သြစတြေးလျားနိုင်ငံ ဗစ်တိုရီးယားပြည်နယ် မဲဘုန်းမြို့ရှိ MKBA ကရင်ဘုန်းတော်ကြီးကျောင်း ဝေယျာဝစ္စအတွက် ရန်ပုံငွေဈေးရောင်းပွဲတခုကို လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ရက် (စနေနေ့)က ကျင်းပပြုလုပ်ခဲ့သည်။
ဈေးရောင်းပွဲကို မဲဘုန်းမြို့ ကရင်လူမျိုး အများအပြား စုပေါင်းနေထိုင်ရာ ဝေလဘီအရပ်ရှိ အဆိုပါ ကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဈေးရောင်းပွဲကို MKBA ဘုန်းတော်ကြီးကျောင်း လူငယ်များက ဦးစီး ကျင်းပခြင်း ဖြစ်ပြီး ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းလည်း ဖြစ်သည်။
အဆိုပါ ကရင်ဘုန်းတော်ကြီးကျောင်းကို ၂၀၀၉ခုနှစ် မတ်လ ၁၄ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိ ကရင်ဘုန်းတော်ကြီး ၃ပါး သီတင်းသုံးနေထိုင်လျှက် ရှိသည်ဟု သိရှိရသည်။
ဓါတ်ပုံ-နန်းပိုဒ်မူး