ယမန်နေ့က ဝေါ်လေနဲ့ ပလောတပို့ ကြားနေ ရာမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ အဖွဲ့ က နအဖ စစ်တပ်ကို အလစ် အငိုက်ဖမ်းတိုက် ခိုက်ခဲ့လို့ နအဖ ဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း သေ့ဘောပိုးရွာနာမှာ စ ခန်းချထားတဲ့ နအဖ စစ်တပ်ကို ဒီကေဘီအေ ဘက်က ပြောက်ကျား တိုက်ခဲ့တဲ့အတွက် နအဖ ဘက်က ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်သတင်းစဉ် သတင်းများအရ ဒီနေ့မှာ လည်း ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေ သ ကနဲလေးစခန်းရှိ စကခ (၈) လက်အောက် ခံ ခမရ (၄၀၄) တပ်ရင်းကို KNLA တပ်ရင်း (၁၀၃) မှ ဒီနေ့နံနက်နဲ့ မွန်းလွဲပိုင်းမှာ နှစ်ကြိမ် ပြောက်ကျားနည်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ တယ်လို့ သိရှိရပါတယ်။ ဖေဖော်ဝါရီ ၃ ရက် နေ့နဲ့ ၄ ရက်နေ့တွေမှာလည်း ဒီအေဘီအေ ဗိုလ်မှူး ကျော်သက်အဖွဲ့က ဖလူးမှာရှိတဲ့ နအဖ လက်နက်ကြီးနေရာတွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။
ဝေါ်လေနဲ့ ဖလူး ဒေသတွေမှာ နအဖနဲ့ ဒီကေဘီအေ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ၂၀၁၀ နိုဝင်ဘာ ရ ရက်နေ့ကစလို့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကုန် အထိ ထိတွေမှု တိုက်ပွဲပေါင်း အကြိမ်ရေ ၈၅ ကြိမ်ကျော်ခန့် ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း နအဖ ဘက်က အသေ၊ ဒဏ်ရာပေါင်းက ၆၃၃ ဦးဖြစ်ပြီးတော့။ အဲဒီထဲက အသေ ၂၄၄ ဦး နဲ့ ထိခိုက်ဒဏ်ရာ ၃၈၉ ဦး ဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင်က ရရှိထားတဲ့ စာရင်းတွေထဲက ခန့်မှန်းပြောပြသွားပါတယ်။