Tuesday, August 9, 2011

မောင်ချစ်သူရဲ့ မတည်တဲ့ သူ့ရဲ့ ကတိစကား

"ကရင်အချင်းချင်း တိုက်ပြီး သေဆုံးရတာ မြင်ရတော့ စိတ်မကောင်း ဖြစ်ရတယ်။ ဒီလို အချင်းချင်း တိုက်ခိုက်မှုတွေ သတ်ဖြတ်မှုတွေကို ဒီအချိန်ကစပြီး လုပ်တော့မှာ မဟုတ်ဘူး" အဲဒီစကားဟာ ယခင် ဒီကေဘီအေ တပ်မှူး တဦး ဖြစ်ခဲ့ပြီး လက်ရှိ ကရင်နယ်ခြားစောင့်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချစ်သူရဲ့ ပါးစပ်ဖြားကနေ ထွက်ကျလာတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။၂၀၁၀ ဇွန်လ ၂၆ရက်နေ့က တိုက်ပွဲကြောင့် သေဆုံးသွားရတဲ့ ဒီကေဘီအေ ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေရဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ အဆိုပါ စကားကို ဗိုလ်ချစ်သူ ပြော ကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

မောင်ချစ်သူနဲ့ သူရဲ့ အမာခံလူများ
(ရှေ့တန်း ၀ဲမှယာ-ဗိုလ်သူရိန်၊ ဗိုလ်ချစ်သူ၊ ဗိုလ်ကတုံး(ပျောက်ကြားဝတ်စုံ)နှင့် ဗိုလ်မောင်ဝင်း(ယာအစွန်)
အဆိုပါ အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်ခဲ့သူ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေ၊ ကျောင်းသား ကျောင်း သူ တွေနဲ့ ကရင်ပြည်သူ တသောင်းကျော်နဲ့ သေဆုံးသွားခဲ့ပြီးဖြစ်တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင် ၃၀၀ကျော်ရဲ့ အုတ်ဂူ ရှေ့မှာ ဗိုလ်ချစ်သူ ထိုကတိစကားကို ပြောဆိုသွား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကတိစကား ကြားရတဲ့ အခမ်းအနား တက်ရောက်ခဲ့ သူတွေရော အဝေးကနေ ကြားရသူ တွေပါ သောင်းသောင်းဖြဖြ ကြိုဆို ခဲ့ကြ သလို တဖက်မှာလည်း သူ့စကားနဲ့သူ ဘယ်လောက်ထိ အကောင် အထည် ဖော်နိုင်မလဲဆိုတာကို စောင့် ကြည့်နေခဲ့ကြပါတယ်။

အဲဒီလို စောင့်ကြည့်နေချိန် တနှစ်ကျော်အတွင်းမှာပဲ မောင်ချစ်သူရဲ့ အပြောနဲ့ အလုပ်က တဖြည်းဖြည်းနဲ့ ရုပ်လုံး ပေါ်လာတာကို တွေ့ရပါတယ်။ ယခုတော့ မောင်ချစ်သူဟာ မြ၀တီ၊ ကော့ကရိတ်၊ ဘုရားသုံးဆူနဲ့ မြိုင်ကြီးငူ ဒေသတွေမှာ လှုပ်ရှားနေတဲ့ ကိုယ့်ညီအစ်ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေကို စစ်ဆင်ရေး ပြန်လည် ပြုလုပ်မယ့် မြန်မာ အစိုးရတပ် တွေနဲ့ အပြည့်အ၀ ပူးပေါင်းဖို့ မြန်မာစစ် ဗိုလ်ချုပ်တွေကို ကတိပေးသွားခဲ့ပါပြီး။

ဘီဘီစီ သတင်းမှာတော့ စစ်ဆင်ရေးမှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမယ့် မောင်ချစ်သူရဲ့ ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်အင်အားမှာ ၂၀၀၀ခန့်ရှိတယ် ဆိုသော်လည်း မောင်ချစ်သူနောက် ဘယ်လောက်ထိ လိုက်ပါ လာကြမလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြရအုံးမှာ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ နယ်ခြားစောင့် တပ်တွေ ဟာ မောင်ချစ်သူနဲ့ ဆိုင်သာဆိုင်ပေမယ့် အားလုံးကိုတော့ ပိုင်နိုင်တော့မှာ မဟုတ်ပါဘူး။ အခြေအနေ တခုကြောင့်သာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဖြစ်ကြရသော်လည်း ကရင်ချင်း ပြန်လည် တိုက်ခိုက်ဖို့ စိတ်အားသန်ကြမှာတော့ မဟုတ်ပါဘူး။

ငါးစာသာမြင်ပြိး  ငါးမြားချိတ် မမြင်ပဲ အားရပါးရ မြိုချခဲ့ပြီးမှ ရုန်းထွက်လို့ မရနိုင်တော့ပဲ စည်းစိမ်၊ ပိုင်ဆိုင်မှုတွေ အတွက် မောင်ချစ်သူတယောက် မြန်မာစစ် ဗိုလ်ချုပ်တွေ ခိုင်းတိုင်း ဆက်လုပ်နေ အုံးမှာတော့ မြေကြီး လက်ခတ်မလွဲပါဘူး။  ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ ကိုယ်ကျိုးသမား မောင်ချစ်သူဟာ ကတိတွေကို လွယ်လွယ်ပေးပြီး လွယ်လွယ်  ဖျက်တာကတော့ သူ့အတွက် မဆန်းတော့ဘူးလို့ ထင်ပါတယ်။ ဒီတော့ ဘာစည်းစိမ်တွေမှ မပိုင်ဆိုင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ လက်တဆုတ်စာ လူတွေအတွက်နဲ့ အသေခံမလား မိမိအမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်ပြိး အသေခံမလား ဆိုတာ အားလုံး ချင့်ချိန်ကြဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။

အဲခေါင်သောင့်(သြဂုတ်လ ၉ရက်၊ ၂၀၁၁)

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment