Friday, December 17, 2010

နအဖနှင့် ပူးပေါင်းသွားသည့် ဒီကေဘီအေ အဖွဲ့ဝင်အချို့ အရေးယူခံရနိုင်

အဲခေါင်သောင့်၊ ဒီဇင်ဘာလ ၁၈ရက်၊ ၂၀၁၀ခုနှစ်
ဒီဇင်ဘာလ ၉ရက်နှင့် ၁၂နေ့က နအဖထံ လက်နက်ချအညံ့ခံသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့ အရေးယူ ခံရနိုင်သည်ဟု မြ၀တီအခြေစိုက် နယ်ခြားစောင့် အရာရှိတဦး၏ ပြောဆိုချက်အရ သိရသည်။
photo-kyeesaytaman

photo-kyeesaytaman

၎င်းတို့ လက်နက်ချအညံ့ခံအပြီး နအဖစစ်တပ်မှ ထိပ်ပိုင်း တပ်မှူး ၄ဦးကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ အမိန့်အရ မော်လမြိုင် ရခိုင်ကုန်းရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ ချက်ခြင်း ပို့ဆောင်ခြင်း ခံရပြီး နောက်ဆက်တွဲ သတင်း ကြားသိရခြင်း မရှိတော့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

မြ၀တီ၊ ဘုရားသုံးဆူမြို့မှာ နအဖကို ယခုလို ပြန်လည်တိုက်ခိုက်မှုအပေါ် တိုင်းမှူးက တော်တော်လေး ဒေါသထွက်နေတယ်။ ဒီတိုက်ပွဲဦးဆောင်သူတွေထဲမှာ အဲဒီလူတွေက အဓိကနေရာကနေပါတော့ ပုဒ်မတခုခုနဲ့တပ်ပြီး တရားစွဲသွားဖို့ရှိပါတယ်။ နောက်ပြီး ဒီလူတွေပြန်လာတာ လက်နက်တွေလည်း မပါဘူး။ လက်ဗလာနဲ့ ပြန်လာတယ်လေ။ ဒါကိုလည်း စစ်ဆေး မေးမြန်းသွားဖို့ရှိတယ်။ သူတို့အခြေအနေတွေ မကောင်းဘူး၊ ဒီလိုအခြေအနေမျိုး ရောက်မှတော့ ကျနော်တို့လည်း ကယ်တင်ဖို့ သိမ့်မလွယ်တော့ဘူး ဟု အဆိုပါ နယ်ခြားစောင့်တပ်မှ အရာရှိက ပြောဆိုသည်။

နအဖနှင့် ပြန်လည်ပူးပေါင်းသူများမှာ ဒီကေဘီအေ တပ်ဟာ ၅မှ ဗိုလ်မှူးကြီးလှဒါး၊ တပ်ရင်း ၉၀၆မှ ဗိုလ်မှူးကြီးနော်တရာနှင့် ကလိုထူးဘော ဗျူဟာမှ ဗိုလ်ကြီးချင်းလုံတို့ ဦးဆောင်ပြီး တပ်ဖွဲ့ဝင်၂၁ဦးဖြင့် သွားရောက်ကာ အညံ့ခံခဲ့ကြခြင်း ဖြစ်သည်။ သို့သော် နအဖမီဒီယာက ပူးပေါင်းသူ အဖွဲ့ဝင် ၅၁ဦးရှိပြီ့း ပူးပေါင်းသူများမှာ ကေအဲန်ယူအဖွဲ့ဝင်များဟု လုပ်ကြံ ရေးသားထားသည်။

ထို့အပြင် ၄င်းတို့အတူ ပြန်ပြီး လက်နက်ချအညံ့ခံသည့် တပ်ဖွဲ့ဝင်တချို့၏ သတင်းအစအနတွေလည်း ပျောက်နေကြာင်း၊ ပြန်လာစက ဒီကေဘီအေ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ထိန်းသိမ်းရာကနေ သင်္ကန်းညီနောင်အခြေစိုက် ဗျူဟာမှူး၏ အမိန့်အရ ၄င်းတို့ကို နအဖတပ်ဖွဲ့ထံ လွဲပြောင်းပေးခဲ့ရကြောင်း သိရှိရသည်။

နအဖကို ပြန်တိုက်ခိုက်သည့်အချိန်မှာ အဓိကနေရာကနေ ပါဝင်လာခဲ့ပြီးမှ ယခုကို ပြန်အညံ့ခံ သွားခြင်းအပေါ် သူတို့လောက် မိုက်မဲတဲ့ လူ မရှိတော့ကြောင်း၊ ကျားမြီးကိုင်ရင် ဆုံးအောင်ကိုင်ရန် ဆိုသလို ပြန်တိုက်မယ်ဆိုလျှင် ဆုံးခန်းတိုင်တိုက်သွားရန်နဲ့ ပြန်မတိုက်ပါက အစကတည်းက မတိုက်ကြရန် လိုကြောင်း အဆိုပါအရာရှိက သုံးသပ် ပြောဆိုသွားပါသည်။

သတင်းအချက်အလက်ပေးပို့သူ အမည်မဖော်လိုသည့် နယ်ခြားစောင့်အရာရှိတဦးကို ကျေးဇူး တင်ရှိလျှက်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment