နအဖ မဟာဗမာစစ်အုပ်စုဟာ ဝေါ်လေဒေသကို တလကြာတိုက်ခိုက်မှုပြည့်လို့ ဒီဇင်ဘာ ရ.ရက် နဲ့ ၈.ရက်နေ့ မှာ မျိုးချစ်ကရင်သူရဲကောင်းပျောက်ကျားတပ်ဖွဲ့ တို့ ရဲ ခိုင်မာသောစိတ်ဓါတ်၊့ရွံ့ ရွံ့ ချွန်ချွန် ခုခံတိုက်ခံရမှုကြောင့် အခြေအနေမဟန်ဘဲ ခွေးပြေးဝက်ပြေးနဲ့ ခြေဦးတည့်ရာ တပ်ခေါက်ထွက်ပြေးလိုက် ရပြီ။ အင်းအား အလုံးအရင်းနဲ့ တက်လာပေမဲ့ ပျောက်ကျားစစ်နဲ့ တိုက်ခိုက်ခံလိုက်ရတော့ မရှုမလှနဲ့ ခွေး သေ၀က်သေ အတုံးအရုံးနဲ့ သေကြရတာပေါ့။
ဒီဖြစ်ရပ်နဲ့ ပါတ်သက်ပြီး ကရင်ရာဇ၀င်မှာ နယ်ချဲ့ အင်္ဂလိပ် ကိုတော်လှန်ခဲ့တဲ့ ကရင့် သူရဲကောင်း ဖူ့ မောင်ပျောင့် အကြောင်းကို သွားသတိရမိတယ်။ ဖူ့ မောင်ပျောင့် က နယ်ချဲ့ ကိုတိုက်ဖို့  သူတပ်စွဲထားတဲ့ဒေသမှာ ရှိတဲ့ သရက်ပင်ကြီးတပင်ရှိတယ်၊ အဲဒီသရက်ပင်ကြီးကို အကြောင်းပြုပြီး မတရားကျူးကျော်လာသမျှနယ်ချဲ့ ရန်သူတွေကို ဤသရက်ပင်နားမှ ခြေတလှန်းမှ နောက်မဆုတ်ဘဲ အရိုးကြေကြေ အရေခန်းခမ်း တော်လှန်တိုက်ခိုက်သွားမယ်လို့ အောင်မြေနှင်းသစ္စာ ဆိုခဲ့တယ်။ အခုလည်း ကျနော်တို့ ကရင်ဘိုးဘွားပိုင်တဲ့နယ်မြေကို မတရားကျူးကျော်လာသမျှ ခြေတလှမ်းမှနောက်မဆုတ်ဘဲ တော်လှန်တိုက်ထုတ်နိုင်ခဲ့တဲ့ ကရင်သူရဲကောင်းအပေါင်းကို ဦးညွှတ်အ ကြိမ်ကြိမ် အလေးပြုမိပါတယ်။
ရန်သူအထိနာပြီးဆုတ်ခွါပြေးသွားပေမဲ့ ကျနော်တို့ သတိကြီးစွာ ထားရပါမယ်။ ဘယ်လိုညစ်ပတ်တဲ့နည်းနဲ့ ထပ်လာအုံးမလဲ။ ကရင်နယ်စားစောင့်တပ်တွေကို ရှေ့ တန်းမှာ မောင်းတက်လာမလား ဒါမှမဟုတ် ကရင်အရပ်သားပြည်သူ၊ယောက်ျား၊မိန်းမ၊ခလေးငယ်ပါမကျန် ရှေ့  တန်းမှာ ကါဘာအနေနဲ့ (ယခင်က သါဓကများစွာရှိခဲ့)မောင်းတက်လာမလား၊သို့ တည်းမဟုတ်နိုင်ငံတကါ
စစ်ပွဲ ဥပဒေမှာ ပြည်တွင်းစစ်အနေနဲ့  သုံးခွင့်မရှိတဲ့ တိုက်လေယာဉ်တွေကို ထုတ်သုံးလာမလားဆိုတာ သတိကြီးစွာစောင့်ကြည့်ရမယ်။ တကယ်မိုက်ရမ်း ရမ်းလာတော့မှာတော့သေချာတယ်။ နိုင်ငံရေးပြသနာ ကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လူမျိုးရေးအမြစ်ပြတ်ချေမှုန်းတဲ့အသွင်ဖြစ်လာရင်တော့ လူမျိုးရေးအဓိ ကရုန်း၊ လူမျိုးရေးစစ်ပွဲကို ဦးတည်သွားစေနိုင်ပါတယ်။
ကျနော်ဆိုလိုချင်တာက ဗမာစစ်ဗိုလ်ချုပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေ ကို ကျွန်ဇာတ်သွင်းနိုင်ဖို့  ကလိမ်ကျစ်နည်းလမ်းပေါင်းစုံသုံးပြီး စည်းရုံးသိမ်းသွင်း၊ဖိအားတွေအမျိုးမျိုးပေး၊ စစ်ရာဇသံတွေအမျိုးမျိုးပေး မရတဲ့ အဆုံးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေမှာ စစ်
တပ်အင်အားအလုံးအရင်းပို့  အကြမ်းနည်းနဲ့ ဖြိုခွဲဖို့ ခြေလှမ်း လှမ်းလာပါတယ်။
တိုက်ပွဲဖြစ်တော့ ပြည်သူလား ရန်သူလားမခွဲခြားတော့ဘဲ တွေ့ ရာအားလုံးကို အရောင် ပြောင်းပြစ်တတ်တာဟာသူတို့ ရဲ့ (ထမင်းစား ရေသောက်တဲ့အဆင့် လောက်ဘဲသဘောထား) စစ်မိတ္ဆာ
အကျင့်တခုပါ။ ဒီအချိန်မှာ ချေမှုန်းခံလိုက်ရတဲ့ မျိုးနွယ်စုတွေကတော့ သူတို့ အတွက် နာကျဉ်းစိတ် တွေ၊ရွံရှာမုန်းတီးစိတ်တွေ စဉ်းစားစရာတွေအများကြီးဖြစ်လာမှာတော့သေချာတယ်…မျိုးနွယ်စုအမြစ်ပြတ်
ချေမှုန်းနေတယ်ဆိုတဲ့ အမြင်ဆီကို ပြောင်းသွားနိုင်ပါတယ်။ ကိုယ်ကငြိမ်းချမ်းရေးကိုချစ်မြတ်နိုး
လို့  ပြန်လည်မခုခံဘဲ သူတို့ ရဲ့  အလိုတော်ကျ နယ်ခားစောင့်တပ်ဘဲ လက်ခံတယ်ထားအုံးတော့ တနေ့ 
မဟုတ်တနေ့ တော့ သူတို့ နဲ့ မတူတဲ့ မျိုးနွယ်စုတွေကို အမျိုးမပြုတ် ပြုတ်တဲ့နည်းနဲ့  သူတို့ လုပ်ဆောင် မှာဘဲ(အရင်ကလဲလုပ်၊ ယခုလည်းလုပ်၊ နောင်လည်းလုပ်မှာဘဲ)။
တကယ်တော့ မြန်မာပြည်မှာ ရိုးသားပွင့်လင်းဖေါ်ရွေတဲ့၊ချစ်စရာကောင်းတဲ့ တိုင်းရင်းသား ကိုယ်ပိုင်ရိုးရာရာ ယဉ်ကျေးမှုဓလေ့တွေနဲ့ ပေါင်းစပ်ထားတဲ့ တကယ့်နေချင်စဖွယ်ကောင်းတဲ့ ကမ္ဘာမြေ တနေရာဖြစ်ပါတယ်။ဒါပေမဲ့ဗမာစစ်မိတ္ဆာတို့ ရဲ့ ခြေလှန်းတွေဟာ အလုံးစုံပျက်သုန်းရေးဆီကို ဦးတည်နေ တော့ သာယာလှပတဲ့ ကမ္ဘာမြေတနေရာကို အကျဉ်းတန်ရုပ်ဆိုးသွားအောင် လုပ်လာမှာကို အရမ်းစိုး ရိမ်စရာဖြစ်လာတယ်။တလောတုံးကဘဲ ဖက်ဆစ်ဗမာစစ်အုပ်စု ခေါင်းဆောင်တယောက်က တိုင်းရင်း သားငြိမ်းတဖွဲ့ ကိုစစ်ရာဇသံပေးလိုက်ပါသေးတယ် သူတို့ ဖြစ်ချင်သလိုမလိုက်နာရင်ဟိုးလွန်ခဲ့တဲ့(၁၉၈၀)
ဝန်းကျင်က အခြေအနေတွေလို ပြန်ရောက်သွားနိုင်တယ်တဲ့(ဗမာစစ်ခေါင်းဆောင်တွေက တမင်ဖန်တီး လာတော့မှာကိုသံသယမရှိနဲ့  တကယ်လုပ်မှာ)။ဒါကိုကြည့်ခြင်းအားဖြင့် နအဖစစ်အုပ်စုတွေဟာတကယ်
့ငြိမ်းချမ်းရေးအစစ်အမှန်ကို လုံးဝမလိုလားဘူး၊ မိတ္ဆာစစ်သွေးကြွ၊ သွေးနားထင်ရောက်တယ်လို့ ပြသ လိုက်တာပါဘဲ။ (အလုံးစုံပျက်သုန်းရေးရဲ့တရားခံတွေပါ)။
လောကရဲ့ သလောတရားအရ ဖိအားမှုဟာများလာရင် ပြန်လည်တွန်းကန်မှုအားလည်း များလာတတ်ပါတယ်။ ဗမာဖက်ဆစ်တွေက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေအားလုံးကို စစ်မြေပြင်အဖြစ် သတ်မှတ်လိုက်ပြီး မင်းတို့ အားလုံးဟာအတူတူဘဲလို့ သတ်မှတ်ချေမှုန်းနေရင်အခြားတ
ဖက်မှာလည်း စစ်ရေးနည်းဗျူဟာတွေ၊ အမြင်တွေ၊ခံယူချက်တွေကအစ ပြောင်းလဲသွားနိုင်ပါတယ်။ မိမိ
တို့ ရဲ့ မျိုးနွယ်စုကိုတော့ အမြစ်ပြတ်ချေမှုန်းခံမှာမဟုတ်ပါ။ ဒီတော့ ဗမာလူမျိုးအများစုနေတဲ့ မြို့ ပြတွေမှာ စစ်မြေပြင်အဖြစ် ပြန်လည်သတ်မှတ် မခံရနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ။ တိုင်းရင်းသားလက်နက်ကိုင် တွေငြိမ်းချမ်းရေးယူစဉ်ကါလအတွင်း ဗမာဖက်ဆစ်ထောက်လှန်းရေးတွေက သူတို့ ရဲ့ အတွင်းရေးကိစ္စ အကြောင်းစုံ၊ နေရာဒေသအားလုံးရဲ့ အခြေအနေတွေကို သိထားသလို…. မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဗမာ စစ်ဗိုလ်ချုပ်တွေရဲ့ နေရာ၊မိသားစု၊အသုံးပြုတဲ့ကားတွေကအစ၊ ဗမာစစ်ဗိုလ်ချုပ်တွေကို ဒေါက်တိုင်ဖြစ်စေ တဲ့ ခေတ်ပျက်သူဌေးနဲ့  သူတို့ ရဲ့ ကုပ္ပဏီတွေ၊ဗမာစစ်ဗိုလ်ချုပ်တွေကိုကိုယ်စားပြုတဲ့ ကြံ့ ဖွတ်ပါတီအမတ် တွေကအစ…တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေသိထားပါတယ်။
ကမ္ဘာပေါ်မှာနိုင်ငံအချို့ အကြမ်းမဖက်တဲ့နည်းနဲ့ ပြောင်းလဲလာတာရှိပေမဲ့  မြန်မာနိုင်ငံမှာ တော့ အဲဒီလိုမျိုးနည်းလမ်းနဲ့ ပြောင်းလဲလာဖို့ မလွယ်ရေးချမလွယ်ပါ။ ယနေ့ ကမ္ဘာ့ နိုင်ငံရေးအခင်း
အကျင်းဘဲကြည့်ကြည့်၊ နှစ်(၂၀)ကျော်ကြာ မြန်မာ့ဒီမိုကရေစီနိုင်ငံရေးဘဲကြည့်ကြည့် မြန်းမာနိုင်ငံ တိုးတက်ပြောင်းလဲလာဖို့  လမ်းမမြင်ပါ။ ကမ္ဘာပေါ်မှာ အကြမ်းကြုတ်ဆုံး မဟာဗမာစစ်ဗိုလ်ချုပ်တွေဆီက ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ပါးစပ်နဲ့ အော်၊ လက်ဖြန့် တောင်းနေရင် ထောင်ထဲမှာဘဲ ဘ၀နိဂုံးချုပ် သွားမယ်၊ သို့ မဟုတ် မျိုးဆက်တွေတဆက်ပြီးတဆက် ဆုံးရှုံးသွားမယ်၊စစ်ဗိုလ်ချုပ်တွေကတော့ ဆရာ တွေထက် လက်စောင်းထက်တဲ့သူတွေ တက်လာဖို့ တန်းစီနေပါတယ်။
ဒီနေရာမှာ အကြမ်းဖက် ဆိုတဲ့စကားတခုဟာ စဉ်းစားစရာဖြစ်လာတယ်။ ကောက်ကျစ် ရုပ်မာတဲ့အစိုးရတခုခုက ပြည်သူတွေကို မတရားသတ်ဖြတ်ညှဉ်းပမ်းတော့ အချုပ်အချာအာဏာအတွက်၊ ဥပဒေစိုးမိုးဖို့ အတွက်လို သူတို့ သုံးကြတယ်။ အစိုးရဖိနှိပ်လွန်းတော့ မခံမရနိုင်တဲ့အဆုံးကိုယ်က အစိုးရ ကိုပြန်လည်တိုက်ခိုက်တော့ အကြမ်းဖက်လို့ ခေါ်လို့ ရမလား၊ အမျိုးသားလွတ်မြောက်ရေးလို့ ခေါ်ရင် ကန့် ကွက်တဲ့သူရှိမလားပါဘဲ။ ယနေ့ အချိန်မှာ ဗမာအပါအ၀င် တိုင်းရင်းလားတွေအားလုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးယူရမယ်ဆိုတဲ့အတွေး ကိုယ်စီရဲ့ ခေါင်းထဲမှာ ထည့်ထားရမယ်။ ဘယ်နိုင်ငံခြားတိုင်းပြည်မှ မလာဖန်တီးပေးနိုင်ပါ။
တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့  ယနေ့ အချိန်မှာ ရန်သူဗမာဖက်ဆစ်စစ်အုပ်စုက ကိုယ့်ဘိုးဘွားနယ်မြေအားလုံးတွေကို စစ်မြေပြင်အဖြစ်သတ်မှတ်လိုက်ပါပြီ။ကိုယ့်လူမျိုး ကိုယ့်ဘိုးဘွား နယ်မြေ တန်ဖိုးမဲ့၊အဓိပ္ပါယ်မဲ့ အဖျက်ဆီးမခံရအောင် ကိုယ်ဘာတွေလုပ်သင့်သလဲ….

မန်းအာကါဗိုလ်
၁၁ ဒီဇင်ဘာ ၂၀၁၀။