Saturday, September 25, 2010

ဒီကေဘီအေ ၀ါဒဖြန့်သီချင်း ရိုက်ကူး သရုပ် ဆောင်တဲ့ မြန်မာ သရုပ်ဆောင် အချို့

နအဖလုပ်ကြံ ရိုက်ကူးတဲ့ ၀ါဒဖြန့် ဇတ်ကားတွေကို ၀င်ရောက် သရုပ်ဆောင်ထားတဲ့ မြန်မာသရုပ်ဆောင် အများအပြားကို ပြည်တွင်းပြည်ပ မြန်မာပြည်သားများက ဝေဖန်ကန့်ကွက်မှုတွေ အမျိုးမျိုး ထွက်လာကြောင်း ကြားသိရပါတယ်။ အာရုံဦးမှာ ဖူးသည့်ကြာဆိုသည့် နအဖ၀ါဒ ဇတ်ကားကတော့ အလွန်ပဲ နာမည်ကြီးတဲ့ လုပ်ကြံဇတ်ကားတကား ဖြစ်ပါတယ်။ အတင်း ရိုက်ခိုင်းလို့ ရိုက်ရတာပါလို့ သရုပ်ဆောင်တချို့က အကြောင်းပြ နေကြတာကိုလည်း ကြားရပါတယ်။ တကယ်တော့ မြန်မာ သရုပ်ဆောင်အချို့ဟာ နအဖ၀ါဒဖြန့်ကားတခုကိုပဲ ရိုက်ကူးနေတာ မဟုတ်ပဲ နအဖနဲ့ အပစ်ရပ်ထားတဲ့ ဒီကေဘီအေ အဖွဲ့ရဲ့ ၀ါဒဖြန့်ကား တွေကိုပါ ရိုက်ကူး သရုပ်ဆောင်သွားတာကို အောက်ပါ ဒီကေဘီအေ ၀ါဒဖြန့် သီချင်းများက သက်သေပြလျှက် ရှိနေပါတယ်။ ဆက်လက်ကြည့်ရှူ အကဲခတ် ပေးကြပါအုံး။ သရုပ်ဆောင်အများအပြား သရုပ်ဆောင်သွားခဲ့သော်လည်း လက်လှမ်းမှီတာလေးကိုပဲ ရှာဖွေ တင်ပြပေးလိုက်ပါတယ်။


စောဆတ်မူး သီဆိုထားတဲ့ ဒီသီချင်း တပုဒ်မှာတော့ ကရင်လူမျိုးဖြစ်ပြီး နာ မည်ကြီး မြန်မာပြည် သရုပ်ဆောင် ဟက်ကက် သရုပ်ဆောင်ထားပါတယ်။


ဒီတပုဒ်မှာတော့ စိုးမြတ်နန္ဒာ၊ ဝေဠုကျော်နှင့် ညီနန္ဒတို့ သရုပ် ဆောင်ထားပါတယ်။


ဒီသီချင်းကတော့ မူးဓံင့်အွာ သီဆိုထားပြီး အေးဝတ်ရည်သောင်းနဲ့ ဒီကေ ဘီအေအဖွဲ့ဝင်တဦး တို့ တွဲသရုပ်ဆောင်ထားပါတယ်။


ကျဝ်လိက်သိင့် သီဆိုထားတဲ့ ဒီသီချင်းမှာတော့ သူထူးစံ ခင်စိုးပိုင်နဲ့ ဒီကေ ဘီအေမှ ဆေးမှူးရဲမေတဦးဖြစ်တဲ့ အဲပြေ သရုပ်ဆောင်ထားပါတယ်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment