Friday, August 19, 2011

DKBA မြို့တွင်းတိုက်ပွဲတွေ ဆင်နွှဲမယ်


တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့ဟာ လာမယ့် ပွင့်လင်းရာသီမှာ မြန်မာအစိုးရတပ်တွေရဲ့ ထိုးစစ်တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ကရင်ပြည်နယ်အတွင်းမှာ မြို့တွင်းတိုက်ပွဲတွေ ဆင်နွဲသွားမယ်လို့ ဒီလ ၁၄ ရက်နေ့က ကော့ကရိတ်မြို့နယ်အတွင်းမှာ ပြုလုပ်တဲ့ တပ်မှူးများဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တယ်လို့ စစ်ဆင်ရေးမှူးတဦးဖြစ်တဲ့ စောဆန်းအောင်က ဧရာဝတီကိုပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ DKBA တပ်မဟာ ၅ ရဲ့ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်းမွေးနဲ့ တပ်မှူးတွေအားလုံး တက်ရောက်ခဲ့ကြပြီး သူတို့အဓိက ထိုးစစ်ဆင်မှာကတော့ ကော့ကရိတ်၊ မြ၀တီနဲ့ လှိုင်းဘွဲမြို့နယ်တွေဖြစ်တယ်လို့ ပြောပါတယ်။ 



သူတို့ပြောတာကတော့ မြန်မာအစိုးရက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မဖြေရှင်းသရွှေ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိ DKBA တပ်မဟာ ၅ မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ရခိုင်လူငယ်တပ်ဖွဲ့ ၀င်တွေ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့လည်း ဗိုလ်မှူး ဆန်းအောင်က ပြောပါတယ်။

(ဓာတ်ပုံ-သတင်း - ဧရာဝတီ)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment