သတင်းဆောင်းပါး--ဆား
၃၀ သြဂုတ်..၂၀၁၁။
2011-သြဂုတ်လ 20-ရက်နေ့ မှာ မဟာဗမာ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အစီစဉ်ကို ယခင် ကရင် ဒီကေဘီအေက လက်ခံဖွဲ့ စည်းခဲ့တာ တနှစ်ပြည့်ခဲ့ပါပြီ...ဗမာ စစ်အစိုးရရဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့  များအပေါ် နယ်ခြားစောင့်တပ် ဖွဲ့ စည်းရေး စီမံချက်ကို ဗမာစစ် အစိုးရအား ဈေးလုံးဝ မဆစ်ဘဲ ၀မ်းသာ အားရစွာ ပထမဆုံး လက်ခံကြို
ဆိုတာ ကရင် ဒီကေဘီအေ အဖွဲ့ ပါ။ နယ်ခြား စောင့်တပ် လက်ခံရေးအတွက် ဒီကေဘီအေရဲ့ အထူးညှိနှိုင်း စည်းဝေးပွဲတခုမှာ ``နိုင်ငံတော်က ကျနော်တို့  ဒီကေဘီအေ အဖွဲ့ တွေကို နယ်ခြားစောင့်တပ်ဖွဲ့ စည်းပြီး လက်နက်ကိုင် ခွင့်ပေးတာဟာ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ် ဆိုတဲ့ ကရင့်ခေါင်းဆောင် စောဘဦးကြီးရဲ့ မူနဲ့ ကိုက်ညီတဲ့အတွက် ကျနော်တို့ အတွက် တကယ့် မဟာအခွင့် အရေးကြီး ဖြစ်တယ်`` လို့ အူကြောင်ကြောင် အတွေးအခေါ်နဲ့ ပြောသွားပါတယ်။
နယ်ခြားစောင့် တပ်လက်ခံဖို့ စိတ်အား အထက် သန်ဆုံးသူ ဖြစ်တဲ့ ဒီကေဘီအေ အမှတ် (၉၉၉) တပ်ရင်းမှူး စောချစ်သူ ကတော့``နယ်ခြားစောင့်တပ် ဖွဲ့ စည်းဖို့ လိုအပ်တဲ့ အင်အားအ ရေအတွက် မပြည့်တဲ့ တပ်ရင်းတွေ အဲဒီတပ်ရင်းကို ဦးဆောင်တဲ့ တပ်ရင်းမှူးတွေ မိမိကိုယ်ကို တပ်ရင်းမှူး မလုပ်နဲ့ တော့``လို့  အခြား တပ်ရင်းမှူးများအား ခပ်ပြတ်ပြတ် လေသံနဲ့ ပြောဆိုသွားပါတယ်။ တကယ်တော့ နယ်ခြားစောင့်တပ်ကို ဒီကေဘီအေ တပ်မှူးတပ်သား အများက သဘောတူ လက်ခံတာ မဟုတ်ပါဘူး။ စောချစ်သူ ကတော့ တနင်္သာရီတိုင်း တလျှောက် အပါအ၀င် ကရင်ပြည်နယ် နယ်စပ်တကြောမှာ ကရင်နယ်ခြားစောင့် တပ် အင်ပါယာကြီး တည်ထောင်ဖို့  မဟာစိတ်ကူးယဉ် ကူးနေသူဖြစ်ပါတယ်။
တကယ့်လက်တွေ့ မှာရော ဘယ်လောက်ထိ မှန်းချက်နဲ့ နန်းထွက် ကိုက်ညီမှုရှိသလဲ ပြန်လည် ဆန်းစစ်ဖို့ လိုပါတယ်။..
စောချစ်သူရဲ့  ကရင်နယ်ခြားစောင့်တပ် တနှစ်ပြည့် အခမ်းအနားမိန့် ခွန်းထဲမှာတော့ ဒီကေဘီအေကနေ နယ်ခြား စောင့်တပ် ပြောင်းသွားတာ ပြည်သူတွေရဲ့ ထောက်ခံမှု လျော့ကျသွားတယ်လို့ ဆိုပါတယ်...ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့် ကျင်တဲ့ အလုပ်ကို သွားလုပ်မှတော့ ဘယ်သူက သွားထောက်ခံမလဲ...ဒါဆိုကိုယ့်ကို သိလျှက်နဲ့ ဘာကြောင့် ဆက်လုပ်နေရ တာလဲလို့ ကိုယ့်ကိုယ်ကို မပြန် မေးကြည့်မိဘူးလား....မဟာဗမာ စစ်ဗိုလ်ချုပ်တွေလိုဘဲ ပြည်သူရဲ့ ထောက်ခံမှုကို အတင်းအဓမ္မရအောင် လုပ်နေတာလဲ ကြားနေရပါတယ်... နယ်ခြားစောင့်တပ် တနှစ်ပြည့် အခမ်းအနားမှာ
ကရင်ပြည်နယ်က ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေ အစုံအလင် တက်ရောက်အောင် အာဏါကို သုံးပြီး လုပ်ဆောင် တယ်...ဒေသခံပြည်သူ တွေကတော့ မတက်မနေရ၊ မတက်တဲ့ အိမ်ထောင်စု ဘတ်ငွေ(500) ပေးဆောင်ရမယ်လို့ အကြပ်ကိုင်တာလဲ ကြားနေရပါတယ်။
နောက်တခုက ``ကျူးကျော်လာ သူမှန်သမျှ ချေမှုန်းဖို့ နယ်ခြားစောင့် တပ်ကိုဖွဲ့ စည်းရတာဖြစ်တယ်``လို့  တနှစ်ပြည့် အခမ်းအနား လက်ကမ်း စာစောင်မှာ တွေ့ နေရပါသေးတယ်။ ကျူးကျော်လာတဲ့ သူဟာဘယ်သူတွေလဲ...ကိုယ့်ရဲ့ ဘိုးဘွားပိုင်တဲ့ နယ်မြေတွေကို ကျူးကျော်ရန်စ လာသူ အစ်အမှန်ဟာ မဟာဗမာ စစ်ဝါဒီသမားတွေ ဘဲဆိုတာ မြင်တတ်ဖို့ လိုပါတယ်။.
ကရင် နယ်ခြားစောင့်တပ်ရဲ့ တနှစ်ပြည့် အခမ်းအနားမှာ သွားရောက်ခဲ့တဲ့ မဲဆောက်နေ ကရင်လူငယ် စောဒါးဒါးကတော့``ကျနော်တို့ ကတော့ ဟိုဘက်မှာသူငယ်ချင်းတွေရှိလို့ သွားလည်တာဘဲ နယ်ခြားစောင့်တပ် တနှစ်ပြည့် အခမ်းအနားနဲ့ လဲ တိုက်ဆိုင်တယ်ဆိုတော့...အဲဒီအခမ်းအနားကို သွားကြည့် ကြည့်တယ်...လုံခြုံရေးတွေ တော့အပြည့်ဘဲ စစ်ယူနီဖောင်းရော အရပ်ဝတ်နဲ့ ပါ...အားလုံး ဗမာတွေကြီးဘဲ...လက်နက်တွေ အပြည့်အစုံနဲ့ အဲဒီစစ် ယူနီဖောင်းဝတ်တွေ... ဗွီဒီယိုကင်မရာနဲ့ ဗမာ ထောက်လှမ်းရေးတွေလဲ အများကြီးဘဲ...အခမ်းအနားမှာ တက်ရောက်တဲ့ လူတယောက်ချင်းစီကို မှတ်တမ်း လိုက်ယူနေတယ်...သူတို့ လိုက်ယူတဲ့မှတ်တမ်းထဲမှာ ကိုယ့်ပုံမပါချင်လို့ လူအုပ်ကြီးတွေကြားထဲမှာဘဲ ကိုယ်လိုက်နေရတယ်....ကျနော်တို့ သွားတာ ကင်မရာနှစ်လုံး ယူသွားတယ် အကြီးတလုံးရယ် ရိုးရိုးအသေး တလုံးရယ်...ဒါပေမဲ့ အကြီးတလုံးကို မထုတ်ရဲဘူး ဗမာထောက်လှမ်းရေး ကင်မရာသမားတွေက အခြား ကင်မရာကြီးကြီး ကိုင်တဲ့သူ၊ ဗွီဒီယိုကင်မရာ သမားတွေကို ရွေးပြီး မှတ်တမ်းယူနေတယ်...အခမ်းအနားရဲ့ အပြင်ဘက်မှာ ကျနော်တို့ သူငယ်ချင်းတစု ကိုယ့်ဘာသာကိုယ် အမှတ်တရဓါတ်ပုံရိုက်တာတောင် သူတို့ လာစပ်စု ချင်သေးတယ်.``.လို့ ပြောသွား ပါသည်။
အခမ်းအနားမှာ လူဦးရေ သုံးထောင်ကျော်ခန့် တက်ရောက်ပြီး လက်နက်ကိုင် ယူနီဖေါင်းဝတ် လုံခြုံရေးတပ်(ဗမာ) သုံးဆယ်ကျော်ဝန်းကျင်က လွှဲပြီး ကျန်တဲ့ ယူနီိဖေါင်းဝတ်တွေကတော့ လက်နက်ဗလာနဲ့ တွေ့ ရပါတယ်။ အဲဒီလက်နက်မဲ့ စစ်ယူနီဖောင်းဝတ်တွေကတော့ စောချစ်သူက မဟာဗမာ စစ်ဗိုလ်ချုပ်တွေထံ လက်ညိုးထိုး ရောင်းစားလိုက်တဲ့ ကရင်နယ်ခြား စောင့်တပ်သားတွေဘဲဖြစ်ပါတယ်။ အဲဒီနယ်ခြားစောင့်တပ်သားတွေ စစ်ရေးပြ အခမ်းအနားလုပ်တော့ လက်နက်မဲ့နဲ့ ပြရတယ်၊။ ကရင့်စစ်သားတွေ ကေအင်န်ယူ၊ဒီကေဘီအေ ဘ၀တုံးက စစ်ရေးပြ အခမ်းအနားလုပ်တာ အမြဲတမ်းလက်နက်ပါတယ်။ ဒီနယ်ခြား စောင့်တပ်ဘ၀ရောက်မှ လာပြီးတော့ လက်နက်မဲ့ဖြစ် နေရတယ်၊ အခမ်းအနားမှာ ဗမာစစ် ဗိုလ်ချုပ်တချို့ တက်ရောက်တော့ သူတို့ တွေ အကြောက်လွန် ရောဂါကြောင့်ဖြစ်မှာပါ။
အခမ်းအနားမှာ နာမည်ရ ကရင်အဆိုတော်တွေကို နည်ခြားစောင့်တပ်ဝတ်စုံ ၀တ်ခိုင်းပြီး ဗမာစစ်အရိုးရရဲ့ အာဘော်အတိုင်း ပေါ်လစီသီချင်းတွေ စင်ပေါ်တက်ဆိုခိုင်းပါတယ်။ စောချစ်သူက အနုပညာဝါသနာပါပြီး အဲဒီအဆိုတော်တွေကလဲ စောချစ်သူနဲ့ မကင်းရာမကင်းကြောင်းတွေ ရှိတယ်လို့ ကြားရပါတယ်။``ဒီအဆိုတော်တွေက ကျတော်ကြိုက်တဲ့ အဆိုတော်တွေပါ...ဒီနယ်ခြားစောင့်တပ် ၀တ်စုံဝတ်ပြီး သီချင်းဆိုတာ တွေ့ ရတော့ အိမ်မှာရှိတဲ့ သူတို့ သီချင်းစီဒီခွေ တွေကိုတောင် ကောက်ပစ်ချင် စိတ်ပေါက်လာတယ်``ဟု ကရင်လူငယ်လေး စောအဲဆိုက ပြောသွားပါတယ်။
နယ်ခြားစောင့်တပ် တနှစ်ပြည့် အခမ်းအနားတွင် စောချစ်သူမိန့် ခွန်း တက်ပြောရာမှာ ကရင်အင်္ကျီလဲမ၀တ်၊ ဒီကေဘီအေ ၀တ်စုံလဲမ၀တ်တော့ နိုင်ငံခြားသား ၀တ်စုံနဲ့ ဗမာစကား သာပြောတော့သည်။ သူအနားမှာတော့ ဗမာလုံခြုံရေး တပ်သားတွေက အနည်းဆုံး နှစ်ယောက်၊သုံးယောက်အမြဲရှိတာ တွေ့ ရသည်။
------------------------------
ယခု အခမ်းအနားကျင်းပရာ ရွှေကုက္ကိုကျေးရွာဟာ ယခင်က ကရင်လူမျိုးများအများစုနေထိုင်
ကြပြီး ကရင့်ရိုးရာယဉ်ကျေးမှု ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ကြတယ် ။ နောက်ပိုင်းမှာ ဗမာအပါအ၀င် အခြား တိုင်းရင်းသားများပါ လာရောက် အခြေချနေထိုင်ကြပါတယ်။ ဒီကေဘီအေမှ နယ်ခြားစောင့်တပ် လက်ခံပြီးသည့် နောက်ပိုင်းမှာတော့ ကျေးရွာ၊ရပ်ကွက်အုပ်ချုပ်ရေး၊ လုံခြုံရေး၊ သါမန်ရပ်ရေးရွာရေးကအစ ဗမာအာဏါပိုင်၊ ထောက်လှမ်းရေးများက လာရောက် နေရာယူချယ်လှယ်ကြပါတယ်။ ဒေသခံတွေ အချင်းချင်း စကားပြောတာ အရင်ကလိုမျိုး ပွင့်ပွင့်လင်းလင်းမပြောရဲကြတော့...သတိနဲ့ ဆင်ခြင်ပြောနေရတယ်။ ငှင်းကိစ္စနှင့် ပါတ်သက်ပြီး ဗိုလ်မှုးချစ်သူရဲ့ အကြံပေးပုဂိုလ်တဦးက`` ဟုတ်ပါတယ်...အခုရွှေကုက္ကိုကျေးရွာက (ရန်သူ) ဗမာတွေ အကုန်လုံး လာရောက်ချယ်လှယ်လိုက်ပြီ..အရင်က စောချစ်သူဆီ အချိန်မရွေးဝင်ထွက်သွားလာလို့ ရတယ်... အခုနောက်ပိုင်း ရာသီဥတု အခြေအနေကို ကြည့်ပြီးမှသွားလို့ ရတယ်`` ဟု အခြေအနေကို သုံးသပ်ရှင်းပြသွားပါတယ်။
စောချစ်သူရဲ့ ယခုလက်ရှိအနေအထားဟာ ဆုပ်လဲဆူး စားလဲရူးဖြစ်နေတဲ့မလူးသါမလွန့် သါအနေအထားတွင်ရောက်ရှိနေတယ်ပါတယ်၊ ယခင်(၉၉၉)ဒီကေဘီအေတပ်သားတွေနဲ့ မိမိကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ရွေကုက္ကိုကျေးရွာကို ရန်သူဗမာတွေလက်ထဲ ထိုးအပ်ပြီး မိမိဖါသာ မီလျှံနာသူဌေးတဦးအနေဖြင့် နေချင်တယ်။ပြီးတော့သူဝါသနာပါရာတခုတခုကို လုပ်ချင်တယ်။ ဒါပေမဲ့ သူများ ထမင်းကိုစားရင် သူများခိုင်းတာကို လုပ်ရမယ် ဆိုတဲ့စကားအတိုင်း ဗမာစစ်ဗိုလ်ချုပ်တို့ ရဲ့  စေခိုင်းချက်ကို သူမလွန်ဆန်နိုင်ပါ။ နယ်ခြားစောင့်တပ် နာယကအကြံပေးသူတဦးဖြစ်သော်လဲ အရေးအကြောင်းကြုံရင် ဗမာစစ်ဗိုလ်ချုပ်တွေက သူ့ ကိုထုတ်သုံးတယ်။ သူမိုက်တွင်း နက်မြဲဆက်နက်နေဦးမည်။ ငရဲပြည်သို့ သွားဖို့ အတွက် အခြားမသိနား မလည်သည့် ကရင်လူမျိုးများကိုပါ လိုက်ပြီး သေဖေါ်ညှိနေသည်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ စည်းခဲ့တဲ့ တနှစ်အတွင်းမှာ ဗိုလ်စောဘိဦးဆောင်တဲ့အဖွဲ့ ကြီးခွဲထွက်မှုအပါအ၀င်၊ တဦးချင်းအလိုက် အုပ်စုအလိုက်များစွာခွဲထွက်မှု နဲ့ အချို့ ကျဆုံးသွားတဲ့လူတွေကြောင့် ရာပေါင်းများစွာ အင်အားလျော့နည်းသွားပြီးဖြစ်ပါတယ်။ ဒီလိုလျော့ကျသွားတဲ့အင်အားတွေကြောင့် နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေ အမျိုးမျိုး ဖိအားပေးခံနေရပါတယ်။ တကယ်တော့နယ်ခြားစောင့်တပ်သားတွေလဲ ဗမာ့တပ်မတော်အောက်ခြေတပ်သားတွေနဲ့ ဘာမှမကွာပါဘူး...ခေါင်းဆောင်တွေက ကောင်းစားပြီး အောက်ခြေတပ်သားတွေက ငတ်ပြတ်နေပါတယ်...ဗမာ့တပ်မတော်အောက်ခြေတပ်သားတွေ ငတ်ပြတ်မှုကြောင့် ရှေ့ တန်းနယ်မှာ သီချင်းတပုဒ်တောင် တွင်လိုက်ပါသေးတယ်။ ``ဗမာ့တပ်မတော်သားများ....အမိုးကြက်ကိုခိုးစား...ဖါ့ထီးခွေးကိုခိုးစား...ဓါးမ ကြီးနဲ့ လိုက်ပြီးခုတ်တော့ ထွက်ပြေးကြတယ်....ဗမာ့တပ်မတော်များ```....ဆိုတဲ့သီချင်းပါဘဲ....အခုလဲ ကရင်နယ်ခြားစောင့်တပ်တွေ လဲ...အဲဒီလိုဖြစ်နေပါပြီး...
စောချစ်သူရဲ့ လုပ်ရပ်ကိုစောင့်ကြည့်နေ
သည့် အနှောက်သန်သည့်ကရင်လူငယ်တယောက်က`` မောင်ချစ်သူက ယခုလက်ရှိအခြေအနေထိ ဘယ်တင်းတိမ်အုံးမလဲ သူဆက်လက်ပြီးကျော်ကြားချင်လို့ ရုပ်ရှင်သရုပ်ဆောင်ဘက်ကို လှည့်ဖို့ တာဆူနေတယ် ဒါပေမဲ့ဒီသူက ဒရာမာလိုင်းဘက်တော့မရဘူးဆိုတာသူ့ ကိုယ်သူသိတယ်လေ ဒါကြောင့်မို့  သူ ဗေလုဝကိုအားကျတယ် အခုဗေလုကိုဆရာတင်ဖို့ လုပ်နေတယ်...အေး ..သူ့ စတိုင်ကလဲ ဗေလုဝနဲ့ မတိမ်းမယိမ်းဘဲလေ`` လို့ ဟာသနှောပြီးပြောသွားတော့ ရယ်ရမှာလဲ ခပ်ခက်ခက်ဖြစ်နေပါတယ်။
ကရင်နယ်ခြားစောင့်တပ် တနှစ်ပြည့်အခမ်းအနားကို သွားရောက်ခဲ့တဲ့ ဦးစောခလိုင်ကတော့``ရန်သူက ကိုယ့်အိမ်မှာလာတက်နေပြီး လုပ်ချင်တိုင်းလုပ်နေတယ်...ကျနော်တို့ ကရင်လူမျိုးတွေ တိဘက်ကုန်းပြင်မြင့်ကနေ မြန်မာပြည်ကိုတဖြည်းဖြည်းနဲ့ ပြောင်းရွေ့ လာတယ်...မြေပြန့် ဒေသမှာ အနိုင်ကျင့်စော်ကားတဲ့သူများတယ်၊ရှုပ်တယ်ဆိုပြီး တောတွေကိုခုတ်ထွင်ရှင်းလင်းပြီး ရွာတွေတည်ပြီးနေကြတယ် ။ အခုလဲ လာပြန်ပြီ ...အခုရွေကုက္ကိုရွာတို့ လိုမျိုးနေရာမှာ တောတွေကိုခုတ်ထွင်ရှင်းလင်းပြီးတော့နေကြတယ်....အခုလဲ ရန်သူတွေကလာရှုပ်ပြန်ပြီး...ဒီတခါတော့ နေရာပြောင်းရွေ့ နေထိုင်ဖို့  ခုတ်ထွင်စရာတောအသစ်တွေလဲမရှိတော့ဘူး..ပြေးစရာမြေလဲမရှိတော့ဘူး....``. ဟု.သက်ပြင်းရှည်ကြီးချပြီး ပြောသွားပါတယ်။
တကယ်တော့လဲ ဟုတ်ပါတယ်။ လောဘကို အတောမသတ်နိုင်တဲ့ ရန်သူမဟာဗမာစစ်မိတ္ဆာတွေကတော့ ကောက်ကျစ်မှုနည်းပေါင်းစုံသုံးပြီး တိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို အဓမ္မစိုးမိုးချယ်လှယ်နေတာ နှစ်ပေါင်းအတော်ကြာနေပါပြီ...ဆက်လက်၍လည်းလုပ်ဆောင်နေအုံးမှာပါ။