Saturday, July 16, 2011

ကျံင်သာမူး (ကျောင်းသူလေး)

ခေတ်မှီတဲ့ နိုင်ငံကြီးတွေမှာ ပဲဖြစ်ဖြစ်၊ မြို့ကြီး ပြကြီးတွေမှာပဲ ဖြစ်ဖြစ် ပညာသွား သင်နေသူတွေ အခြေချ နေထိုင်သွားသူတွေ ဒါမှမဟုတ် ခေတ္တသွားရောက် နေထိုင်သူတွေအတွက် ကိုယ့်ရိုးရာ ကိုယ့်ဘာသာစကား ကိုယ့်ဓလေ့ ထုံးတမ်းတွေကို မမေ့ဖို့ ဒီသီချင်းကနေ သီဆို သတိပေးထားတာ ဖြစ်ပါတယ်။ Karendy အဖွဲ့လို့ခေါ်တဲ့ ကရင်လူငယ်လေး တွေရဲ့ လက်စွမ်းလေး တခုပါ။ အဲဒီအဖွဲ့ထဲမှာ ထူးအယ်မူးလို့ခေါ်တဲ့ မောင်ချစ်သူ(ဒီကေဘီအေတပ်မှူးဟောင်း)ရဲ့ သားလည်း ပါဝင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနုပညာ ရှူထောင့်ကနေ ကြည့်မယ်ဆိုရင် အဆိုပါလူငယ်တွေရဲ့ ကြိုးစားအား ထုတ်မှုလေးတွေကိုတော့ မချီးကျူးပဲ မနေနိုင်ပါဘူး။ အထူးသဖြင့် ကိုယ့်ရိုးရာ ငါးပိရည်နဲ့ တာလပေါ့ဟင်း တွေကို မစားတတ်တော့ပဲ ချော့ကလက်တွေ၊ ဟန်ဘာကာတွေကို စားတတ်လာကြပြီး ကိုယ့်ဘာသာစကားကို မပြောမဆိုပဲ တခြားဘာသာစကားကို အထင်ကြီး ပြောဆိုနေတဲ့ ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေ သတိထားလာမိစေဖို့ ဒီသီချင်းကနေ မီးမောင်းထိုး ပြထားတဲ့ သီချင်းကောင်း တပုဒ်ဖြစ်ပါတယ်။ အားလုံး အောဆွန်းလာဆိုက်ပါ။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment