
တွေ့ရစဉ်။ ကရင်ဒုက္ခသည်များသည် ဤဒုက္ခသည်စခန်းတွင် စွတ်စိုထိုင်းမှိုင်း၍ ဆိုးဝါးသော
ရာသီဥတုများကို ဖြတ်သန်းကာ လပေါင်းများစွာ နေထိုင်ခဲ့ရသည်။ ဓာတ်ပုံ မဇ္ဈိမ
မဲဆောက် (မဇ္ဈိမ) ။ ။ ရက်အနည်းငယ်အတွင်းတွင် မကြုံစဖူးများပြားလှသော ကရင်
ဒုက္ခသည်များ ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိခိုလှုံလာနိုင်သည်ဟု KNU/KNLA ငြိမ်းချမ်း
ရေးကောင်စီက သတိပေးလိုက်သည်။
ယခုအပတ်အတွင်း ကရင်ငြိမ်းချမ်းရေး ကောင်စီမှ ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာသို့ ပန်ကြား
ချက်ထဲတွင် ဒုက္ခသည် ၆,ဝဝဝ မှ ၁ဝ,ဝဝဝ ခန့်အထိ ဘေးကင်းရာသို့ ပြောင်းရွှေ့ ခိုလှုံကြ
ဖွယ် ရှိနေပြီး အကယ်၍ မြန်မာစစ်အစိုးရသည် ဒေါနတောင်တန်း အနောက်ဘက်ရှိ ငြိမ်းချမ်း
ရေး ကောင်စီ၏မြို့ ထို့ကော်ကိုး ကိုပါ စစ်ဆင်ရှင်းလင်းရေး လုပ်လာခဲ့လျှင် ဒုက္ခသည် အ
ရေအတွက်သည် တသိန်းခန့်အထိ ရှိသွားနိုင်သည်ဟု ဖော်ပြထားသည်။
KNU/KNLA ငြိမ်းချမ်းရေး ကောင်စီသည် ၂ဝဝ၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကရင်
အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်လာသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာစစ်အစိုးရနှင့်
အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့သည်။ ထိုအချိန်မှ စ၍ KNU/KNLA ငြိမ်းချမ်းရေး
ကောင်စီသည် ဒေါနတောင်တန်း အနောက်ဘက် ထို့ကော်ကိုးရွာတွင် မြို့တခုကို တည်
ထောင်ခဲ့ပြီး အဖွဲ့၏ ခေါင်းဆောင်များသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ စီးပွားရေး
လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသည်။
ငြိမ်းချမ်းရေးကောင်စီမှ ခေါင်းဆောင်များသည် ယင်းတို့ ချမ်းသာကြွယ်ဝလာရေးအတွက်
စစ်အစိုးရနှင့် ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်ဟု အများကစွပ်စွဲကြသည်။ ယခုနှစ်တွင်မူ မြန်မာ
စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအား ယင်းတို့လက်အောက်ခံ
နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေးကို ရာဇသံပေးလာခဲ့သည်။
ငြိမ်းချမ်းရေးကောင်စီသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းရေး ရာဇသံကို အကြိမ်
ကြိမ် ငြင်းဆန်ခဲ့သည့်အပြင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကို
တိုက်ခိုက်ရန် စေခိုင်းမှုအားလည်း ငြင်းဆန်ခဲ့ကြသည်။ ထို့ကြောင့် မကြာသေးခင်က မြန်မာ
စစ်အစိုးရသည် ငြိမ်းချမ်းရေး ကောင်စီအား အမိန့်ကိုနာခံရန်နှင့် နာခံခြင်းမရှိပါက မတရား
အသင်းအဖြစ် ကြေညာတော့မည် ဖြစ်ကြောင်း ရာဇသံပေးခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗိုလ်မှူးကြီး နာဒါးမြ
မြန်မာစစ်တပ်မှ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်သည် ကရင်ငြိမ်းချမ်းရေးကောင်စီမှ ခေါင်းဆောင်များနှင့်
မကြာသေးခင်က တွေ့ဆုံခဲ့ရာတွင် “ငါတို့ စစ်တပ်နဲ့ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ပူးပေါင်း
ရင်ပူးပေါင်း၊ မပူးပေါင်းရင် ထို့ကော်ကိုးမြို့ပျက်စီးပြီး လူတွေအားလုံး အိုးမဲ့အိမ်မဲ့ ဖြစ်သွားမယ်”
ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
ထိုကဲ့သို့ စစ်အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်းပြောင်းခဲ့လျှင် အမြော်အမြင်နည်း
ရာ ရောက်မည်ကို သိသဖြင့် ငြိမ်းချမ်းရေးကောင်စီခေါင်းဆောင်များသည် ရာဇသံကို ချက်ခြင်း
ပင် ငြင်းဆန်ခဲ့ကြပြီး ကာကွယ်ရေးအတွက် ပြင်ဆင်နေသည်ဟု ဆိုသည်။
ကရင်ငြိမ်းချမ်းရေး ကောင်စီသည် ကောင်းစွာ လက်နက် တပ်ဆင်ထားသော အဖွဲ့အစည်း
ဖြစ်သည်။ စာရေးသူသည် M-60 နှင့် M-16 အသစ်စက်စက်များကို ထရပ်ကားတစီးစာ တွေ့
မြင်ခဲ့ရပြီး ငြိမ်းချမ်းရေး ကောင်စီသည် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက် ထောင်ပေါင်း
များစွာကိုလည်း ပိုင်ဆိုင်ထားသည်။
ငြိမ်းချမ်းရေးကောင်စီမှ ပြောရေးဆိုခွင့် ရှိသူတဦးက “မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းရေး စာချုပ်
ကို ချိုးဖောက်ပြီး စစ်ပွဲကို စတင်လာခဲ့မယ်ဆိုရင် ကျနော်တို့ ကရင်တွေအနေနဲ့ တခြားရွေးစရာ
နည်းလမ်း မရှိတော့ပါဘူး။ ကာကွယ်ဖို့အတွက် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြု
သွားမှာပါ” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
“ဘာပဲဖြစ်ဖြစ် တချိန်က အန္တရာယ်ကင်းရှင်းပြီး လုံခြုံတဲ့ဒေသဖြစ်တဲ့ ထို့ကော်ကိုးဟာ လုံခြုံမှု
မရှိတော့တဲ့ အတွက် ကလေးငယ်တွေအပါအဝင် မိသားစုတွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး
ထိုင်းနိုင်ငံထဲကို ဝင်ရောက်ကြရပါတော့မယ်။ ဒါပေမယ့် ထိုင်းက လက်ခံမယ် လက်မခံဘူး
ဆိုတာကတော့ မသေချာပါဘူး” ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်ဖွဲ့တခုက ယမန်နေ့ညက ကြေညာခဲ့ရာ
တွင် ကရင်ငြိမ်းချမ်းရေး ကောင်စီ အနေဖြင့် ထိုင်းမြန်မာနယ်စပ်သို့ မောင်းထုတ်ခြင်းခံရလျှင်
ယင်းတို့အနေဖြင့် ကာကွယ်ပေးသွားမည်ဟု ဆိုသည်။
ဗိုလ်ချုပ်မြ၏ ဒုတိယ အကြီးဆုံးသားဖြစ်သူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်
ဗိုလ်မှူးကြီး နာဒါးမြက “ကျနော်တို့ အားလုံးဟာ ကရင်တွေပါ။ ကရင်လူမျိုးတွေ အနေနဲ့
တတ်နိုင်သမျှ ခုခံကြရမှာပါ” ဟုဆိုသည်။
သူက သူနှင့်သူ၏ တပ်ဖွဲ့သည် ကရင်ငြိမ်းချမ်းရေး ကောင်စီအား မြန်မာစစ်အစိုးရမှ တိုက်ခိုက်
လာခဲ့လျှင် ကရင်ငြိမ်းချမ်းရေး ကောင်စီဘက်မှ ကူညီသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့
သည်။ နာဒါးမြ အဓိက စိုးရိမ်ပူပန်နေသော အချက်မှာ အရပ်သားများ အရေးပင် ဖြစ်သည်ဟု
ဆိုသည်။
ထိုင်းနိုင်ငံသည် ထောင်နှင့်ချီသော ကရင် ဒုက္ခသည်များအား လက်ခံနိုင်ချေ သိပ်မရှိဟုလည်း
ဆိုကြသည်။ မဲဆောက်နား တဝိုက်ရှိ Tha Son Yang၊ Phop Phra နှင့် Umphang ဒေ
သများ၌ အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်နေကြသော်လည်း ထိုင်းနိုင်ငံသည် ခိုလှုံရန် ကြိုးစား
လာသူများအတွက် စည်းကမ်းများ တင်းကျပ်ထားသည်ဟု ဆိုသည်။
နယ်စပ်ဖြတ်ကျော် ခိုလှုံလာသူများမှာ တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ ဖြစ်ရမည့်အပြင်
မည်သည့်ဘက်တွင်မှ ပါဝင် တိုက်ခိုက်ခဲ့ခြင်း မရှိမှသာ နေစရာနှင့် အစားအစာများ ရရှိပေလိမ့်
မည်။ တဘက်ဘက်မှ ပါဝင် တိုက်ခိုက်သူများနှင့် ယင်းတို့၏ မိသားစုများကို ခိုလှုံခွင့်ပေးလိမ့်
မည် မဟုတ်ချေ။
ကန်ချနဘူရီနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ဒေသများကို ထိန်းချုပ်တာဝန် ယူ
ထားသည့် ထိုင်းတတိယ တပ်မကမူ မြန်မာစစ်အစိုးရနှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ၏ အငြင်း
ပွားမှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာ ဖြစ်သည်ဟူသည့်မူကို ဆက်လက် ကိုင်စွဲ
ထားသည်။
ထိုင်းမြန်မာ နယ်စပ်ရှိ အန်ဂျီအိုများ အနေဖြင့် မြန်မာစစ်အစိုးရနှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ
အကြား တင်းမာမှု အခြေအနေ အရပ်ရပ်ကို စိုးရိမ်ပူပန် နေကြသော်လည်း လူပေါင်း တသိန်းခန့်
အထိ ထွက်ပြေးခိုလှုံ လာလိမ့်မည် ဆိုသည်ကိုမူ သံသယ ရှိနေကြသည်။
ထို့ပြင် နိုင်ငံတကာမှ အလှူရှင်များသည် ကရင်ပြည်နယ်အတွင်း ဆယ်စုနှစ် ခြောက်ခုကျော်ခန့်
ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်သူများကို လှူဒါန်းနေရသည်မှာ လက်ပန်းကျ
လာပြီ ဖြစ်သဖြင့် အကူအညီများလည်း လျော့ကျနေသည်။ ထို့ကြောင့် ဒုက္ခသည်များအား အကူ
အညီ ပေးနေသည့် အဖွဲ့အစည်းများ အနေဖြင့် သောင်းနှင့်ချီသော ဒုက္ခသည်များ ရောက်ရှိလာ
မည်ကို စိုးရိမ်နေကြသည်။
သို့သော် မြန်မာစစ်တပ်အနေဖြင့် ထိုင်းနယ်စပ်ရှိ ထို့ကော်ကိုးမြို့အား စစ်ဆင်ရှင်းလင်းရေး ပြု
လုပ်ခဲ့လျှင် ယမန်နှစ်က ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံဘက်ခြမ်း Tha Son Yang သို့ ထွက်
ပြေးခိုလှုံခဲ့ကြသည့် အရေအတွက်ထက် မနှိုင်းယှဉ်သာအောင် များပြားပေလိမ့်မည်။ ယမန်နှစ် ဇွန်
နှင့် ဇူလိုင်လများက မြန်မာစစ်တပ်နှင့် မဟာမိတ်ဖြစ်သည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မ
တော်သည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်မဟာ ၇ အား ထိုး
စစ်ဆင်ခဲ့ရာတွင် ဒုက္ခသည် ၆,၅ဝဝ ခန့် ထိုင်းနိုင်ငံဘက်ခြမ်း Tha Son Yang သို့ ထွက်ပြေး
ခိုလှုံခဲ့ကြရသည်။
ထိုကဲ့သို့ အစုလိုက်အပြုံလိုက် ခိုလှုံလာကြလျှင် ကပ်ဆိုက်သကဲ့သို့ အခက်အခဲများ ဖြစ်လာနိုင်ပြီး
NGO အဖွဲ့အစည်းများ အနေဖြင့် ဒုက္ခသည်များအား အခြေခံလိုအပ်ချက်များဖြစ်သော နေရာထိုင
်ခင်း၊ အစားအစာ၊ ဆေးဝါးများ ထောက်ပံ့ရန်နှင့် သန့်ရှင်းရေးစနစ်များ စီစဉ်ပေးရန် မနိုင်မနင်းဖြစ်
လာနိုင်သည်။
မဇ္ဈိမ မှကူးယူဖေါ်ပြသည်။