မြို့တော်ခမ်းမတွင် အောက်တိုဘာ(၂၃)ရက် စနေ့ ညနေ(၆)နာရီမှ(၁၁)နာရီအထိ ကျင်းပပြုလုပ်မည်ဟု ကြားသိရပါသည်။
ထိုရံပုံငွေဂီတပဒေသာကပွဲတွင် အနုညာရှင်များဖြစ်ကြသော ပြဇတ်မင်းသား (မောင်ဆန်းမင်းဝင်း၊ မင်းသမီး သဇင်)၊ ရုပ်ရှင်သရုပ်ဆောင်မင်းသားထွန်းထွန်း၊ ရုပ်ရှင်ရှင် မင်းသမီး မိုးပြည့်ပြည့်မောင်၊ လူရွှင်တော်များဖြစ်ကြသော ခင်လှုင်၊ ကျော်ထူး၊ ဒိန်းဒေါင် တို့ ပါဝင်ကပြမည်ဖြစ်သည်။
မင်းသားခန့်စည်သူသည် စစ်အစိုးရ၏၀ါဒဖြန့်ချီရေး သမိုင်းလိမ်ဇတ်ကားဖြစ်သော “အာရုံဦးမှာဖူးသည့်ကြာ”ဇတ်ကားတွင် အဓိကအခန်းကဏ္ဍမ ပါဝင်သရုပ်ဆောင် ထားကာ တော်လှန်ရေးအဖွဲ့ များကို စော်ကားသောအပြောအဆိုများပြုလုပ်ခဲ့ပါသည်။ ရုပ်ရှင်မင်းသား ခန့်စည်သူလည်း Perth တွင် လာရောက် ပြမည်ဟုလည်း ကြားသိထားရပါသည်။ Perthမြို့မှအပ
သြစတြေးလျား၏ မည်သည့်မြို့မှ သွားမည်မဟုတ်ကြောင်းလည်း သိထားရပါသည်။
"သြစတြေးလျားနိုင်ငံမှာ ဒီလိုရံပုံငွေရှာပွဲကို ပြည်တွင်းက အနုပညာရှင်တွေ နဲ့ပြုလုပ်ဖို့ဟာတနှစ်လောက် ကြိုတင်ပြီး ဗီဇာတွေလျောက်ရ အကုန်ကြိုတင် လုပ်ထားရတာပေါ့နော်။ "အာရုံဦးမှာဖူးသည့်ကြာ" ဇတ်ကားကလည်းထွက်လာတာ၂ နှစ်လ သုံးလလောက်ဘဲရှိအုံးမှာလေ။ ဒီဝါဒဖြန့် ဇတ်ကား ကို စစ်အစိုးရက ဖိအားပေးရိုက်ခိုင်းတော့ မလုပ်ချင်ဘဲ လုပ်ရတာတွေရှိမှာပေါ့" ဟု ဆစ်ဒနီမြို့ခံတဦးက ပြောခဲ့ပါတယ်။
"စစ်အစိုးရက ဒီလို ၀ါဒဖြန့်ကားကို ဘယ်လိုဘဲ ဖိအားပေးရိုက်ခိုင်းပေါ့နော်။ ပြည်သူချစ်တဲ့ အနုပညာရှင်အနေနဲ့ မိမိအနုပညာကို လေးစားတယ်၊ ပြည်သူတွေကိုလေးစားတယ်ဆိုရင်ဖြင့် ပြည်သူလူထု၊ တိုင်းရင်းသာများအားလုံးအတွက် စစ်အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းများကို မစော်ကားသင့်ဘူး။ အမှန်ကို မလုပ်ရဲဘူးဆိုရင်တောင်မှ အမှားတွေကို မထောက်ခံပေးဖို့ လိုအပ်ပါတယ်" ဟု တခြားဆစ်ဒနီမြို့ခံက ၎င်းအမြင်ကိုပြောခဲ့ပါသည်။
"အာရုံဦးမှာဖူးသည့်ကြာ" ဇတ်ကားသည် စစ်အစိုးရနှင့် ပြည်ပရောက် စစ်အစိုးရ ဆန့်ကျင်သူအကြား နိုင်ငံရေးစိန်ခေါ်မှုတွေ ဖြစ်သည်။ စစ်အစိုးရက အ နုပညာရှင်များကို ၎င်းးတို့၏လက်နက်တခုအဖြစ် အသုံးချကာ ပြည်သူနှင့် အတိုက်အခံ တော်လှန်ရေးအဖွဲ့တွေအကြားသဘောထား အမြင်များကွဲပြားအောင် အမျိုးမျိုးကြံဆောင်သွေးခွဲနေခြင်းသာဖြစ်သည်။
ထိုဂီတပဒေသာကပွဲသည်မြစ်သာမြို့ (ပြည်တွင်း)မှာရှိတဲ့ မိဘမဲ့ခလေးများနှင့် ဆစ်ဒနီမြို့ဘုန်း
တော်ကြီးကျောင်းအတွက် ရံပုံငွေရှာဖွေခြင်းဖြစ်သည်။
ကျင်းပမည့်နေရာ
Petersham Townhall
107 Crytal St
Petersham NSW 2049
ဆက်သွယ်ရန်
ကိုဇော်ဝင်းနိုင်-၀၄၁၈ ၄၁၆ ၅၀၀
ကိုစောတကောဝါး-၀၄၀၀ ၈၃၄ ၄၄၉
ိကိုမန်းကျော်ဆန်း-၀၄၁၅ ၄၃၉၅၈၆