Saturday, August 6, 2011

ဒီကေဘီအေ ခွဲထွက်အဖွဲ့ကို ခြေမှုန်းမည်

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ မြ၀တီ၊ ဘုရားသုံးဆူ မြို့နယ်တွေနဲ့ မြိုင်ကြီးငူဒေသတွေက ဒီကေဘီအေ ခွဲထွက်အဖွဲ့တွေကို မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတယ်လို့ နယ်စပ်က လာတဲ့ သတင်းတွေအရ သိရပါတယ်။

ဒေသ၄ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၊ ညှိနှိုင်းေ၇းမှူး ဗိုလ်ချုပ် လှဌေးဝင်း၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းတို့နဲ့ ကရင်နယ်ခြား စောင့်တပ်က ဗိုလ်မှူးကြီး ချစ်သူ ဦးဆောင်တဲ့ ဗိုလ်ကတုံးအဖွဲ့တို့ ကော့ကရိတ် အခြေစိုက် စစ်ဗျူဟာ ကွပ်ကဲရေး ဌာနချုပ် (စကခ၁၂)ရိပ်သာမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြ တယ်လို့ ဆိုပါတယ်။ 

ဆွေးနွေးရာမှာ ဒီကေဘီအေကို စစ်ဆင်တိုက်ခိုက်ဖို့ ကရင်နယ်ခြား စောင့်တပ်က မြန်မာ အစိုးရတပ် တွေနဲ့ အပြည့်အ၀ ပူးပေါင်းသွားမယ်လို့ ကရင်နယ်ခြား စောင့်တပ်ဖွဲ့တွေကို ဦးဆောင်တဲ့ ဗိုလ်မှူးကြီး စောချစ်သူက မြန်မာစစ် ဗိုလ်ချုပ်တွေကို ကတိပေးခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ နိးစပ်သူတဦးက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေဖက်ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ မြန်မာအစိုးရတပ်နဲ့ ပူးပေါင်းမယ့် ကရင်နယ်ခြားစောင့်တပ် ၂၀၀၀ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

ဒီအဖွဲ့တွေဟာ မြ၀တီကော့ကရိတ်ကြား အဝေးပြေး ကားလမ်းပေါ်ကို မကြာခဏသွားပြီး လှုပ်ရှားကြသလို မြိုင်ကြီးငူ၊ ဘုရားသုံးဆူနဲ့ မြ၀တီမြို့ရဲ့ လုံခြုံရေးကို လည်း ခြိမ်းခြောက် နေတာကြောင့် မြန်မာအစိုးရက အခုလို မိုးတွင်းမှာ စစ်ဆင်ေ၇းလုပ်ဖို့ ဖြစ်နိုင်တယ်လို့ ထိုင်းနယ်စပ် လုံခြုံေ၇း တာဝန်ရှိသူတဦးက ဆိုပါတယ်။

ဘီဘီစီ
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment