Sunday, January 30, 2011

ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုတေးသီချင်းများ

ဥပဒေဘောင်အတွင်းကနေ ကိုယ့်ရပိုင်ခွင့်လေး တခုဖြစ်တဲ့ လွတ်လပ်တဲ့ ကရင်ပြည် ရရှိဖို့ ငြိမ်းချမ်းစွာ တောင်းဆိုမှုလေးတခုကို လေးနက်စွာ စဉ်းစားမှု မပေးကြပဲ လိုချင်ရင် တိုက်ယူဆိုတဲ့ မဟာဝါဒီတွေရဲ့ စိန်ခေါ်တဲ့ စကားတွေကြောင့်သာ မလွဲမရှောင်သာပဲ ကရင့်တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ရတာ ယနေ့ဆိုလျှင် ၆၂နှစ် ပြည့်မြောက်လို့ လာပါပြီး၊ ၆၂နှစ်တိုင် ပြည့်မြောက်လာခဲ့သော်လည်း တမျိုးသားလုံး လိုလားတောင့်တနေတဲ့ ပန်းတိုင်ကို မရောက်သေးပါဘူး။ ထိုပန်းတိုင်ကြီးရရှိဖို့က ကရင်တမျိုးသားလုံးမှာ တာဝန်ရှိသလို နောင်တချိန် အမျိုးသားရေး ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမယ့် လူငယ်တွေမှာလည်း ပိုတာဝန် ရှိပါတယ်။ ယနေ့လူငယ် နောင်ခါ လူကြီးဆိုသလို အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုမှာ လူငယ်တွေ ပါဝင်မှု ပိုအရေးကြီးတာကို မီးမောင်းထိုးပြထားတဲ့ သီချင်းလေးတပုဒ်ကို ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ တင်ပြလိုက်ပါရစေ။ ဒီသီချင်းကို သွားလေသူ ကရင့်ခေါင်းဆောင်တဦးဖြစ်တဲ့ ဖူးစကောလယ်တောမှ ရေးစပ်ထားပြီး ကရင့်တော်လှန်ရေး ရဲဘော်၊ ရဲမေတွေ စုပေါင်းသီဆိုထားတာဖြစ်ပါတယ်။


ဒီသီချင်းကတော့ ကော်သူးလေးအတွက် အသက်ပေးမယ်လို့ပဲ အဓိပါယ်ရပါတယ်။ အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် ပန်းခင်းလမ်း မဟုတ်တဲ့ တော်လှန်ရေး ခရီးကြမ်းထဲမှာ တော်လှန်ရေးသမားတွေဟာ ကိုယ်ကျိုးအတွက် မငဲ့ညှာပဲ တော်လှန်နေရသော်လည်း မမှုပါ။ လိုအပ်ရင် အသက်ပါပေးမယ်ဆိုတာကို စပ်ဆို ရေးသားထားတဲ့ တော်လှန်ရေး သီချင်ကောင်းလေး တပုဒ် ဖြစ်ပါတယ်။ ဒီသီချင်း သီဆိုသွားသူကတော့ တပ်မဟာ ၇တခွင်မှာ နာမယ်ကြားလျှင်ပင် ခြေမကိုင်မိ လက်မကိုင်မိကြပဲ ကြောက်ဒူးတုန်နေရပြီး ပြောက်ကျားပါရဂူလို့တောင် တင်စားရလောက်တဲ့ သူရဘွဲ့အကြိမ်ကြိမ် ရရှိခဲ့သူ တပ်မဟာ ၇မှူး ဗိုလ်မှူးချုပ်စောဂျော်နီပဲ ဖြစ်ပါတယ်။ အမျိုးသားလွတ်မြောက်ရေးအတွက် သေနပ်ကိုင်တဲ့ လက်ကနေ မိုက်ခွက်ကလေးကို ကိုင်ကာ နှစ်ပေါင်းများစွာ တိုက်ပွဲတွေထဲမှာ အမိန့်ပေးညွန်ကြားနေတဲ့ အသံနဲ့ သီချင်းတွေ သီဆိုနေပြီး ရေတွက်လို့မရနိုင်တဲ့ တိုက်ပွဲအလီလီ အောင်ပွဲခံမှုတွေကနေ အပြန်လမ်းမှာ ကြိုဆိုကြတဲ့ အောင်ပွဲခံ သပြေပန်းတွေ ပန်းကုံးတွေအစား စင်ပေါ်တက် သီချင်းသီဆိုမှုကနေ ရရှိတဲ့ ပန်းကုံးလေးတွေကို ရယူနေတဲ့ တော်လှန်ရေးသမားကြီး ဗိုလ်မှူးချုပ်စောဂျော်နီရဲ့ အနုပညာလေးကို မချီးကျူးပဲ မနေနိုင်ပါဘူး။ ဆက်လက် နားဆင်ကြည့်ကြပါစို့။


