်ချည်ပွဲကျင်းပကြတာပေါ့
နော်။ ကရင်တွေဟာ တသွေးထဲ၊ တသားထဲဖြစ်နေပါတယ်ဆိုတာလည်းဖေါ်ပြနေပါတယ်” ဟုပြောကြားသွားခဲ့ကြောင်းကြားသိရပါတယ်။
“ကရင့်လက်ချည်ပွဲဟာ ဘာသာရေးနဲ့ မပါတ်သက်တဲ့ ကရင်တွေပိုင်တဲ့ယဉ်ကျေးမှုဖြစ်တယ်
လေ။ ဘိုးဘွားအမွေတွေဖြစ်တဲ့ ဒီလက်ချည်ပွဲကနေ ကရင်တွေပြန်လည် စည်းလုံးကြပြီး မျှော်
လင့်တဲ့ပန်းတိုင်ကို အရောက်သွားဖို့ ညီညွတ်ရေးရဲ့ လမ်းစတခုကိုတွေ့ခဲ့ရလိုက်မိပါတယ်။” ဟု
ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သူ စောဆဲမူလာက သတင်းယူသူသို့ပြောခဲ့ပါသည်။
ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်ကြစေရန်၊ ကရင့်ရိုးရာယဉ်ကျေးမှုနှင့်ထိုဓလေ့ထုံးစံများ၏အနှစ်သာရကိုသိရှိနိုင်ကြစေရန်၊ ကရင်ထုအတွင်း
ငြိမ်းချမ်းသာယာဝပြောပြီး စည်းလုံးညီညွတ်မှုပိုမိုရှိလာကြစေရန်၊ တိုင်းရင်သားထုအတွင်း
နားလည်မှုပိုမိုရလာကြစေရန် ရည်ရွယ်၍ စီစဉ်ကျင်းပရခြင်းဖြစ်သည်။
ထူးခြားစွာ(၂၀၁၀)ခုနှစ်သြစတြေးလျားအစိုးရပါတီ ရွေးကောက်ပွဲနေ့နှင့်လည်း တိုက်ဆိုင်နေ
ပါသဖြင့် သြစတြေးလျားနိုင်ငံသားတို့၏ မဲရုံးသွား လွတ်လပ်စွာမဲပေးရေးအတွက် စိတ်အား
တက်ကြွနေကြသည်။ ကရင်တွေကကော မိမိနိုင်ငံမှာ ဘယ်အချိန်များ ကိုယ်ကြိုက်တဲ့ပါတီ
တွေကို လွတ်လွတ်လပ်လပ် မဲပေးနိုင်ကြမလဲဆိုတာ မေးခွန်းထုတ်စရာတွေဖြစ်နေကြဆဲဖြစ်
ပါသည်။
ယခုနှစ် ဆစ်ဒနီမြို့တွင် ပြုလုပ်ကျင်းပသည့် ကရင့်ရိုးရာလက်ချည်ပွဲမှာ (၈)နှစ်မြောက်ဖြစ်
ပြီဖြစ်သည်။