အရှေ့ပိုးကရင် တေးရေး ဆရာကြီး ခီသောင့် (အလှဒသန) ရေးသားထားတဲ့ လ၀်တ၀်တ၀် (တည့်တည့်ပြောမယ်) ဆိုတဲ့ သီချင်းကောင်း လေးတပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းဟာ အဖက်ဖက် ကနေ နောက်ကျ ကျန်ရစ်နေရတဲ့ မိမိကရင် အမျိုးသားတွေ အခြား လူမျိုးတွေနဲ့ ရင်မောင် တန်းနိုင်ဖို့အတွက် အိပ်မပျော်ကြပဲ အိပ်ရာကနေ နိုးထကြဖို့၊ စာပေမြင့်ရင် လူမျိုး တင့်မှာ ဖြစ်တဲ့ အတွက် မိမိစာပေ ယဉ်ကျေးမှုကို တတ်မြောက်အောင် ကြိုးစား သင်ယူပြီး ထိမ်းသိမ်းကြဖို့၊ တပါးသူရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့တွေကို အထင်ကြီး အတုယူ ၀တ်ဆင် တန်းဖိုးထား မယ့်အစား ကိုယ့်ရိုးရာ အ၀တ်အစား ယဉ်ကျေးမှုကို တန်းဖိုးထား ၀တ်ဆင်ပြီး မိမိအမျိုးကို ချစ်ကြဖို့၊ မိမိလူမျိုးထဲမှာ စာပေ၊ ယုံကြည်မှု ကွဲပြား နေကြတဲ့ အတွက် ကွဲပြားနေတဲ့ စာပေ၊ ယုံကြည် ကိုးကွယ်မှု တွေကို ပြန်ပြီး မပေါင်း မစပ်ကြရင် ကြာရင် ကွဲပြားသွား နိုင်တဲ့အတွက် ပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်ကြဖို့ စတဲ့ စာသားကောင်းတွေနဲ့ ဖွဲ့စည်း ရေးစပ်ထားတဲ့ အမျိုးသားရေး သီချင်းကောင်း တပုဒ်ဖြစ်ပါတယ်။ ဆက်လက်ရှူစား နားဆင်ပြီး သီချင်းထဲက စာသားတွေလို မိမိအမျိုးသား တိုးတက်ရေးအတွက် အုတ်တချပ် သဲတပွင့်နဲ့ ၀ိုင်းဝန်း မြင့်တင်ကာ သမိုင်းပေး တာဝန်ကို တဖက်တလှမ်းကနေ ထမ်းဆောင်ကြပါစို့။
Monday, March 21, 2011
Subscribe to:
Post Comments (Atom)