Friday, January 28, 2011

ဒီကေဘီအေ တိုက်ပွဲ ကညောသူးခေါ် မွတ်စလင်တပ်တွေပါ ပူးပေါင်း ပါဝင်လာ

ယခုရက်ပိုင်းအတွင်း ဒီကေဘီအေနဲ့ နအဖတပ်တွေကြား တိုက်ပွဲအရှိန် မြင့်လာတဲ့ အချိန်မှာ ဒီကေဘီအေနဲ့ ပူးပေါင်းတပ်တွေဘက်ကို ကညောသူးလို့ခေါ်တဲ့ မွတ်စလင်တပ်တွေပါ ပူးပေါင်းပါဝင် တိုက်ခိုက်လာတာ တွေ့ရပါတယ်။


 ကရင့်တပ်ဖွဲ့ဝင်များနှင့်အတူ တွေ့မြင်ရတဲ့ ကညောသူးတပ်ဖွဲ့ဝင်အချို့။ 
သူတို့ကိုယ် သူတို့ ကညောသူး(ဗမာလို-ကရင်မဲ)လို့ ခံယူထားတဲ့ မွတ်စလင်တပ်များဟာ ဘာသာရေး လွတ်လပ်ခွင့်၊ တန်းတူ အခွင့်အရေး ခံစားခွင့် ရရှိရေးအတွက် ယခုလို စစ်ပွဲမှာ ပါဝင်လာရခြင်းဖြစ်တယ်လို့ သတင်းဌာနများကို ပြောပါတယ်။

တကယ်တော့ ကညောသူးတွေဟာ ယခုမှ ဖိနှိမ့်သူလူတန်းစား အာဏာရူးတွေကို စတင်တော်လှန်တာ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် ကရင်တော်လှန်ရေး အဖွဲ့တွေနဲ့ လက်တွဲပြီး သစ္စာရှိရှိနဲ့ တော်လှန်တိုက်ပွဲ ၀င်ခဲ့ကြသူ တွေပါ။

၎င်းတို့ကို ကုလားလို့ခေါ်ရင် အလွန်စိတ်ဆိုး ဒေါသထွက်ကြပြီး ကညောသူးဆိုတာကိုပဲ အခေါ်ခံချင်ကြတယ်ဆိုတာ အများအားဖြင့် သူတို့ လှုပ်ရှားရာနေရာ ဖြစ်တဲ့ တပ်မဟာ ၆၊ ၇ဘက်က လူတွေ ကောင်းကောင်း သိကြပါတယ်။  

ကရင်စကားဟာ ၄င်းတို့ရဲ့ ကိုယ်ပိုင်စကားလိုဖြစ်နေတဲ့ ကရင်ပြည်ဖွား မွတ်စလင် ကညောသူးတွေဟာ ကရင့်တော်လှန်ရေး ခရီးကြမ်းထဲမှာ အသက်ပေါင်းမြောက်များစွာ ပေးဆပ်ခဲ့ရပြီးလည်း ဖြစ်တယ်။

တချိန်က ကော်သူးလေ မွတ်စလင်တပ်လို့ ခေါ်တဲ့ ကညောသူးတပ်တွေ ကရင့်တော်လှန်ရေးမှာ ခိုင်ခိုင်မာမာ ရှိခဲ့ရာကနေ တော်လှန်ရေး ခရီးကြမ်းဒဏ်ကြောင့် အခြေအနေ တခုပေါ်မှာသာ ပျောက်ကွယ်သလောက် ဖြစ်ခဲ့ရသော်လည်း တော်လှန်ရေးထဲမှာ သစ္စာရှိရှိနဲ့ လက်တွဲ လုပ်ဆောင်နေသူများ ရှိနေသေးတယ်ဆိုတာ ယခုတိုက်ပွဲတွေမှာ ပါဝင်လာတာကိုက သက်သေပြနေပါတယ်။

ကရင့်တော်လှန်ရေး သမားတွေထဲမှာပင် ဇကောလောက် ဇောက်မနက်ပဲ အသားထဲက လောက်ထွက်နေသူများ ရှိခဲ့သော်လည်း ကညောသူးတွေထဲမှာ အဲလိုလူစားမျိုး ရှာမှ ရှားတဲ့အရာဖြစ်ပြီး သစ္စာရှိစွာ တော်လှန်ခဲ့ကြတာပါ။

တကယ်တော့ သူတို့လိုချင်တာက တခြား ဖိနှိမ့်ခံ လူတန်းစားတွေလို မြန်မာပြည်တွင်း လူလူချင်း တန်းတူအခွင့်အရေး ရရှိဖို့ပါပဲ။
ဒါကြောင့် ကညောသူးလို ဖိနှိမ့်ခံ လူတန်းစားအားလုံး ပါးစပ်နဲ့ တောင်းလို့မရတဲ့ အဆိုပါ တန်းတူအခွင့်အရေးတွေကို အချိန်ကုန်ခံ လက်ဖြန့်တောင်းမနေကြတော့ပဲ စုပေါင်းတော်လှန်ဖို့ အချိန်တန်ပါပြီး။
တော်လှန်ရေးသစ္စာဖြင့်
အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment