လာမယ့် စက်တင်ဘာ ၂၁ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကေအဲန်ယူမှ တရက်တာ အပစ်အခတ် ရပ်စဲသွားမည်ဟု ကေအဲန်ယူ ဗဟို ဌာနချုပ်မှ ယခုလ ၁၅ရက်နေ့မှာ ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ကြေညာချက်ထဲတွင် ကုလသမဂ အဖွဲ့အစည်းကြီးမှ ပြဌာန်း သတ်မှတ်ထားတဲ့ ကမ္ဘာ့ငြိမ်း ချမ်းရေးနေ့ကို အသိအမှတ်ပြု လေးစားတဲ့အနေနဲ့ စက်တင်ဘာ ၂၁ရက်နေ့မှာ တရက်တာ အပစ်အခတ် ရပ်စဲသွားမည် ဖြစ်ပါတယ်။
ဒါအပြင် သိန်းစိန်အစိုးရအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ၄င်းရဲ့ စစ်တပ်ကို တရက်တာ အပစ်အခတ်ရပ်စဲရေး အမိန့် ထုတ်ပြန်ပေးဖို့လည်း တိုက်တွန်း နိုးဆော်ထားပါတယ်။
အဆိုပါနေ့မှာ သိန်းစိန်စစ်တပ်မှ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို အသိအမှတ်မပြုဘဲ လှုပ်ရှားမှုတွေ ပြုလုပ်လာပါက ကိုယ့်ကိုယ်ကို ကာကွယ်ရန်နဲ့ လူထုကို ကာကွယ်ရမည်ဟုလည်း အဆိုပါ ကြေညာချက်ထဲတွင် ပါရှိပါတယ်။
Friday, September 16, 2011
Subscribe to:
Post Comments (Atom)