Tuesday, January 4, 2011
မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှု ဖြစ်ပွား
Posted by
စနေမောင်မောင်
at
2:34 AM
ယနေ့မနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ UN ရုံးအရှေ့တွင် ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူမှာ ယခင် ဒီကေဘီအေ ၉၉၉ တပ်ရင်းမှ စောသံမဏိ ဆိုသူ ဖြစ်ပြီး ထိုင်းဆိုင်ကယ်တက္ကစီကို ငှားစီး၍ UN (မဲဆောက်) ရုံးရှေ့တွင် လက်ပစ်ဗုံးနှစ်လုံးအား စနက်တံ ဖြုတ်ကာ လက်တွင်ဆုတ်ကိုင်၍ ဆန္ဒပြခြင်းဖြစ်သည်။
(၁)၂၀၁၀ ရွေးကောက်ပွဲက တရားမမျှတဘူး
(၂) DKBA အား နယ်ခြားစောင့်အတင်းလုပ်ခိုင်းခြင်းအား မကြေနပ်ဘူး
(၃) (BGF)နယ်ခြားဒစောင့် တပ်ဖွဲ့ ဝင်အဖြစ်အတင်းစုဆောင်းခံရတဲ့ ကိစ္စကိုလက်မခံဘူး
(၄)မြန်မာပြည်နိုင်ငံရေးကိစ္စ ကို ယူအမ် ကသေချာရှင်းပေးဖို့  --အစရှိသည်တို့ ဖြစ်ပါသည်။
ထို့ အပြင် ထိုင်းအရာရှိများအား ထိုဆန္ဒပြရဲဘော်မှ ၄င်းအား အရေးယူမည်ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူပါရန် လည်းတောင်းဆိုခဲ့သည်။
ဆုံဆည်းရာမှကူးယူဖေါ်ပြသည်။၎ ရက် ဇန်န၀ါရီလ ၂၀၁၁
Subscribe to:
Post Comments (Atom)