ဒီသီချင်းကတော့ တော်လှန်ရေးအမွေ ပြန်လည် ဆက်ခံနေတဲ့ ဒီကေဘီအေ ရဲဘော်တွေအတွက် ကရင့် တော်လှန်ရေးနေ့မှာ ဒီသီချင်းလေးနဲ့ပဲ ဂုဏ်ပြုတင်ဆက်လိုက် ပါရစေ။ သစ်ပင်တွေမှာ အမြစ်နဲ့ မကင်းကြသလို လူတွေမှာလည်း အချစ်နဲ့ မကင်းကြပါဘူး။ အဲဒီထဲမှာ လူတွေထဲက တော်လှန်သူတွေဟာ လည်း အပါအ၀င်ပေါ့။ ယနေ့ တိုက်ပွဲဝင်နေကြတဲ့ ဒီကေဘီအေ အပါအ၀င် တော်လှန်သူတွေ အားလုံးမှာ သူတို့ချစ်တဲ့ ဇနီးတွေ၊ ချစ်ရတဲ့ ချစ်သူတွေနဲ့ ချစ်ရတဲ့ သားသမီးတွေ အနောက်မှာ ကျန်နေခဲ့မှာပါ။ ဒါတွေကို ခဏတာ မေ့ပျောက်ပြီး အရေးကြီးနေတဲ့ လွတ်မြောက်မှုအတွက် ချီတက်နေကြတယ်ဆိုတာ အများအသိပင် မဟုတ်ပါလား။ ဒီသီချင်းကို နားထောင်တဲ့ အချိန်မှာ တော်လှန်ရေးအမွေ ပြန်လည်ထမ်းဆောင်ကြပြီး ယနေ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ ရန်သူကို ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်နေကြတဲ့ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွေးနဲ့ တပ်မှူးတွေ ဖြစ်တဲ့ ဗိုလ်မှူးစန်းအောင် ဗိုလ်မှူးစောကျော်သက်စတဲ့ တော်လှန်သူတွေ အားလုံးကိုတော့ ကိုယ်ချင်းစားမိကြမှာပါ၊ တချိန်က ဒီကေဘီအေ တဦး ပြောသွားခဲ့သလိုပဲ ဒီကေဘီအေ တိုင်းမှာ အခွင့်အရေးသမားတွေ မဟုတ်ပါဘူး ဆိုတာကို ယနေ့ ဒီကေဘီအေအချို့ သက်သေပြသွားခဲ့ပါပြီး။  ဒီသီချင်းလေးကို နားဆင်ပြီး အမျိုးသားရေးအတွက် လမ်းကြောင်းမှန် ပြန်လည် လျှောက်လှမ်းပြီး စစ်ဝါဒီ အာဏာရူးတွေကို တိုက်ထုတ်နေကြတဲ့ ညီအစ်ကို ဒီကေဘီအေတွေကို တဖက်တလှမ်းကနေ ကူညီကြပါစို့။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment